Friday, July 4, 2014

မန္တလေးမြို့တွင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ ပြည်မြို့ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်

Leave a Comment
မန္တလေးမြို့တွင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ ပြည်မြို့ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်

နေ့စွဲ။   ။  ဇူလိုင်လ (၃)ရက်နေ့ ၂၀၁၄-ခုနှစ်

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ တွင် 2.7.2014 ရက်နေ့ နေ့လည်(၂)နာရီအချိန်ခန့်တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သောပဋိပက္ခအခြေအနေများနှင့်ပတ်သက်၍ ပြည်မြို့ ဒေသခံအရပ်ဘက်လူမှုအဖွဲ့
အစည်း (၂၀)ခန့် ဖွဲ့မှ ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားသော သဘောထားထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါမန္တလေးမြို့တွင်လတ်တလောဖြစ်ပွားနေသောပဋိပက္ခအခြေအနေများနှင့်ပတ်သက်၍ ပြည်မြို့

 ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများထဲမှ လက်တွဲကူမယ်ပြည်လူငယ်(သွေးနှင့်အောက်စီဂျင် အခမဲ့ စာကြည့်တိုက်)အဖွဲ့မှ တာဝန်ရှိသူ ဦးမျိုးသူထွဋ်
က ပြည်သတင်းကိုယုလိုပြောကြားခဲ့...

အာဏာပိုင်အဖွဲ့အစည်းကပူးပေါင်းဆောင်ရွက်မျာပါ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့စိတ်ရှိကြလို့ပါ
ပြီးခဲ့တဲ့နှစ်ကလည်း မိတ္ထီလာမှဖြစ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စတင်ဖွဲ့စည်းခဲ့တဲ့ ဘာသာရေးအဓိကရုန်းများ
ကာကွယ်ဆန့်ကျင်တားစီးရေးကွန်ယက်အဖွဲ့ပါ မနှစ်ကလည်းအောင်မြင်ခဲ့ပါတယ် အားလုံးပူးပေါင်းမှုတွေ
ကြောင့်ပါ အဓိကတော့ ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေစိုးမိုးမှုမရှိလို့ပါ သူတို့ မိသားစုထဲက တဦးတစ်ယောက်ဆိုရင် ဥပဒေတမျိုး ပြည်သူဆိုဥပဒေတမျိုးဖြစ်နေတယ် အခုဖြစ်တဲ့ကိစ္စတွေတိုင်းမှာ ဘာသာရေးအခြေမခံဘူး လူမျိုးရေးအခြေမခံဘူး မောင်ဖြူမကောင်းရင်မောင်ဖြူမောင်မဲမကောင်းရင်မောင်မဲ
ဆိုပြီး ဥပဒေတိုင်းသာဆောင်ရွက်နိုင်မှ အကောင်းဆုံးဖြစ်မယ် မနှစ်ကတည်းက ကျွန်တော်တို့ ဘာသာရေးအထိကရုန်းများ ကာကွယ်ဆန့်ကျင်တားစီးရေးကွန်ယက် အောင်မြင်ခဲ့ပြီး ဖြစ်လို့ အခုနှစ်မှာလည်းကျွန်တော်တို့ ပြည်မှာ အရင်နှစ်လို အောင်မြင်စွာပြုလုပ်သွားနိုင်မယ်လိုယူစပါတယ်...ဟုပြောကြားခဲ့

