Wednesday, March 25, 2015

အလယ်တန်းကျောင်းသားတစ်ဦးချောင်းရေဆင်းချိုးရာမှ ရေနစ်သေဆုံး ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

Leave a Comment




အလယ်တန်းကျောင်းသားတစ်ဦးချောင်းရေဆင်းချိုးရာမှ ရေနစ်သေဆုံး

ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃
ပဲခူးတိုင်းသေသကြီး ပြည်မြို့နယ် ပေါင်းတလည်နယ်မြေရဲစခန်း မြောက်ဘက် ရွာမအုပ်စု ခွေးရဲအရှေ့စုကျေးရွာ ၊အရှေ့တောင်ဘက်(၁)ဖာလုံခန့်ရှိ ဂွေးကောက်ပေါက် ဆည်ဘေးရှိ
ချောင်းတွင် ကျောင်းသားတစ်ဦးရေနစ် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်အောင်ငြိမ်းချမ်း(၁၅)နှစ် သတ္တမတန်းကျောင်းသား ၊ခွေးရဲအလယ်တန်းကျောင်း ခွေးရဲချောင်းခြားရွာ ၊ငါးခူအိုင်အုပ်စု ၊ပေါက်ခေါင်းမြို့နယ်နေသူသည် မောင်နိုင်းနိုင်း(၁၃)နှစ်(ကျောင်းမနေ)
ခွေးရဲချောင်းခြားရွာ၊ငါးခူအိုင်အုပ်စု ပေါက်ခေါင်းမြို့နယ်နေသူနှင့်အတူအကျယ်(၁၅)ပေခန့် ၊ အနက်(၆)ပေခန့် ရှိချေင်းလက်တက်အတွင်းရေချိုးဆင်းရာမှ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲခြေ /လက် ချောင်းများပဲကြီးရေတွန့်နှုတ်ခမ်းဖြူပြီးရေနစ်သေဆုံးသွားသည်ကိုစစ်ဆေးတွေ့ရှိရကြောင်း
 ပေါင်းတလည်နယ်မြေရဲစခန်းမှသိရသည် ။

ထို့ကြောင့် မောင်အောင်ငြိမ်းချမ်းသည် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်စုံစမ်းစစ်ဆေးပေးပါရန် ရဲတပ်ကြပ်ကြီး မြင့်စန်းမှသတင်းပေးချက်အရ ပေါင်းတလည်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်
(၁/၂၀၁၅)  ဖြင့်အမှုရေးဖွင့်ထားရှိပြီး အမှုအားခေတ္တစခန်းမှူး ဒုရဲအုပ်ထွန်းထွန်းဦးကလက်ခံစစ်ဆေး လျှက်ရှိကြောင်းသိရသည်။

သတင်း ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃





0 comments:

Post a Comment

Facebook Like Page