Monday, May 12, 2014
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး မှ တာဝန်ရှိသူ ဦးဆန်းမြင့်(SAE) မှ ပြည်သတင်းလူငယ်အား 7.5.2014 ရက်စွဲပါသတင်းအား ပြန်လည်ရှင်းလင်းခဲ့
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး မှ တာဝန်ရှိသူ
ဦးဆန်းမြင့်(SAE) မှ ပြည်သတင်းလူငယ်အား 7.5.2014 ရက်စွဲပါသတင်းအား ပြန်လည်ရှင်းလင်းခဲ့
မသမာသောနည်းများဖြင့် မော်တော်ယာဉ်မှတ်ပုံတင်များပြုလုပ်ပေးနေသော ဌာနတစ်ခု
*******************************************************
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပြည်မြို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန/ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးတွင်
7.5.2014 ရက်နေ့ နေ့လည်(123း0)မိနစ်အချိန်ခန့်တွင် (၁၀)ဘီးကားကြီးတစ်စီး လာရောက်မှတ်ပုံတင်ရန်အတွက် အဆိုပါ
ရုံးရှေ့တွင်ရပ်နားထားသည် မှတ်ပုံတင်ပြုလုပ်ရန်အတွက်လည်း အဆိုပါကားကြီးအား ဓါတ်ပုံရိုက်နေခြင်းများကိုပါတွေ့မြင်ခဲ့ရ
ပါတယ် ထိုကား၏ဘော်ဒီဆေးရောင်မှာတမျိုးဖြစ်နေသောကြောင့် အနီးသို့သွားရောက်ကြည့်ရှုမိသောအခါ ကားဘော်ဒီတိုင်များအား
လုံးသည်(၂)လက်မပတ်လည် သစ်သားချောင်းများကို (မှုလီနတ်)စွဲကာထောင်ထားစေပြီး အဆိုပါသစ်သားတိုင်လေးများကိုပတ်ကာဖြင့်
ကားဘော်ဒီပတ်လည်အားလုံးကို ကော်ပျော့(ခေါ်)ဝေဖာပြားများကို တစ်ချပ်နှင့်တစ်ချပ်ကို (စတပ်(စ်)ပလာ)ကလစ်များဖြင့်ထိစပ်ချုပ်ထားသည်။
ထို့နောက်အဆိုပါဝေဖာပြားများကို ငွေမှင်ဆေး(ခေါ်)ငွေရောင်ဆေးများဖြင့်အပြင်မှပြင်လျှင်(သို့)ဓါတ်ပုံရိုက်လျှင် ကားဘော်ဒီအစစ်ပုံစံကဲ့သို့
ဆေးမှုတ်ထားသည် အံ့သြမိခဲ့ပါတယ် အဆိုပါဖြစ်ရပ်သတင်းကို စာအတိုလေးဖြင့်သတင်းရေးနေရပါသော်လည်း သတ်မှတ်ထားသော စည်းကမ်း
များကိုတိတိကျကျမလိုက်နာသော အကျင့်ပျတ် ပြည်သူတချို့ နှင့် သေသေချာချာချမှတ်ထားသောရုံးတွင်းဌာနဆိုင်ရာ စည်းကမ်းများနှင့်ရရှိထားသော
တာဝန် ကျင့်ဝတ် ရာထူးများကိုပါ အလေးမထားသေသေချာချာမစီစစ် မလေ့လာပဲ ယာဉ်လိုင်စဉ်များအားထုတ်ပေးထားသော ယာဉ်များဘယ်နှစ်စီး
လောက်တောင်လုပ်ပြီးကြပြီလည်းဆိုတာတော့မတွေးတောတတ်အောင်ပါပဲ ဒီလိုဖြစ်၇ပ်တွေမှာနောက်ဆက်တွဲပါလာတတ်တဲ့ (လာဒ်ပေး လာဒ်ယူ)တွေရော
ကင်းရှင်းနိုင်ပါ့မလား ပြုပြင်ပြောင်းလည်းရေးကာလမှာ အထက်ဆိုသောလူကြီးတွေဘယ်လောက်ကောင်းအောင်လုပ်နေပါစေ ဒီလိုဖြစ်ရပ်လေးတွေက
