Wednesday, March 15, 2017

ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွားသည့် အမှတ်(၃)ရဲစခန်းအပိုင်က ကြိုးဆွဲချသေဆုံးမှု

Leave a Comment

ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွားသည့် အမှတ်(၃)ရဲစခန်းအပိုင်က
ကြိုးဆွဲချသေဆုံးမှု
ပြည် မတ်လ(၁၃)ရက်နေ့
ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းအပိုင်တွင် တစ်ရက်စီသာခြား
သည့် ကြိုးဆွဲချသေဆုံးမှု မတ်လ(၁၃)ရက်နေ့နံနက်က ထပ်မံဖြစ် 

ပွားခဲ့ကြောင်းသိရသည်။
ပြည်မြို့၊ရွှေတံခါးရပ်ကွက်၊ရွှေတံခါးအပိုင်း(၃/၃)လမ်းတွင် ကြိုး
ဆွဲချသေဆုံးနေကြောင်း ဖုန်းသတင်းအရ စခန်းမှူးရဲအုပ် အောင်
မြတ်ခိုင်၊ တာဝန်မှူး ရဲအုပ်တင်မောင်ဝင်းတို့အဖွဲ့သည်၊ရွှေတံခါး
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဦး၊ ရာအိမ်မှူး ဦးသက်နိုင်တို့နှင့်
အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်ဆို၏။
ထိုသို့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ထွန်းထွန်းဝင်း(၃၃)
နှစ်၊(ဘ)ဦးကြည်ဦး၊စုက္ခရုဘုရားလမ်း၊ ရွှေတံခါးအပိုင်း(၃)နေသူ
ဖြစ်ပြီး ၄င်း၏နေအိမ်အရှေ့ဘက်တွင်ရှိသော မြေပြင်မှအမြင့်ပေ
(၁၅)ပေခန့်ရှိ ရေတမာပင်သစ်ကိုင်းအား လက်သန်းလုံးခန့်ရှိအပြာ
ရောင် နိုင်လွန်ကြိုးဖြင့်ချီကာ ကျန်ကြိုးတစ်စအား ၄င်း၏လည်ပင်း
တွင်ချီလျှက် ၄င်း၏ယာခြေထောက်မှာ လည်ဂုတ်ပေါ်သို့ပြန်ချိတ်
ထားသည့် ပုံစံဖြင့်ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရကြောင်း။
ရဲတပ်ဖွဲ့၏သုံးသပ်ချက်အရ“ကြိုးဆွဲချသေဆုံးစဉ် ထွန်းထွန်းဝင်းမှာ
အရှည်-၁၀ပေခန့်ရှိကြိုးအားယူ၍ သစ်ပင်ပေါ်သို့တက်သွားခဲ့ကာ
သစ်ပင်ခွကြားတွင်ထိုင်၍ ကြိုးစအားသစ်ကိုင်းတွင်ချည်နှောင်စဉ်
ကြိုးစမှာ ၄င်း၏ယာခြေတံကောက်ကွေးအောက်မှ သစ်ကိုင်းသို့
ချည်နှောင်၍ သစ်ပင်ပေါ်သို့ ရောက်ရှိသွားခြင်းဖြစ်ပါကြောင်းသုံး
သပ်ရရှိတယ်”ဟု စစ်ဆေးတွေ့ရှိသူ ရဲအရာရှိက ပြောသည်။
သေဆုံးရသည့်အကြောင်းအား သေဆုံးသူ ထွန်းထွန်းဝင်း၏ဇနီး
ဖြစ်သူ မစန်း(၄၀)နှစ်အား မေးမြန်းခဲ့ရာ“ထွန်းထွန်းဝင်းမှာနေအိမ်
တွင်စီးပွားရေးအဆင်မပြေသဖြင့် မတ်(၁၂)ရက်နေ့ ည(၇)နာရီအ
ချိန်တွင် ၄င်း၏မိဘများနေအိမ်ရှိရာ ရွှေတံခါးအပိုင်း(၂)သို့သွားအိပ်
မည်ဟု ပြောကာထွက်သွားခဲ့ကြောင်း၊မတ်လ(၁၃)ရက်နေ့ နံနက်(၄)
နာရီအချိန်ခန့်တွင် မစန်းမှာမြို့သစ်ဈေးသို့သွားရန်နေအိမ်မှထွက်စဉ်
နေအိမ်ခြံရှေ့ခြံပေါက်ဝဘေးရေတမာပင်တွင် ထွန်းထွန်းဝင်းမှာ ကြိုး
ဆွဲချသေဆုံးနေသည်ကို တွေ့မြင်ရသည်ဟု”ကိုထွန်းထွန်းဝင်း၏ ဇနီး
ဖြစ်သူပြောသည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ထွန်းထွန်းဝင်းသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း
သေဆုံးခြင်း ဟုတ်/မဟုတ်စုံစမ်းစစ်ဆေးပေးရန် ရဲအုပ်တင်မောင်ဝင်း
မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၃)နယ်မြေရဲစခန်း သေမှုေ
သခင်း အမှတ်စဉ်(၂/၂၀၁၇)ဖြင့် အမှုဖွင့်ရေးဖွင့်ကာ အမှုအား ရဲအုပ်ေ
အာင်မြတ်ခိုင်မှ လက်ခံစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရ
ရှိသည်။
ပြည့်သဲမောင်(ပြည်)094236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page