Friday, March 17, 2017

ရွှေတောင်မြို့ ဝိသာခါဆန်စက် မီးလောင်မှုဖြစ်ပွား

Leave a Comment
 
ရွှေတောင်မြို့ ဝိသာခါဆန်စက် မီးလောင်မှုဖြစ်ပွား
 
ရွှေတောင် မတ်(၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ကြာနီကန်
ရပ်ကွက်၊တည်ကုန်းတောင်ပိုင်းရပ် ၀ိသာခါဆန်စက် မတ်လ
(၁၇)ရက်နေ့ (၀၀း၂၀)အချိန်ခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်နေရာမှာ ရွှေတောင်မြို့၊
ကြာနီကန်ရပ်ကွက်၊ တည်တောင်ပိုင်းရပ်၊ ရန်ကုန်-ပြည်ကားလ
မ်းဘေး မိုင်တိုင်အမှတ်၁၆၉/၂ နှင့် ၁၆၉/၃ ကြားလမ်းဘေးရှိ ၀ိ
သာခါဆန်စက်ဖြစ်ပြီး ကိုကိုမောင်(၄၀)နှစ် (ဘ)ဦးမောင်ကို၊ကုန်
သည်လုပ်သူ၏ ပိုင်ဆိုင်သောဆန်စက်ဖြစ်ကြောင်းသိရသည်။

၎င်းမီးလောင်မှုဖြစ်ပွားရခြင်းမှာ ၀ိသာခါဆန်စက်အတွင်းအရှိ စပါး
အခြောက်ခံစက်ဝါယာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းကြောင်းသိ
ရှိ ကိုကိုမောင်တစ်ဦးတည်းမီးငြိမ်းသတ်စဉ် မီးမှာပိုမိုကြီးထွားသဖြင့် 
မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း ဆန်စက်ပိုင်ရှင် ကိုကိုမောင်ထံမှသိ
ရသည်။

မီးလောင်မှုနှင့်ပတ်သတ်၍ ၀ိသာခါဆန်စက်(၁)လုံး၊ တန်ဘိုးငွေ(၁၅)
သိန်းကျပ်၊ ဆိုင်ကယ်(၁)စီး၊ တန်ဘိုးငွေ(၃)သိန်းကျပ်၊ (၃)ပင် (၅)ပင်
သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး (၇)သိန်း(၅)သောင်းကျပ်၊ စပါး
(၁၅၀)တင်း၊ တန်ဘိုးငွေ(၄)သိန်း(၅)သောင်းကျပ်၊စုစုပေါင်းဆုံးရူံးမှုတန်
ဘိုးငွေ ကျပ်သိန်း(၃၀)ခန့်ဖြစ်ပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိမှု မရှိ
ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရွှေတောင်မီးသတ်တပ်ဖွဲ့များ ၊ပြည်မြို့ရှိအရန်
မီးသတ်များနှင့်ရွှေတောင်မြို့ရှိ ပြည်သူလူထုများ ဝိုင်ဝန်း၍ မီးငြိမ်းသတ်
ခဲ့ရပြီး ဒုရဲအုပ် အေးမင်းထွဋ်မှမီးကိုပေါ့ဆစွာသုံးစွဲသူ ကိုကိုမောင်အား 
ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ရွှေေ
တာင်မြို့မရဲစခန်း (ပ)၄၂၉/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ၂၈၅ဖြင့်
အမှုဖွင့်၍ အမှုအား ဒုရဲအုပ် အေးမင်းထွဋ်မှလက်ခံစစ်ဆေးလျှက်ရှိေ
ကြာင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page