Monday, March 16, 2015

လွန်ခဲ့သောနှစ်တစ်ထောင်ကျော်က မြေအိုးများတွေ့ရှိ

Leave a Comment
လွန်ခဲ့သောနှစ်တစ်ထောင်ကျော်က မြေအိုးများတွေ့ရှိ

ပြည် မတ် ၁၅
ပြည်တစ်ဘက်ကမ်း ပန်းတောင်းမြို့နယ်အတွင်းမှာ တည်ထားခဲ့သော
ရှေးဟောင်းဘုရားတစ်ဆူဖြစ်တဲ့ ငါးမျက်နှာ စေတီတော်မြတ်ကြီး
တောင်တော်မြေထိန်းနံရံပြုပြင်မှု့အတွက် ကျွင်းများ
တူးဖော်ခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ခန့်မှ
မြေအိုးများကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ
ပန်းတောင်းငါးမျက်နှာစေတီတော်ကြီး မတည်ထားမှီက အရပ်လေးမျက်နှာမှ
ဖူးမျှော်နိုင်ရန်အတွက် တောင်ကုန်းနိမ့်နေခဲ့ရာကို
မြေအိုးများဖြင့်ပြုလုပ်ခါ အိုအပေါ် အိုးဆင့်၍
တောင်တော်ကိုပြုလုပ်ခဲ့ကြောင်း ပန်းတောင်းငါးမျက်နှာစေတီတော်ကို သက္ကရာဇ်
၂၁၉-ခုနှစ် တော်သလင်းလဆန်း ၁-ရက်နေ့တွင် ဇလုပဗ္ဗတ
(အိုးဖြင်ပြုလုပ်သည့်တောင်)အမည်တွင်သော တောင်တော်
ပေါ်၌ ပါဋလိပုတ်မြို့စား သီရိမုတ္တမ မင်းအပါအ၀င်
သီရိစန္ဒာအမတ်၊သုပိန္နအမတ်၊သီရိသူရာအမတ်၊ဓေါပညာဝရအမတ် စုစုပေါင်း
၅-ဦးတို့မှ ပန္နတ်ရိုက်ခဲ့ရာ မုဒ်ဝငါးပေါက်ဖြစ်ပေါ်
လာခဲ့ကြောင်းငါးမျက်နှာကျောင်းတိုက်မှ စာချဆရာတော် ဦးဝိမလ မှပြောသည်။
" ဒီတောင်က ပကတိမြေသားနိမ့်နေလို့ အိုးပေါ်အိုးဆင့်ပြီး
တောင်အဖြစ်လုပ်ထားခဲ့တာ အောက်ခြေကနေ
ဘုရားရင်ပြင်အထိအိုးတွေနဲ့တောင်အတုလုပ်ထားခဲ့တာ ပါဋလိပုတ်မြို့စား
သီရိမုတ္တမ မင်းနဲ့ ကျန်အမတ်လေးဦး စုပေါင်းတော့ ငါးဦးပန္နတ်ရိုက်ခဲ့လို့
မုဒ်ဝ ငါးခုရှိနေတယ် ဘုရားထူးခြားချက်တွေက တောင်တစ်ခုလုံးကို
အိုးနဲ့ပြုလုပ်ထားတယ် မုဒ်ဝငါးခုပါတဲ့
ဘုရား ဦးဇင်းဒီတစ်ခုပဲကြားဘူးတယ်
သိမ်ကလည်းရဟန္တာကိုယ်တော်တိုင်သမုဒ်ခဲ့တဲ့သိမ် ဒီသိမ်ရဲ့ထူးခြားချက်ကလည်း
အနောက်ဘက်ကိုလှည့်ပြီးတည်ဆောက်ထားတယ် " ဟု
ငါးမျက်နှာကျောင်းတိုက် စာချဆရာတော် ဦးဝိမလမှပြောသည်။
မတ် ၉-ရက်နေ့မနက်ပိုင်းမှာ တောင်တော်မြေထိန်းနံရံပြုပြင်ရန်အတွက်
ကျွင်းများတူးဖော်ရာ ရှေးဟောင်းမြေအိုးကြီးများကို
တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဒေသခံများမှ တောင်တော်
