Tuesday, March 21, 2017

ဧပြီလဆန်း(၃)ရက်နေ့ အတန်းသစ်စမည်။

Leave a Comment

ဧပြီလဆန်း(၃)ရက်နေ့ အတန်းသစ်စမည်။
(ဆရာ ဆရာမများအတွက် နွေရာသီကျောင်း
ပိတ်ရက်များတွင် အင်္ဂလိပ်စာဖတ်နည်းကို
ဆရာကြီး ဦးမြကြိုင်၏ GTM Formula ဖြင့်
ထိရောက်စွာသင်ကြားပါမည်။)

## အချိန် နှင့် နေ့ရက်ကိုသိချင်ရင် ?
     3-4-2017
                         
## ဘယ်အရွယ်တက်လိုရလဲ ?
      (အထက်တန်း - တက္ကသိုလ်နှင့်ဘွဲ့ရများ စိတ်ပါဝင် စားသူများ တက်ရောက်နိုင်သည်။


@@ ရည်ရွယ်ချက်
       အင်္ဂလိပ်စာသင်ရတဲ့ ရည်ရွယ်ချက်သည် အရေး အဖတ်
       အပြော အကြားတို့ကို သင်ကြားရခြင်းဖြစ်ပါသည်။ထို့အ
       အတွက် ဤကျောင်းတွင် ၄င်း 4 skills လုံးကိုသင်ကြား
       ပေးမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စာဘာသာစကားကို သင်
       ယူတဲ့အခါ ကလေးများပျော်ရွှင်နှစ်သက်လာစေရမည်။

%% လူကြီးများအတွက် အတန်းသစ်ကို မတ်လ(4)ရက်နေ့နှင့်
       (6)ရက်နေ့ အတန်းသစ်များဖွင့်လှစ်မည်။
##   သင်တန်းချိန်
         (SAT to SUN )
         (8:00) မှ (9:30) Am
         (4:30) မှ (6:00) Pm
       
          (MON to THUR)
          (6:30 to 8:00 Pm)
          (8:00 to 9:30 am)


အင်္ဂလိပ်စာတကယ် ကျွမ်းကျင်တတ်မြောက်လိုပါသလား
ဆရာ ဦးကျော်ဆန်းကျောင်းသို့လာခဲ့ပါ။

မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု
လိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအနေနှင့်Speaking
နှင့် Listening Skills တွေသာမက Reading နှင့် Writing Skills
တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။

 နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီး

များဖြစ်ကျသော ဦးခင်မောင်လတ် ဆရာကြီး ဦးသိန်းမောင်(ထင်

လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင် ထံတွင်(၉)နှစ်တိုင်တိုင်

ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A (Psy),TKT(UK),Dip.In English(YUFL)မှENGLISH


တက်ရောက်သင်ကြားနိုင်သော Levels များ

Basic (4 Skills )
Intermediate,
Advanced

Level Basic Level (၃) လ Intermediate Level (၃) လ တစ်

##သင်တန်းကြေးကို သိချင်ပါသလား?

တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ထောင်ကျပ် ပေးရုံဖြင့်ကျန်အတန်းများ
ကို အခမဲ့တက်ရောက်ခွင့်ရှိသည်။

##ကျောင်းချိန်နှင့်ပတ်သက်ပြီး အခက်ခဲဖြစ်နေလား?

ကျောင်းသားများ အချိန်မရွေး
ဆက်သွယ်နိုင်ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်
ထားပါသည်။သီးသန့်ဝိုင်းများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။

##သင်တန်းအချိန်များ သိချင်ရင်တော့!

% (Monday to Thursday)%

Reading - 7:00 to 8:00 am

Basic Leveel - 8:00to 9:30 am

                  - 5:00 to 6:30 pm

                   - 6;30 to 8:00 Pm

Intermediate Level-3;30 to5;00 Pm

(Saturday to Sunday)
Basic Leveel -8:00 to 9:30 Am
                  -4:30 to 6:00 Pm

General English-2;30 to 3;30 pm

 Intermediate Leveel-6;00 to7;30 pm

Advanced level-3:30 to 4:30 pm
 ဖြစ်ပြီးသင်တန်းတည်နေရာမှာ..................

အမှတ်(၃၄)၊ခရမ်းကုန်းထိပ်၊ရွှေတစ်ချောင်းလမ်း၊ပြည်မြို့၊
ပဲခူးတိုင်းဒေသကြီး

ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165






Read More...

