Wednesday, March 15, 2017

ပြည်မြို့ အမှတ်(၃)ရဲစခန်းအပိုင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

Leave a Comment

ပြည်မြို့ အမှတ်(၃)ရဲစခန်းအပိုင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
ပြည် မတ်လ(၁၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပြည်မြို့ အမှတ်(၃)ရဲစခန်းအပိုင်
နယ်မြေတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ကိုးသောင်းချင်းစုရပ်၊
ဆေးရုံသစ်လမ်းနေ ဦးတာတာဦးသည် မတ်လ(၁၂)ရက်နေ့ ည
(၁၁)နာရီအချိန်ခန့် အိပ်ရာမှ တရေးနိုးကာ ရေသောက်ရန်ထစဉ်
မျက်နှာချင်းဆိုင်အိပ်ခန်းရှိ သားဖြစ်သူတည်ကြည်ဦး(၂၄)နှစ်သည်
နေအိမ်အိပ်ခန်းအတွင်း ကြိုးဆွဲချသေဆုံးနေကြောင်း ရဲစခန်းသို့
လာရောက် ပြောပြခဲ့သဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှတာဝန်မှူး
ရဲအုပ် တင်မောင်ဝင်းနှင့် အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရသည်
ဆို၏။
ထိုသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူတည်ကြည်ဦးမှာ နေအိမ်
အောက်ထပ်ရှိ ၄င်းအိပ်သည့်အိပ်ခန်းအတွင်း ကုတင်ပေါ်တက်၍မြေ
ပြင်မှ အမြင့်(၁၀)ပေခန့်ရှိထုတ်တန်းအား လက်သန်းလုံးခန့်ရှိ နှစ်ပင်
လိမ်အပြာရောင် ပလပ်စတစ်ကြိုးကျစ်ထားသည့် ကြိုးဖြင့်ထုတ်တန်းေ
အာက်(၂)ပေခန့်လျှော့၍ ကွင်းပုံသဏ္ဍန်ချည်ပြီးကုတင်ပေါ်မှ ခြေထော
က်လွတ်အောင်ပြုလုပ်ကာ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိ
ရကြောင်း။
ဖြစ်စဉ်နှင့်ပတ်သတ်၍ တည်ကြည်ဦးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်းစစ်ဆေးပေးရန် ရဲအုပ် တင်မောင်ဝင်း
မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အမှတ်(၃)နယ်မြေရဲစခန်း သေမှုေ
သခင်း အမှတ်စဉ်(၁/၂၀၁၇)ဖြင့်လက်ခံရေးဖွင့်ဆောင်ရွက်ခဲ့ပြီး ၄င်းေ
သမှုသေခင်းအား ရဲအုပ် အောင်မြတ်ခိုင် မှလက်ခံစစ်ဆေးဆောက်ရွက်
လျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09423671 88
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page