ကိုယခင်ကအိုးများဖြင့်ပြုလုပ်တည်ဆောက်ခဲ့သည်ကို မယုံကြသော်လည်း
ယခုကျွင်းများတူးရာ ထွက်ပေါ်လာသောအိုးများကိုမြင်တွေ့ကြလို့
လက်ခံယုံကြည်သွားကြသည်။
ပန်းတောင်းငါးမျက်နှာစေတီတော်မြတ်ကြီးသည် ရင်ပြင်တော်မှ စိန်ဖူးတော်အထိ
ဥာဏ်တော်အမြင့်ပေ ၈၁-ပေနှင့်
၃-လက်မအထိရှိသည်။အဆိုပါစေတီတော်၏တောင်တော်ပတ်လည်
အားမြေထိန်းနံရံထိန်းသိမ်းမှုလုပ်ငန်းများ ပြုလုပ်ပါက ကျပ်သိန်း
ခုနှစ်ထောင်ခန့်ကုန်ကျမှာဖြစ်သောကြောင့်
ငွေကြေးအင်အားနည်းပါးနေမှုရှိနေတဲ့အတွက် ယခု ဘုရားကြီးစနေထောင့်
ရင်ပြင်တော်မှာအက်ကွဲမှုများဖြစ်လာ၍ အဆိုပါ စနေထောင်ဘက်ကိုပဲ
တောင်တော်ထိန်းသိမ်းမှု့များတည်ဆောက်မှာဖြစ်ကြောင်း တည်ဆောက်မှု့အတွက်
ကျပ်သိန်းခုနှစ်ရာကုန်ကျ
မည်ဖြစ်ရာ ယခုဘုရားကြီး၏ ဘဏ္ဍာငွေ သိန်းတစ်ရာခန့်ပဲရှိနေကြောင်း ဥက္ကဌ
ဦးသန်းဌေးဦး မှပြောသည်။
" ဘုရားရင်ပြင်တော်
အကျယ်က ၁၅-ပေခန့်ရှိတယ် နောက်ထပ် စနေထောင့်ဘက်ကို ၁၅-ပေခန့်ထပ်ချဲ့မှာ
အဲဒိစနေထောင့်ဘက်မှာ ရင်ပြင်တော်အက်ကွဲနေတော့ အဲဘက်ကို မြေထိန်းဖို့အတွက်
ကျွင်းတွေ
၉-ရက်မနက်ပိုင်းတူးတာ အိုးတွေမြေကြီးထဲမှာ
တစ်အိုးပေါ်တစ်အိုးဆင့်ထားတာတွေ့လို့
ကျွန်တော်လည်းအဲတော့မှပိုယုံကြည်သွားတာ ပထမ
ဘုရားကိုပဲအိုးတွေဆင့်ပြီးတည်ခဲ့တာ
လို့ ထင်ခဲ့တာ အခုက
တောင်တစ်ခုလုံးအိုးတွေဆင့်ပြီးတောင်တော်တစ်ခုပြုလုပ်ထားတာ
တူးဖော်တွေ့ရှိတဲ့အိုးတွေကို ဘုရားဖူးလာတွေဗဟုသုတအနေနဲ့ ဘုရားမျာပဲ
ထိန်းသိမ်းပြသ
သွားမယ်" ဟု ၄င်းကဆက်လက်ပြောသည်။
အဆိုပါစေတီတော်မြတ်ကြီး၏
တောင်တော်အားမြေထိန်းနံရံပြုလုပ်စဉ်မြေအိုးများတွေ့ရှိခဲ့ခြင်းကြောင့်
ရန်ကုန် နှင့် ပြည်မြို့တို့မှ ရှေးဟောင်းသုသေတနအဖွဲ့တို့မှ
လာရောက်ကြည့်ရှု
သွားပြီး ဆက်လက်လုပ်ဆောင်ရန်ပြောကြားသွားကြောင်း ငါးမျက်နှာကျောင်းတိုက်
စာချဆရာတော် ဦးဝိမလထံမှသိရသည်။ငါးမျက်နှာ စေတီတော်မြတ်ကြီး၏
ဘုရားပွဲတော်ကြီးကို
ခေတ်အဆက်ဆက်ကကျင်းပလာခဲ့ရာ နှစ်စဉ် တပို့တွဲလဆန်း ၈-ရက်နေ့မှ
၁၅-ရက်လပြည့်နေအထိစည်ကားသိုက်မြိုက်စွာကျင်းပကြောင်းသိရသည်။
k3(pyay) ဒီမိုကရေစီတူဒေး
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page