Monday, March 23, 2015

အလှူခံမဏ္ဍပ်တွင် အလှူခံနေသည့်အမျိုးသမီး ဆိုင်ကယ်တိုက်ခံရပြီးသေဆုံး ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment


အလှူခံမဏ္ဍပ်တွင် အလှူခံနေသည့်အမျိုးသမီး ဆိုင်ကယ်တိုက်ခံရပြီးသေဆုံး
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင် မတ်လ ၂၃ ရက်က အလှူခံမဏ္ဍပ်တွင် အလှူခံနေသည့် အမျိုးသမီးတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီးသေဆုံးခဲ့ကြောင်း ပြည်အမှတ်(၃)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ပိုက်ဆံပြေးကောက်ရင်းဆိုင်ကယ်တိုက်ခံရတာပါ” ဟု ပြည်အမှတ်(၃)ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ဆိုသည်။
ထိုနေ့ မနက်၁၀နာရီက ပြည်-အောင်လံကားလမ်း မြောင်းငယ်လှကျေးရွာထိပ် အလှူခံမဏ္ဍပ်တွင် အလှူခံနေသူ အသက်(၅၃)နှစ်အရွယ် ဒေါ်စန်းဝင်း ဆိုသူအမျိုးသမီးကို အောင်လံဘက်မှ ပြည်ဘက်သို့မောင်းနှင်လာသည့် ၁၀ယ/....... LOUJIA-110 နက်ပြာရောင်ဆိုင်ကယ်က ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ်အတိုက်ခံရသူ ဒေါ်စန်းဝင်းသည် နှာခေါင်းသွေးထွက်ဒဏ်ရာ ယာဂျိုစောင်း ဖူးယောင်ဒဏ်ရာ များရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင်ဖော်ပြထားသည်။
အကြောင်းအရာကိစ္စနှင့်ပတ်သတ်ပြီး ဆိုင်ကယ်ယာဉ်မောင်း ကိုဇော်ထွန်း(၃၅)နှစ်ကို ပြည်အမှတ်(၃)ရဲစခန်း တွင် ယာဉ်(ပ)၇/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883



0 comments:

Post a Comment

Facebook Like Page