Monday, March 23, 2015

အို့အို့ ဟု ကြွေးကြော် ဆန္ဒပြသူများ ကို ပုဒ်မ(၁၉)ဖြင့်အမှုဖွင့် ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

အို့အို့ ဟု ကြွေးကြော် ဆန္ဒပြသူများ ကို ပုဒ်မ(၁၉)ဖြင့်အမှုဖွင့်
 ပြည့်သဲမောင်(ပြည်) 09 4236 71883
နိုင်ငံတော်အကြီးအကဲများကို အို့အို့ဟု ကြွေးကြော်သံများကို အသုံး
မပြုရန်စစ်အာဏာရှင်ဟူသောစကားရပ်ကိုသုံးစွဲခဲ့သည့်အတွက်ဆန္ဒပြခဲ့သူ ခေါင်းဆောင် နှစ်ဦးကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်  ပြည်မြို့မရဲစခန်းက (ပ)၂၀၅/၂၀၁၅ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

ဒီမိုကရေစီ ပညာရေးအတွက် သပိတ်မှောက်တိုက်ပွဲဝင်ရင်း အကြမ်း
ဖက်ဖြိုခွင်းခဲ့မှုအား ကန့်ကွက်ရှုတ်ချခြင်းနှင့်သုံးစားမရသောအစိုးရ
နုတ်ထွက်ပေးရေးအတွက် ရည်ရွယ်၍ မတ်လ (၁၉)ရက်နေ့တွင်စာတင်ပြီး (၂၁)ရက်နေ့ ညနေ(၄း၀၀)အချိန်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုသို့ဆန္ဒထုတ်ဖော်မှုတွင်နိုင်ငံတော်အကြီးအကဲများကို အို့အို့ဟု
ကြွေးကြော်သံများကိုအသုံးမပြုရန် နှင့်စစ်အာဏာရှင်ဟူသောစကား
ရပ်ကို မသုံးစွဲရန် ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင်ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည်။မတ်လ ၂၁ ရက်နေ့ကဗိုလ်ချုပ်ကျောက်ရုပ်တွင် “သိန်းစိန် သိန်းစိန် အို့ အို့” “ဥာဏ်ဝင်း ဥာဏ်ဝင်း အို့အို့ ” “သက်ထွန်း သက်ထွန်း အို့အို့” “၀င်းစိန် ၀င်းစိန်အို့အို့”စသည့်ကြွေးကြော်သံများကို ကြွေးကြော်
ဆန္ဒပြခဲ့သဖြင့် ရဲတပ်ဖွဲ့က၄င်းကြွေးကြော်သံကို မကြွေးကြော်ရံတားမြစ်ခဲ့
သည်။

ထိုသို့ရဲတပ်ဖွဲ့က ကြွေးကြော်ဆန္ဒပြမှု ကိုလည်း သွားရောက်တားမြစ်ခဲ့သော်
လည်းဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်ခဲ့သည့်အတွက် ခွင့်ပြုမိန့်လျှောက်ထား
ရာတွင် ခွင့်မပြုသောကြွေးကြော်သံများပါသဖြင့် ကိုဝင်းလှိုင် ၊ကိုကျော်ဆွေ
တို့နှစ်ဦး ကို အမှုဖွင့်ရခြင်းဖြစ်ကြောင်းမတ်လ ၂၂ ရက်နေ့တွင် အမှုဖွင့်ခံရ
သူနှစ်ဦးကို ပြည်မြို့မရဲစခန်းက ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံပေးလိုက်ပြီဖြစ်
ကြောင်းလဲ သိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883


0 comments:

Post a Comment

Facebook Like Page