အပေါ်ပြောင်း အောက်မပြောင်းစနစ်ဆိုးတွေနဲ့ခံစားနေရတဲ့ဘ၀တွေ ဘယ်လိုရုန်းထွက်နိုင်ပါ့မလည်း ယခုလိုလာရောက်ပြုလုပ်တာတွေကိုရော ဘာ့ကြောင့်
လူကြီးမင်းများမသိနိုင်ကြတာလည်း(တကယ်မသိတာရော ဖြစ်နိုင်ပါ့မလား) ဒါဆိုရင် မြန်မာနိုင်ငံကြီးမဆိုထားနဲ့ ကျွန်တော်တို့ပြည်မြို့ဘယ်တော့မှာမတိုးတက် မဖွံ့ဖြိုး
နိုင်တော့ပါဘူး စမ်းကမ်းသည် လူ၏တန်ဖိုး ရှေးရှေးကဆိုရိုးစကားတွေ မြောင်းထဲမျာပဲရှိပါတယ် ဖွံ့ဖြိုးတိုးတက်မှုတွေကိုယခုလိုနည်းလမ်းတွေကဖျတ်စီးနေပါတယ်
ထို့ကြောင့် ဘယ်မြို့ဘယ်ရွာ ဘယ်သူတွေဘယ်လိုဖြစ်နေနေပါ ကိုယ့်မြို့ ကိုယ့်ရွာမှာလာဒ်ပေးလာဒ်ယူ(ခေါ်)နားလည်မှုတွေ နဲ့လုပ်စားနေကြသော ဌာနဆိုင်ရာ
အောက်ခြေ၀န်ထမ်းတွေသာ မိမိမြို့ မိမိရွာ နောက်ဆုံးတွေးရမှာက မိမိနိုင်ငံစည်းကမ်းရှိစွာ နဲ့ ကျရာတာဝန်ကို ကျေပွန်ဖြူစင်စွာထမ်းဆောင်သွားမယ်ဆိုရင်
အမှန်အကန်ဖွံ့ဖြိုးတိုးတက်မှုရပြီး မြန်ဆန်စွာနဲ့ အခြားမြို့တွေရွာတွေထက် သာသွားနိုင်ပါကြောင်း အများပြည်သူ နှင့် သက်ဆိုင်ရာ ဌာန၀န်ကြီးမှ လူကြီးမင်းများအားသိရှိစေရန်
ပြည်မြို့ကိုအမှန်အကန် အများမြို့များထက် ပိုမိုသာရှိစေရန် စိတ်ရင်းအမှန်ဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန/ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)
အထိ လေးစားစွာဖြင့်တင်ပြအပ်ပါတော့သည်။
သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)
ဖော်ပြခဲ့သော အဆိုပါသတင်းနှင့်ပက်သတ်ပြီးတော့ နေပြည်တော်ရှိတာဝန်ရှိလူကြီးများမှ လာရောက်စစ်ဆေးသွားကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါလာရောက်စစ်ဆေးသောသတင်းသွားရောက်ယူစဉ် အဆိုပါ မော်တော်ယာဉ်သည် ကျောက်ပန်းတောင်းမြို့ ၊မြင်းခြံလမ်း၊ပြည်တော်သာရပ် ယာဉ်အမှတ် ၉ခ/၁၅၉၇ ဖြစ်ပြီး ယာဉ်ပိုင်ရှင်အမည် ဒေါ်ထားထားဦး ပိုင်ဆိုင်သောမော်တော်ယာဉ်ဖြစ်ကြောင်းသိခဲ့ရပါတယ် (7.5.2014 )ရက်နေ့က အဆိုပါမော်တော်ယာဉ်သတင်းကို ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း)ကိုယ်တိုင်ရေး ကိုယ်တိုင်တွေ့ရှိချက်ဖြင့်ဖော်ပြခဲ့ပြီးဖြစ်ပါတယ် အဆိုပါသတင်းပါရှိလာမှု့နှင့်ပတ်သက်ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး မှ တာဝန်ရှိသူ
ဦးဆန်းမြင့်(SAE)အား သွားရောက်မေးမြန်းခဲ့ရာယခုလိုပြန်လည်ရှင်းလင်းခဲ့ပါတယ်…..
