Monday, May 12, 2014

ပြည်မြို့တွင် ဗီယက်နမ်နိုင်ငံသားများ လိုက်ပါလာသည့်ကား ဆိုင်ကယ်တစ်စီးအားတိုက်မိ တစ်ဦးသေဆုံး

Leave a Comment



ကုမ္ပဏီဝန်ထမ်း ဗီယက်နမ်နိုင်ငံသားလေးဦး လိုက်ပါလာသည့် မော်တော်ယဉ်သည် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၁၀ရက်က ဆိုင်ကယ်တစ်စီးအား တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ပြီး ဗီယက်နမ် နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်မြို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ ကုမ္ပဏီက ဖော်ရိန်နာတွေ ကားနဲ့လာတာ။ ဆိုင်ကယ်သမားကို ၀င်တိုက်တာ ဆိုင်ကယ်သမားလေး သေတယ်။ ဖော်ရိန်နာ တစ်ယောက် ဒဏ်ရာရသွားတယ်။ ယာဉ်မောင်းက ဗမာပါဘဲ” ဟုရဲတပ်ဖွဲ့ဝင်က ပြောသည်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ (အလှဆင်ကျောက် ထုတ်လုပ်ရေးလုပ်ငန်း) မက္ကဆီကို ကုမ္ပဏီမှ ဗီယက်နိုင်ငံသား ၀န်ထမ်းလေးဦးသည် YGN 9A/8168 Surf အပြာ+မီးခိုးရောင် ကားအား စီးနင်း လိုက်ပါလာခဲ့ပြီး ပြည်မြို့ န၀ဒေးလမ်း န၀ဒေးရပ်ကွက် တော်ဝင်သစ်တည်းခိုခန်း အနီးအရောက် ၃၀ယ / ၅၇၄၃၅ SuZuki Smash-110 အဖြူရောင် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ၀င်တိုက်မီခြင်းဖြစ်သည်။

ထိုသို့ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ ပြည်မြို့ ရွာဘဲရပ်ကွက် နေကျော်တန်းလမ်းနေ သူရထွန်း(၃၈)နှစ်မှာ မျက်နှာစုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဗီယက်နမ်နိုင်ငံသား Nguyen Van Nam မှာလည်း ၀ဲဘက် ဒူးပွန်းဒဏ်ရာ၊ နှာခေါင်းရင်း ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ များရရှိခဲ့သည်။

ယာဉ်တိုက်မှုနှင့် ပတ်သတ်ပြီး မော်တော်ယဉ် မဆင်မချင် မောင်းနှင်သူ စိုင်းနော်ခမ်း(၂၆)နှစ် နှင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သူရထွန်း (သေဆုံးသူ) တို့အား ပြည်မြို့ မြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၂၄ / ၂၀၁၄ ပြစ်မှုပုဒ်မ -၃၀၄- က/ ၃၃၇ (ယာဉ်) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page