Monday, May 12, 2014

ပြည်မြို့တွင် အရည်အချင်းသတ်မှတ်ချက်နှင့် မညီသောအုပ်ချုပ်ရေးမှူးများဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆို

Leave a Comment
သတ်မှတ်ထားသော အရည်အချင်းနှင့်မညီသော အုပ်ချုပ်ရေးမှူးများမဖြစ်ပေါ်ရေး အရည်အချင်း သတ်မှတ်ချက်နှင့်မညီသောအုပ်ချုပ်ရေးမှူးများဖယ်ရှားပေးရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၁၂ ရက်နေ့ က အနောက်လက္ခုပ္ပင်ကျေးရွာ ဦးဥာဏ်ဝင်း ဇရစ်ချောင်ရွာ အုပ်ချုပ်ရေးမှူး အား အနောက်လက္ခုပ္ပင်အုပ်စု၊အနောက်လက္ခုပ္ပင်ကျေးရွာနေ ပြည်သူ ၁၈ ဦးက လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုခဲ့သည်။ “သူဟာသက်မှတ်ထားတဲ့ ပညာအရေအချင်းမရှိဘူး မူလတန်းအဆင့်ပဲရှိတယ် အခုသူလုပ်နေတာတွေက အကျင့်ပျက်ချစားနေတယ် ကျနော်တို့လယ်ယာမြေတွေကို အိမ်ရာမြေအဖြစ်ရောင်းစားနေတယ် နွားစားကျက်မြေတွေကိုလဲရောင်းစားတယ် ” ဟုဆန္ဒပြသူ ကိုမျိုးနိုင်ကပြောသည်။

ကျနော်တို့အိမ်ထောင်စုဇယားသွားလုပ်တယ်ဗျာ လဝကရုံးမှာမှတ်ပုံတင်၊အိမ်ထောင်စုဇယား မည်သူမဆိုအခမဲ့လုပ်ပေးတယ်လို့စာတွေကပ်ထားတယ် အဲဒါကိုသူကအခုထောင့်ခုနှစ်ရာဆီ ကောက်တယ်တချို့ကအိမ်ထောင်စုဇယားရပြီ တချို့ကမရသေးဘူး ပိုက်ဆံတွေကသူတို့ဆီမှာ အုပ်ချုပ်ရေးမှူးကောက်ခိုင်းတာသူလက်မှတ်နဲ့မှထုတ်ရတယ် သူကိုအုပ်ချုပ်ရေးမှုးခန့်တုန်းက မဲပေးတဲ့ရပ်မိရပ်ဖတွေကလဲထောင်ထွက်တွေပဲလို့ ၄င်းကဆိုသည်။ ဆန္ဒပြတောင်းဆိုရန်အတွက် မေလ ၅ ရက် တွင် ခွင့်ပြုမိန့် တောင်းခံခဲ့ရာ ဘာအကြောင်း မှမပြန်ခဲ့လို့ အခုလိုခွင့်ပြုမိန့်မရပဲဆန္ဒပြပွဲကို ကျေးရွာမှ ပြည်သူများက လူထုလှုတ်ရှားမှုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ကိုမျိုးနိုင် ကပြောသည်။

ထိုနေ့မနက်(၈)နာရီလေးဆယ်အချိန်က ဆန္ဒပြသူများသည် အနောက်လက္ခုပ္ပင်ကျေးရွာ၊ နဝဒေးသကြားစက်လမ်းအတိုင်း ချီတက်ခဲ့ရာနဝင်းရပ်ကွက် ဖိုးခေါင်ချောင်း တံတားထိပ်တွင် ပြည်(၁)နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးဝင်း၊ပြည်(၃)နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးလှိုင်ဦး၊နဝင်းရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးနေလင်းတို့အဖွဲ့မှ ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည်ဆန္ဒဖေါ်ထုတ် ခြင်းမပြုရန်၊ဆက်လက်ဆန္ဒဖေါ်ထုတ်နေပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ပြောဆိုတားမြစ်ခဲ့သည်။ ဆန္ဒပြသူများသည် ဆက်လက်ပြီး အရည်အချင်းမရှိသော အုပ်ချုပ်ရေးမှူး ဖယ်ပေးရေး ဒို့အရေး..ဒို့အရေး၊ပြည်သူများကို ခွဲခြားဆက်ဆံသော အုပ်ချုပ်ရေးမှူး ဖယ်ရှားပေး ဒို့အရေး…ဒို့အရေး၊ကြွေးကြော်သံများကြွေးကြော်ကာ ပြည်မြို့နဝင်းရပ်ကွက် လမ်းမတော်လမ်း ၊ လက်သမားလမ်းမှရွှေတချောင်းလမ်း ၊ အတိုင်း ချီတက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့အရောက်တွင် ငါးမိနစ်ခန့် ဆန္ဒဖေါ်ထုတ်ခဲ့သည်။ ထို့နောက် လက်သမားလမ်း၊ရွှေတချောင်းလမ်း၊လမ်းမတော်လမ်း၊ရုံးလမ်း များအတိုင်း လမ်းလျှောက် ချီတက်ကာ ကမ်းနားလမ်းခရိုင်မြေစာရင်ရုံး ရှေ့တွင် (၁၅) မိနစ်ခန့် ဆန္ဒပြခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို ရပ်နားခဲ့သည်။

ဆန္ဒပြသူများသည် မူလတန်းအဆင့် ပညာရေးသာရှိသောအနောက်လက္ခုပ္ပင် အုပ်ချုပ်ရေးမှူးဦးဥာဏ်ဝင်း (ဇရစ်ချောင်ရွာ)သည် သတ်မှတ်ထားသည့် အရည်အချင်းနှင့်မကိုက်ညီချင်း၊ပြည်သူများကိုခွဲခားဆက်ဆံခြင်း၊တောင်သူများကို အစိုးရချီးငွေပေးပေးရာတွင် ခွဲခြားပေးခြင်း၊လယ်/ယာမြေ၊စားကျက်မြေများကို အိမ်မြေများအဖြစ်ရောင်းချခြင်း၊လယ်/ယာ/စားကျက်မြေများဆုံးရှုံးရခြင်းကိုတာမြစ်ခြင်း မရှိသည့် အုပ်ချုပ်ရေးမှူးအားဖြုတ်ချပေးပါရန် ဆန္ဒဖေါ်ထုတ်မှုဟုရေးသားထားသော လက်ကိုင်ပိုစတာကို ကိုင်ဆောင်ဆန္ဒပြခဲ့သည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page