အဲနေ့က ကိုပြည်သတင်း တင်တဲ့သတင်းကအမှန်ပါ ဓါတ်ပုံမှန်ပါတယ် စာသားတွေကတော့လွဲမှားနေခဲ့ပါတယ် ဘာ့ကြောင့်လည်းဆိုတော့ ဒီယာဉ်ကိုကျွန်တော် စစ်ဆေးမှုပြုလုပ်နေချိန်မှာ ကိုပြည်သတင်းလူငယ်က အမှတ်မထင်ရိုက်ကူသွားချိန်ဖြစ်ပါတယ် ယာဉ်ပိုင်ရှင်နဲ့ ကျွန်တော်အငြင်းပွားနေချိန်မှာ ဓါတ်ပုံရိုက်ယူသွားတာပါ ကျွန်တော်တို့က အဆင့်ဆင့်စုံစမ်းမှုတွေပြုလုပ်နေချိန်ဖြစ်ပါတယ် ယာဉ်ရှင်က ဒီကော်ပြားတွေနဲ့ ယာဉ်မှတ်ပုံတင်လာလျှောက်တာပါ နယ်ဝေးကကားပါ ဒီကားကိုအနီးကပ်စစ်ဆေးကြည့်ရာမှာ ပုံမှန်မဟုတ်တာတွေပါလာတော့ မှတ်ပုံတင်ခွင့်မပြုနိုင်ကြောင်းငြင်းပယ်ပါတယ် ယာဉ်ရှင်တွေကလည်း နယ်ဝေးကလာတာမလို့ပြုလုပ်ပေးဖို့အတင်းတောင်းဆိုနေပါတယ် ကျွန်တော်တို့ရုံးစည်းကမ်းအရမှာကိုက ဒီလိုစည်းကမ်းနဲ့မကိုက်ညီတဲ့ကားတွေပြုလုပ်ပေးခွင့်မရှိပါဘူး အများပည်သူရှေ့မှာ အလုပ်လုပ်ရတာပါ ကျွန်တော်တို့သာမှုမမှန်ရင်အရင်ကတည်းကဒီလိုသတင်းတွေပျံ့နေလောက်ပါပြီ ဒီယာဉ်ကို ကျွန်တော်တို့ရုံးအခေါ်အရ (ခရီးလွန်ယာဉ်)လို့ခေါ်ပါတယ် နောက်ဆုံးဘယ်လောက်အငြင်းပွားသလည်းဆိုရင် ယာဉ်ပိုင်ရှင်က လုပ်ပေးမှာလားလုပ်မပေးဘူးလားဆိုပြီးတင်မာမှုစကားတွေပါလာလို့မနည်းပြန်တောင်းပန်နေခဲ့ရပါတယ် အရင်တုန်းကခေတ်ကာလတွေလိုမဟုတ်တော့ပါဘူး အားလုံးပြုပြင်ပြောင်းလည်းရေးလမ်းပေါ်ရောက်နေကြပါပြီ ကိုပြည်သတင်းလူငယ်က မဖြစ်စေချင်တဲ့ဇောနဲ့ရေးခဲ့တဲ့သတင်းကို အပြစ်မမြင်ပါဘူး ဒီလိုလေးတင်ပေးလို့လည်းကျေးဇူးတင်ပါတယ် အခုလည်းကျွန်တော့ကိုနေပြည်တော်က လူကြီးတွေလာရောက်စစ်ဆေးသွားပါပြီ ကျွန်တော့ဖြစ်စဉ်အားလုံးအမှန်တွေကိုပဲပြောပါတယ် အဓိကတော့ ပြည်သူတွေအထင်အမြင်မလွဲမှားစေရန်ကိုပြည်သတင်းလူငယ်ကနေ သတင်းအစစ်အမှန်လေးကိုပြန်လည်ထည့်ပေးစေလိုပါတယ် ကားကဘော်ဒီအတုပုံစံပြုလုပ်ပြီးရုံးမှာလာရောက်မှတ်ပုံတင်ပါတယ် ဘယ်လိုမှခွင့်မပြုနိုင်တဲ့အကြောင်းငြင်းပယ်နေချိန် ကိုပြည်သတင်းလူငယ်ကကားကိုမြင်ပြီး အထင်လွဲကာ သတင်းအဖြစ်တင်ပြခဲ့ပါတယ် အဲဒါလေးပါပဲ ပြည်သူတွေအထင်မမှားပါစေနဲ့လို့ပဲပြောပါရစေခင်ဗျာ…..ဟုပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါတယ်။အဆိုပါသတင်းကိစ္စနှင့် သွားရောက်မေးမြန်းခဲ့ချိန်များမှာ ယာဉ်ပိုင်ရှင်၏ ကားပုံစံကားဘော်ဒီအစစ်ဖြင့်ပြန်လည်လာရောက်လျှောက်ထားရာကို လည်းမှတ်တမ်းဓါတ်ပုံစာသားများ နှင့်စာရွက်စာတမ်းအပြည့်အစုံကို သေသေချာချာရှင်းလင်းပြသသွားခဲ့ပါသည်။ ပြည်သတင်းလူငယ် (ပြည်သတင်း)
0 comments:
Post a Comment