ကားအငှားမောင်းခိုင်းထားတဲ့ယာဉ်မောင်းက အပိုင်ယူသွားလို့အမှုဖွင့်

Leave a Comment
ကားအငှားမောင်းခိုင်းထားတဲ့ယာဉ်မောင်းက အပိုင်ယူသွားလို့အမှုဖွင့်

ပြည် မတ်လ(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့တွင် စွယ်တော်ဖူး၊ အဝေးပြေးလိုင်းကားအား
အငှားမောင်းခိုင်းထားသူယာဉ်မောင်းမှ မော်တော်ယာဉ်အား ပြန်လည်ပေးအပ်ခြင်း
မရှိဘဲ ယူဆောင်မောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်ပိုင်ရှင်မှအမှုဖွင့်
ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ်(၁၁)ရက်နေ့ နေ့လည်(၃း၀၀)နာရီ အချိန်ခန့် ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊
အဝေးပြေးဝန်း၊ စွယ်တော်ဖူးကားဂိတ်တွင် ကိုမြင့်ဇော်ဦး၊လက်ဘက်ရည်ဆိုင်လုပ်ငန်း၊
ဆေးရုံကြီးရှေ့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ပြည်မြို့၊ နေသူမှာ ၄င်းပိုင် KINGL
ONE အမျိုးအစား ၊ အဖြူရောင်၊ မှန်လုံယာဉ်ငယ် BGO 2K 3987 ကာလတန်ကြေးကျပ်
သိန်း(၂၄၀) တန်ဖိုးရှိ၊ စွယ်တော်ဖူး၊ အဝေးပြေးလိုင်းကားအား ခရီးသည်များတင်ဆောင်
၍ ပြင်ဦးလွင်ခရီးစဉ်ကို ထွက်ရန်ခေါက်ကြေး ဖြင့်ငှားရမ်း၍ ယာဉ်မောင်းခန့်ထားသူ ကို
ပေါက်စီ၊ ၆/၂ လမ်း၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့တွင် အိမ်ငှားနေထိုင်သူအားကား
သော့နှင့် ကားအားပေးအပ်၍ မောင်းနှင်စေခဲ့ဆို၏။

ထိုသို့ကားအားမောင်းနှင်စေခိုင်းပြီးနောက် မတ်(၁၃)ကိုပေါက်စီမှ ပုဂံ၊ ညောင်ဦး၊ ခရီးစဉ်
အားအော်ဒါရ၍ လိုက်သွားကြောင်း ကိုမြင့်ဇော်ထံမှ မက်စေ့ ပေးပို့ခဲ့ပြီး ကားပြန်လည်ရော
က်ရှိရမည့် မတ်(၁၇)ရက်နေ့ နေ့လည်(၁၂း၀၀)အချိန် ထိကားပြန်လည်ရောက်ရှိမလာသ
ဖြင့် ကိုမြင့်ဇော်ဦးမှ ကိုပေါက်စီထံသို့ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းပိတ်ထား၍ ဆက်သွယ်မ
ရရှိကြောင်း ပြင်ဦးလွင်ဂိတ်သို့ ဆက်သွယ်မေးမြန်းရာတွင် မတ်(၁၂)ရက်နေ့ နေ့လည်(၁၂း
၀၀) အချိန်က ခရီးသည်များတင်ဆောင်၍ မကွေးခရီးစဉ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း
စုံစမ်းသိရှိရသည်ဆို၏။

ထို့ကြောင့် ကိုပေါက်စီနေထိုင်သည့် မြို့သစ် ၆/၂ လမ်းသို့သွားရောက်စုံစမ်းရာ ကိုပေါက်စီ
ငှားရမ်းနေထိုင်သည့် အိမ်ရှင်မှာ ဦးအုန်းသွင်၊ကုန်းနန်းကြီးရွာ၊ ရွှေတောင်မြို့နယ်နေသူဖြစ်
ကြောင်း ကိုပေါက်စီ၏ ဇနီးနှင့် သားငယ်တစ်ဦးမှာ မတ်(၁၅) နေ့ကပြောင်းရွှေ့သွားသည်ဟု
ထပ်မံ စုံစမ်းသိရှိရကြောင်း တရားလိုကဆို၏။

