သဲကုန်းလယ်သမားများ ထွန်တုံးတိုက်ပွဲစတင် ဆင်နွဲ
ပြည့်သဲမောင်(ပြည်)
သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေသည့်
ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သမား
(၇၀)ကျော်သည် ဇူလိုင်လ ၃ရက်က နွား (၅)ရှဉ်း ဖြင့်
သိမ်းဆည်းလယ်ယာမြေများပေါ် ၀င်ရောက်ထွန်ယက်ခဲ့ကြသည်။
" ကျွန်တော်တို့သိမ်းခံရတဲ့ လယ်ယာမြေထဲမှာ ထွန်တုံးတိုက်တာပါ။
ရွာမြောက်ဘက်က လယ်တွေကိုအရင်ထွန်မယ်။ ပြီးရင်ရွာတောင်ပိုင်းကလယ်တွေကိ
ဆက်ထွန်မယ်။ မပြီးမချင်းထွန်မယ်" ဟုထွန်တုံးတိုက်ရာတွင်ပါဝင်သူ
ဦးဝမ်းဇော် ကပြောသည်။
၂၀၁၁ခုနှစ်တွင် တပ်မ(၆၆) မှသိမ်းယူခဲ့ပြီး အမှတ်(၃) လယ်ယာလက်ကား သမ၀ါယမ
အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ငါးကန်လုပ်ငန်းများ
လုပ်ကိုင်လျှက်ရှိသည့် အောင်ကုန်းကျေးရွာ မြောက်ဘက် ကွင်းအမှတ် ၉၂၂ နှင့်
အောင်ကုန်းကျေးရွာတောင်ဘက်ကွင်း အမှတ်၉၂၃ လယ်မြေ ၂၁၇၄ဧက
ကိုဓါးမဦးကျတောင်သူများ ထွန်တုံးတိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်
စောင့်ကြည့်ပေးနေပြီး အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်ကိုးဦးခန်
ဓါတ်ပုံရိုက်ကူးခြင်းသာရှိကြော
သဲကုန်းစခန်းမှူး ဒုရဲမှူးဇော်အောင်က "ကျွန်တော်တို့ကတော့တားပြီးပြီ။
ကျောင်းသားတွေက လယ်သမားဆန္ဒရယူမယ်ဆိုပြီး လုပ်တော့ လယ်သမားတွေက
ဆက်လုပ်မယ်ဆိုပြီး အဓိပတိကွင်း မှာဆက်လုပ်နေတယ်" ဟုပြောသည်။
ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများက
ထွန်တုံးတိုက်ပွဲစဉ်နွှဲခြင်း သပိတ်စခန်းဖွင့်ခြင်း
ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း အခေါင်းမီးရှို့ပွဲပြုလုပ်ခြင်း
ဆန္ဒပြဆုတောင်းပွဲပြုလုပ်ခြင်း များပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့်လေးဦး
၊ကျိန်စာတိုက်မှု ပုဒ်မ၅၀၅(ခ)ဖြင့်ငါးဦး ၊ ဆုတောင်းဆန္ဒပြမှု
ပုဒ်မ၅၀၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။
ကိုပေါက်စ ၊ ဒေါ်ညို ၊ ကိုမောင်ဝင်း စသည့်လယ်သမားသုံးဦးကို
ပေါင်းတည်ထောင်တွင် ဖမ်းဆီးထားပြီး ကိုကောင်းထက်ကျော် နှင့်မခင်မာအေးမှာ
အမှုမရင်ဆိုင်နိုင်သေးပါ။ အခြားတရားဆွဲဆိုခံထားရသူများမှာ
ခရီးလွန်နေသဖြင့် တရားရုံးချိန်းမရင်ဆိုင်ရသေးပါ။
သတင်းနှင့်ဓါတ်ပုံ
ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment