Wednesday, March 25, 2015

အခြေခိုင် ဗုဒ္ဓဘာသာယာဉ်ကျေးမှု နှင့်အခြေခံ အင်္ဂလိပ်စာသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

အခြေခိုင် ဗုဒ္ဓဘာသာယာဉ်ကျေးမှု နှင့်အခြေခံ အင်္ဂလိပ်စာသင်တန်း
သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ နဝင်းနယ်မြေ ရွေလက်လှရပ်ကွက်အောင်မင်္ဂလာကျောင်းတိုက်၌
(၁၀)ကြိမ်မြောက်အခြေခိုင်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်အခြေခံ
အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားအား အောင်မင်္ဂလာကျောင်းတိုက်ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ၀ီရိယ ဦးစီးပြီးယမာန်
နေ့ နံနက်(၈း၃၀)အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

“မိမိတို့ရင်သွေးရတနာသားသမီးငယ်များ အမျိုးဘာသာသာသနာကိုချစ်မြတ်
နိုးပြီးလိမ္မာယဉ်ကျေးမှုရှိစေရန် အတွက်ရည်ရွယ်၍အဆိုပါသင်တန်းကိုဖွင့်
လှစ်ရခြင်းတယ်။ဒကာဒကာမများ အနေဖြင့် မိမိ၏ သားငယ်သမီးငယ်များ
ဒီသင်တန်းကိုတက်ရောက်စေပြီး နှလုံးသာဝယ်သာသနာတရားခိုင်မာ၍ ထူးချွန်ထက်မြတ်သော ရင်သွေးငယ်များအဖြစ်ပုံသွင်းနိုင်ပါသည်’’ဟုတိုင်း
သံဃနာယက ဥက္ကဌဘဒ္ဒန္တကုမာရ(မဟာသန္ဓမ္မဇောတိကဓဇ) ဆရာတော်
က မိန့်ကြားတော်မှုခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နမောတဿ ဗုဒ္ဓပဏာမ ဂါထြာ
ဖင့် (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း တိုင်းသံဃနာယက ဥက္ကဌ ဘဒ္ဒန္တကုမာရ(မဟာသန္ဓမ္မဇောတိကဓဇ)ဆရာတော်ထံမှ ငါးပါးသီလခံယူ
ဆောက်တည်ခြင်း ၊ ရပ်မိ / ရပ်ဖ ကိုယ်စား ဆရာကြီး ဦးအုန်းမြင့်မှသင်တန်း
ဖွင့်လှစ်ရခြင်း အကြောင်းလျှောက်ထားခြင်းဆရာတော်များအားလှူဘွယ်
ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ၊အမျိုးသမီးရေး ရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှတို့အလှူငွေများလှူဒါန်းခြင်းများ ပြုလုပ်
ခဲ့ကျပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဠတု ဂါထာသုံးကြိမ်ရွတ်ဆို၍
အခမ်းအနား ရုပ်သိမ်းခဲ့ကျသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသောဆရာတော်များ ၊ရပ်မိ ရပ်ဖများ ၊အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအသင်းသူများ ၊ သင်တန်းသူ /သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရ
သည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883






0 comments:

Post a Comment

Facebook Like Page