ထို့ပြင် ကိုပေါက်စီနှင့်မောင်းနှင်သွားသည် BGO 2K 3987 ယာဉ်အားလိုက်လံစုံစမ်းရှာဖွေ
သော်လည်း သတင်းတစ်စုံတစ်ရာ မရရှိသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် ခေါက်ကြေး
ပေး မောင်းနှင်စေခိုင်းခဲ့သော မော်တော်ယာဉ်အား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ယူဆောင်
မောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းကိုပေါက်စီအပေါ် ဥပဒေအရအရေး
ယူပေးပါရန် ကိုမြင့်ဇော်ဦးမှ မတ်(၁၉)ရက်နေ့ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့်
ပြည်မြို့မရဲစခန်း(ပ)၆၇၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၆အရအမှုဖွင့် ဆောင်ရွက်
ထားရှိပြီး အမှုအား ရဲအုပ် မျိုးသိန်းမှ လက်ခံစစ်ဆေး၍ အမှုမှ ကိုပေါက်စီအား ဖမ်းဆီးရမိ
နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
မှတ်ချက်။         ။အဆိုပါကားနှင့်ယာဉ်မောင်း ပေါက်စီအားတွေ့ရှိပါက
                      ပြည်မြို့မရဲစခန်း 053 -24182
                      အမှုစစ်အရာရှိ  09  -781102307
                      ယာဉ်ပိုင်ရှင်      09 -5360707




Read More...

Friday, March 17, 2017

ရွှေတောင်မြို့ ဝိသာခါဆန်စက် မီးလောင်မှုဖြစ်ပွား

Leave a Comment
 
ရွှေတောင်မြို့ ဝိသာခါဆန်စက် မီးလောင်မှုဖြစ်ပွား
 
ရွှေတောင် မတ်(၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ကြာနီကန်
ရပ်ကွက်၊တည်ကုန်းတောင်ပိုင်းရပ် ၀ိသာခါဆန်စက် မတ်လ
(၁၇)ရက်နေ့ (၀၀း၂၀)အချိန်ခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်နေရာမှာ ရွှေတောင်မြို့၊
ကြာနီကန်ရပ်ကွက်၊ တည်တောင်ပိုင်းရပ်၊ ရန်ကုန်-ပြည်ကားလ
မ်းဘေး မိုင်တိုင်အမှတ်၁၆၉/၂ နှင့် ၁၆၉/၃ ကြားလမ်းဘေးရှိ ၀ိ
သာခါဆန်စက်ဖြစ်ပြီး ကိုကိုမောင်(၄၀)နှစ် (ဘ)ဦးမောင်ကို၊ကုန်
သည်လုပ်သူ၏ ပိုင်ဆိုင်သောဆန်စက်ဖြစ်ကြောင်းသိရသည်။

၎င်းမီးလောင်မှုဖြစ်ပွားရခြင်းမှာ ၀ိသာခါဆန်စက်အတွင်းအရှိ စပါး
အခြောက်ခံစက်ဝါယာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းကြောင်းသိ
ရှိ ကိုကိုမောင်တစ်ဦးတည်းမီးငြိမ်းသတ်စဉ် မီးမှာပိုမိုကြီးထွားသဖြင့် 
မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း ဆန်စက်ပိုင်ရှင် ကိုကိုမောင်ထံမှသိ
ရသည်။

မီးလောင်မှုနှင့်ပတ်သတ်၍ ၀ိသာခါဆန်စက်(၁)လုံး၊ တန်ဘိုးငွေ(၁၅)
သိန်းကျပ်၊ ဆိုင်ကယ်(၁)စီး၊ တန်ဘိုးငွေ(၃)သိန်းကျပ်၊ (၃)ပင် (၅)ပင်
သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး (၇)သိန်း(၅)သောင်းကျပ်၊ စပါး
(၁၅၀)တင်း၊ တန်ဘိုးငွေ(၄)သိန်း(၅)သောင်းကျပ်၊စုစုပေါင်းဆုံးရူံးမှုတန်
ဘိုးငွေ ကျပ်သိန်း(၃၀)ခန့်ဖြစ်ပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိမှု မရှိ
ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရွှေတောင်မီးသတ်တပ်ဖွဲ့များ ၊ပြည်မြို့ရှိအရန်
မီးသတ်များနှင့်ရွှေတောင်မြို့ရှိ ပြည်သူလူထုများ ဝိုင်ဝန်း၍ မီးငြိမ်းသတ်
ခဲ့ရပြီး ဒုရဲအုပ် အေးမင်းထွဋ်မှမီးကိုပေါ့ဆစွာသုံးစွဲသူ ကိုကိုမောင်အား 
ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ရွှေေ
တာင်မြို့မရဲစခန်း (ပ)၄၂၉/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ၂၈၅ဖြင့်
အမှုဖွင့်၍ အမှုအား ဒုရဲအုပ် အေးမင်းထွဋ်မှလက်ခံစစ်ဆေးလျှက်ရှိေ
ကြာင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Wednesday, March 15, 2017

ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွားသည့် အမှတ်(၃)ရဲစခန်းအပိုင်က ကြိုးဆွဲချသေဆုံးမှု

Leave a Comment

ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွားသည့် အမှတ်(၃)ရဲစခန်းအပိုင်က
ကြိုးဆွဲချသေဆုံးမှု
ပြည် မတ်လ(၁၃)ရက်နေ့
ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းအပိုင်တွင် တစ်ရက်စီသာခြား
သည့် ကြိုးဆွဲချသေဆုံးမှု မတ်လ(၁၃)ရက်နေ့နံနက်က ထပ်မံဖြစ် 

ပွားခဲ့ကြောင်းသိရသည်။
ပြည်မြို့၊ရွှေတံခါးရပ်ကွက်၊ရွှေတံခါးအပိုင်း(၃/၃)လမ်းတွင် ကြိုး
ဆွဲချသေဆုံးနေကြောင်း ဖုန်းသတင်းအရ စခန်းမှူးရဲအုပ် အောင်
မြတ်ခိုင်၊ တာဝန်မှူး ရဲအုပ်တင်မောင်ဝင်းတို့အဖွဲ့သည်၊ရွှေတံခါး
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဦး၊ ရာအိမ်မှူး ဦးသက်နိုင်တို့နှင့်
အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်ဆို၏။
ထိုသို့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ထွန်းထွန်းဝင်း(၃၃)
နှစ်၊(ဘ)ဦးကြည်ဦး၊စုက္ခရုဘုရားလမ်း၊ ရွှေတံခါးအပိုင်း(၃)နေသူ
ဖြစ်ပြီး ၄င်း၏နေအိမ်အရှေ့ဘက်တွင်ရှိသော မြေပြင်မှအမြင့်ပေ
(၁၅)ပေခန့်ရှိ ရေတမာပင်သစ်ကိုင်းအား လက်သန်းလုံးခန့်ရှိအပြာ
ရောင် နိုင်လွန်ကြိုးဖြင့်ချီကာ ကျန်ကြိုးတစ်စအား ၄င်း၏လည်ပင်း
တွင်ချီလျှက် ၄င်း၏ယာခြေထောက်မှာ လည်ဂုတ်ပေါ်သို့ပြန်ချိတ်
ထားသည့် ပုံစံဖြင့်ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရကြောင်း။
ရဲတပ်ဖွဲ့၏သုံးသပ်ချက်အရ“ကြိုးဆွဲချသေဆုံးစဉ် ထွန်းထွန်းဝင်းမှာ
အရှည်-၁၀ပေခန့်ရှိကြိုးအားယူ၍ သစ်ပင်ပေါ်သို့တက်သွားခဲ့ကာ
သစ်ပင်ခွကြားတွင်ထိုင်၍ ကြိုးစအားသစ်ကိုင်းတွင်ချည်နှောင်စဉ်
ကြိုးစမှာ ၄င်း၏ယာခြေတံကောက်ကွေးအောက်မှ သစ်ကိုင်းသို့
ချည်နှောင်၍ သစ်ပင်ပေါ်သို့ ရောက်ရှိသွားခြင်းဖြစ်ပါကြောင်းသုံး
သပ်ရရှိတယ်”ဟု စစ်ဆေးတွေ့ရှိသူ ရဲအရာရှိက ပြောသည်။
သေဆုံးရသည့်အကြောင်းအား သေဆုံးသူ ထွန်းထွန်းဝင်း၏ဇနီး
ဖြစ်သူ မစန်း(၄၀)နှစ်အား မေးမြန်းခဲ့ရာ“ထွန်းထွန်းဝင်းမှာနေအိမ်
တွင်စီးပွားရေးအဆင်မပြေသဖြင့် မတ်(၁၂)ရက်နေ့ ည(၇)နာရီအ
ချိန်တွင် ၄င်း၏မိဘများနေအိမ်ရှိရာ ရွှေတံခါးအပိုင်း(၂)သို့သွားအိပ်
မည်ဟု ပြောကာထွက်သွားခဲ့ကြောင်း၊မတ်လ(၁၃)ရက်နေ့ နံနက်(၄)
နာရီအချိန်ခန့်တွင် မစန်းမှာမြို့သစ်ဈေးသို့သွားရန်နေအိမ်မှထွက်စဉ်
နေအိမ်ခြံရှေ့ခြံပေါက်ဝဘေးရေတမာပင်တွင် ထွန်းထွန်းဝင်းမှာ ကြိုး
ဆွဲချသေဆုံးနေသည်ကို တွေ့မြင်ရသည်ဟု”ကိုထွန်းထွန်းဝင်း၏ ဇနီး
ဖြစ်သူပြောသည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ထွန်းထွန်းဝင်းသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း
သေဆုံးခြင်း ဟုတ်/မဟုတ်စုံစမ်းစစ်ဆေးပေးရန် ရဲအုပ်တင်မောင်ဝင်း
မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၃)နယ်မြေရဲစခန်း သေမှုေ
သခင်း အမှတ်စဉ်(၂/၂၀၁၇)ဖြင့် အမှုဖွင့်ရေးဖွင့်ကာ အမှုအား ရဲအုပ်ေ
အာင်မြတ်ခိုင်မှ လက်ခံစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရ
ရှိသည်။
ပြည့်သဲမောင်(ပြည်)094236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

