Saturday, August 2, 2014

ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့မှ ဇူလှိုင်​လအတွင်း အများပြည်သူ အကျိုးပြုလုပ်​ငန်းများလုပ်​​ဆောင်​ခဲ့မှု သတင်းအကျဉ်းနှင့်​ မှတ်​တမ်းဓါတ်​ပုံများ

Leave a Comment
ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့မှ ဇူလှိုင်​လအတွင်း အများပြည်သူ အကျိုးပြုလုပ်​ငန်းများလုပ်​​ဆောင်​ခဲ့မှု သတင်းအကျဉ်းနှင့်​ မှတ်​တမ်းဓါတ်​ပုံများ *******************************************************




 ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့ တပ်​ရင်းရုံး
ပြည်​မြို့နယ်​ အရန်​မီးသတ်​ ဒုတိယတပ်​ရင်းမှုး၏လမ်း ညွန်​မှု၊ အနီးကပ်​ကွက်​ကဲမှု တပ်​ဖွဲ့ဝင်​များရဲ့စိတ်​​စေတ နာ​ကောင်းတို့ဖြင့်​ အများပြည်​သူအကျိုးပြုလုပ်​ငန်း - ကယ်​ဆယ်​​ရေး လုပ်​ငန်း​တွေမှာ မီးငြိမ်းသတ်​​ရေးက လွဲပြီး ကယ်​ဆယ်​​ရေးပစ္စည်း မပြည့်​စုံတဲ့ကြားကဇူလှိုင် လအတွင်း ကူညီ၊ရှင်းလင်း၊ ကယ်​ဆယ်​ခဲ့သည်​များ....
ပြည်​မြို့နယ်​အရန်​မီးသတ်​ တပ်​ဖွဲ့ ဇူလှိုင်​လ (၅) ည (၇း၃၀)နာရီဝန်​ကျင်​...... ************************************** ၆၆၀၀၀ဗို့ အားရှိ့ 11 kv ဓါတ်​အားကြိုး ​ အောင်းဆန်း ပြည်​သာယာ ကွက်​သစ်​ အတွင်း လူသွားလမ်း​ပေါ် ၀ါယာ​ရှော့ဖြစ်​ မီး​လောင်​ပြတ်​ကျ သ​န္ဒေနှင့်​ အရန်​ မီး သတ်​တပ်​ဖွဲ့ဝင်​များ ​ရောက်​ရှိ့ ငြိမ်းသတ်​ လုံခြုံ​ရေးယူ
ဇူလှိုင်​လ(၁၄)ရက်​ ပြည်​မြို့နယ်​အရန်​မီးသတ်တပ်​ဖွဲ့​ ****************************************************** ပြည်​အရန်​မီးသတ်​ တပ်​စု(၅၀) ခရမ်းကုန်းတပ်​ဖွဲ့ သည်​ မိမိ​ နယ်​​မြေ ဖြစ်​​သော ခရမ်းကုန်းရပ်​ကွက်​ အချို့​နေရာ များတွင်​ ​မြောင်း​ရေလျှံ၍ လူသွားလမ်းအားေ ရများဖုံး အုပ်​လာသဖြင့်​ ရေကြီး​ရေလျှံခြင်းမရှိရ​အောင်​နေ့လည်​ (၂)နာရီမှ စတင်​ကာ​ ​ရေ​မြောင်းများအားည​နေ(၆)နာရီ ထိ တပ်​ခွဲမှုး၊တပ်​စုမှုးတို့ ဦးေ​ဆောင်​ကာ ​ ရှင်​လင်း​ ဆောင်​ရွက်...
ဇူလှိုင်​လ(၁၇)ရက်​ ပြည်​မြို့နယ်​ အရန်​မီးသတ်​တပ်​ဖွဲ့ ******************************************************* ပြည်​မြို့ ရုံးလမ်းနှင့်​ ကုန်​သည်​လမ်း​ထောင့်​လမ်း​ဘေး တွင်​ဖွင့်​ထားသည့်​စက်​ဘီးပြင်​ဆိုင်​ အနီးတွင်​ရှိ့ ​သော သက်​တမ်းရင့်​ ခ​ရေပင်​သည်​ နံနက်​ (၉း၀၀)၀န်းကျင်​ တွင်​ အမြစ်​မှလန်​ကာ ကတ္တရာလမ်း​ပေါ်သို့လဲကျလာ သဖြင့်​ သ​န္ဒေ၊အ ရန်​မီးသတ်​နှင့်​စည်​ပင်​ ပူး​ပေါင်းရှင်း လင်​ဖယ်​ရှား...