 ဇူလိုင်လ(၂)ရက်နေ့က ပြည်မြို့က အ၇ပ်ဖက်အဖွဲ့အစည်းတွေဖြစ်ကြတဲ့-ပြည်သူ့အထောက်အကူပြုကွန်ယက်၊ပြည်ကွန်ယက်၊ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူဘောင်၊မိုးမေတ္တာအခမဲ့ဆေး
ခန်း၊CPRCG၊နိုင်ငံရေးအကျဉ်းသားဟောင်များအဖွဲ့၊လက်တွဲကူမယ်ပြည်လူငယ်၊GW၊လွှတ်တော်ပြင်ပနိုင်
ငံရေးလှုပ်ရှားသူများ၊လူ့ဘောင်သစ်ပါတီ၊NLDရပ်ကျေးအဖွဲ့၊7 DAYSသွေးနဲ့ဆေးဝါးကူညီရေးအဖွဲ့ ၊တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့၊သံလွင်ခက်Capicity Building၊ဂရုဏာလက်များကွန်ယက်၊ ဘာသာရေးအထိကရုံးများဆန့်ကျင်ရေးနှင့်ကာကွယ်တားစီးရေးကွန်ယက်၊၀ါးချစ်သူများအသင်း၊အစိမ်းရောင်
မျိုးဆက်သဘာဝပတ်ဝန်းကျင်ချစ်သူများအဖွဲ့၊ပြည်သတင်းမီဒီယာအဖွဲ့၊စသဖြင့်အဖွဲ့(၂၀)ခန့်တက်ရောက်ပြီးစုပေါင်း
လက်မှတ်ရေးထိုးပြီး ပူတွဲကြေငြာချက်တစောင်ထုပ်ပြန်ခဲ့ပြီး-ဘာသာရေးအထိကရုံးတွေကိုတားစီးရန် ပူးတွဲအဖွဲ့တဖွဲ့ကို-အနောက်စောင်းတန်းလမ်း ဆိပ်ကမ်းသာကဖီးတွင်ဖွဲ့စည်းခဲ့ကြပါတယ်။
         အဲဒီကြေငြာချက်နဲ့အတူတက်ရောက်လာသူ အဖွဲ့ကိုယ်စားပြုသူများရဲ့ ဖုန်းနံပတ်တွေကိုရိုက်နိုပ်ထားတဲ့ စာရွက်ပါ တွဲပြီး-သဘေားထားကြေငြာချက်ကို-လူစည်ကားရာနေရာများ လမ်းဆုံလမ်းဂွများတွင်သွားရောက်ဝေငှခဲ့ကြပါတယ်။

တက်ရောက်လာ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများထဲမှ ကိုမင်းမင်း(သံလွင်ခက်)က ပြည်သတင်းကို ယခုလိုပြောကြားခဲ့...

မနှစ်တုံးကမိတ္ထီလာမြို့မှာဖြစ်ပွားပြီးနောက်တရက်မှာပဲ-အခုလိုမျိုး-ဘာသာရေးအထိကရုံးများကာကွယ်တားဆီးရေးကွန်ယက်-ကိုဖွဲ့ပြီးတားဆီးနိုင်ခဲ့တာကြောင့်-ပြည်မြို့တွင် ဖြစ်ပွားမဲ့အနေအထားကိုကျော်လွားနိုင်ခဲ့ပြီး အခုလဲမနှစ်ကလို လူမှုရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအခုလိုပူတွဲကြေငြာချက်ထုပ်ပြီးဖွဲ့စည်းလိုက်တာ ဒေသခံပြည်သူတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီးအထိကရုံးတွေမဖြစ်အောင် ၀ိုင်းဝန်းမှာဖြစ်တာပါလို့ ...ပြောကြားခဲ့သည်။



  သဘောထားကြေငြာချက်တွင် မန္တလေးဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုကြူးလွန်သူများကိုရှုပ်ချပြီး၊ကျူးလွန်ခံရသူများကိုစာနာထောက်ထားကြောင်း၊ယနေ့အချိန်အခါသည်
တရားဥပဒေစိုးမိုးမှုအားနဲပြီး၊ရာဇ၀တ်မှုများအပေါ်ထိရောက်သောအရေးယူဆောင်ရွက်မှုအားနဲနေခြင်းအပေ
ါ်ထောက်ပြထားပြီး ကိုယ့်ပတ်ဝန်းကျင်တွင်တဆုံတရာပြသနာဖြစ်ပွားပါက ပူးတွဲပါဖုံးနံပတ်များကို အလျှင်အမြန်ဆက်သွယ်ဖို့တို့ ဖေါ်ပြထားပါတယ်။

သတင်းနှင် ဓါတ်ပုံ   ပြည်သတင်းလူငယ်(ပြည်သတင်း) 





0 comments:

Post a Comment

Facebook Like Page