ပြည်မြို့ အမှတ်(၃)ရဲစခန်းအပိုင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

Leave a Comment

ပြည်မြို့ အမှတ်(၃)ရဲစခန်းအပိုင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
ပြည် မတ်လ(၁၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပြည်မြို့ အမှတ်(၃)ရဲစခန်းအပိုင်
နယ်မြေတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ကိုးသောင်းချင်းစုရပ်၊
ဆေးရုံသစ်လမ်းနေ ဦးတာတာဦးသည် မတ်လ(၁၂)ရက်နေ့ ည
(၁၁)နာရီအချိန်ခန့် အိပ်ရာမှ တရေးနိုးကာ ရေသောက်ရန်ထစဉ်
မျက်နှာချင်းဆိုင်အိပ်ခန်းရှိ သားဖြစ်သူတည်ကြည်ဦး(၂၄)နှစ်သည်
နေအိမ်အိပ်ခန်းအတွင်း ကြိုးဆွဲချသေဆုံးနေကြောင်း ရဲစခန်းသို့
လာရောက် ပြောပြခဲ့သဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှတာဝန်မှူး
ရဲအုပ် တင်မောင်ဝင်းနှင့် အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရသည်
ဆို၏။
ထိုသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူတည်ကြည်ဦးမှာ နေအိမ်
အောက်ထပ်ရှိ ၄င်းအိပ်သည့်အိပ်ခန်းအတွင်း ကုတင်ပေါ်တက်၍မြေ
ပြင်မှ အမြင့်(၁၀)ပေခန့်ရှိထုတ်တန်းအား လက်သန်းလုံးခန့်ရှိ နှစ်ပင်
လိမ်အပြာရောင် ပလပ်စတစ်ကြိုးကျစ်ထားသည့် ကြိုးဖြင့်ထုတ်တန်းေ
အာက်(၂)ပေခန့်လျှော့၍ ကွင်းပုံသဏ္ဍန်ချည်ပြီးကုတင်ပေါ်မှ ခြေထော
က်လွတ်အောင်ပြုလုပ်ကာ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိ
ရကြောင်း။
ဖြစ်စဉ်နှင့်ပတ်သတ်၍ တည်ကြည်ဦးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်းစစ်ဆေးပေးရန် ရဲအုပ် တင်မောင်ဝင်း
မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အမှတ်(၃)နယ်မြေရဲစခန်း သေမှုေ
သခင်း အမှတ်စဉ်(၁/၂၀၁၇)ဖြင့်လက်ခံရေးဖွင့်ဆောင်ရွက်ခဲ့ပြီး ၄င်းေ
သမှုသေခင်းအား ရဲအုပ် အောင်မြတ်ခိုင် မှလက်ခံစစ်ဆေးဆောက်ရွက်
လျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09423671 88
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Facebook Like Page