ဇူလှိုင်​(၁၈)ရက် ပြည်​မြို့နယ်​အရန်​မီးသတ်​တပ်​ဖွဲ့​ ****************************************************​ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ တစ်​ဦးဖြစ်​​သော တပ်​ခွဲ(၅) တပ်​စု(၂၂) တပ်​ကြပ်​​ကျော်​စိုးဦး (၃၇)နှစ်​နာ​ရေးဖြစ်​ သဖြင့်​ ကျန်​ရစ်​သူ ဇနီး မတင်​တင်​ချိုအား နာရေး ​ထောက်​ပံငွေ (တစ်​သိန်း)ကျပ်​အားဒုတိယတပ်​ရင်း မှုးနှင့်​အဖွဲ့မှ ကျန်​ရစ်​သူဇနီးအား​ပေးအပ်​..
ဇူလှိုင်လ(၂၃)ရက် ပြည်​မြို့နယ်​အရန်​မီးသတ်​တပ်​ဖွဲ့​ ****************************************************** ပြည်​မြို့ ​ကန်းနားလမ်း ခေတ္တရာ ဧရာပန်းခြံအတွင်း ရှိ့  စိန်းပန်းပင်​သည်​ ​နေ့လည်​(၁း၄၀)နာရီ ၀န်းကျင်​ ခန့်​တွင်​ လူသွားလူလာများ​သော ကတ္တရာလမ်း​ပေါ် သို့လဲကျလာ သဖြင့်​ သ​န္ဒေ ၊အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ များ သွား​ရောက်​ရှင်းလင်း​ဆောင်​ရွက်​ခဲ့သည်​။
ဇူလှိုင်​လ (၂၄)ရက် ပြည်​မြို့နယ်​ အရန်​မီးသတ်​ တပ်​ဖွဲ့​ ********************************************************* ပြည်​မြို့ န၀​ဒေးရပ်​ကွက်​ ​အောင်​​တော်​မှုဘုရားအနီး ရှိ့ ဦး​အောင်​နု(ခ)ဦးနု​ဆွေ ပိုင်​ ငါးပိစက်​ရုံတွင်​ ည​နေ (၄း၃၀) နာရီ ၀န်​ကျင်​ခန့်​မှာ အဆိုပါစက်​ရုံရှိ့  လုပ်​ သား​ တစ်​ဦးဖြစ်​​သော ကိုသန့်​ဇင်​ထွန်း (ဘ) ဦး​အေး ထွန်းအသက်​(၂၉)နှစ်​သည်​ငါးပိနယ်​၍ကြိတ်​စက်​အ တွင်း ထိုးသွင်း​နေစဉ်​ ညာဘက်​လက်​မှာ အရှိန်​လွန်​ ကာကျွန်​၀င်​သွားသဖြင့်​လက်​​ချောင်းငါး​ချောင်းအပါ ၀င်လက်​​ကောင်​၀တ်​ထိစက်​အတွင်းညှပ်​မိ​နေသည့်​ ဖြစ်​စဉ်​ဖြစ်​ပွါးခဲ့သည်​။ အဆိုပါဖြစ်​ရပ်​အား စက်​ရုံအ တွင်း​ဖြေရှင်း​နေရာ မရသည့်​အဆုံး မိုး​မေတ္တာ လူမှု ​ရေးအဖွဲ့Ambulance နှင့်​​ဆေးအဖွဲ့အား ည​နေ (၅း ၄၅)၀န်းကျင်​တွင်​ဆက်​သွယ်​ အ​ကြောင်းကြားခဲ့သ ည်​၊ထိုမှတဆင့်​ ရှာ​ဖွေကယ်​ဆယ်​​ရေးအတွက်​ မီး သတ်​တပ်​ဖွဲ့(သ​န္ဒေ)၊ အရန်​မီးသတ်​(တပ်​ရင်းရုံး)တို့ အား ဆက်​လက်​ အ​ကြောင်းကြားရာ မိနစ်​ပိုင်း အ တွင်း​ရောက်​ရှိ​နေရာယူကာ အဆိုပါညှပ်​​နေ​သော လက်​အား ကြိတ်​စက်​အတွင်းမှ အမြန်​ဆုံးဖယ်​ ထု တ်​ရန်​အတွက်​ မီးသတ်​တပ်​ဖွဲ့ဝင်​များ မိုး​မေတ္တာ​ မှ ​ဆေးအဖွဲ့​များ မိဘ​​ဂုဏ်​ရည်​​မော်​​တော်​ကား work shop မှ ကိုကုလားကြီး နှင့်​အဖွဲတို့ ၀ိုင်းဝန်​ကြိုးစား ကြရာ ည (၈း၃၅)နာရီ တွင်​ စက်​ထဲမှ ညှပ်​​နေ​သော လက်​အား ​အောင်​မြင်​စွာအပြင်​သို့ထုတ်​နိုင်​ခဲ့သည်
အထက်​ပါ သတင်းများကို အကျယ်​တပွင့်​ဖတ်ချင်​ သူများ ​လေ့လာ​ဝေဖန်​ အကြံပြုလိုသူများ အား.. Online လိပ်​စာ မှာ......... Blogger..pyayvolunterfirefighter Facebook Page; ပြည်​အရန်​မီးသတ်​တပ်​ရင်းရုံး ​ ​ကျော်​ကြီး တပ်​စုမှုး (တပ်​ရင်းရုံး Online)





0 comments:

Post a Comment

Facebook Like Page