Friday, June 17, 2016

ပြည်မြို့ ကိုးသောင်းမီးပွိုင့် အချက်ပြမီးများ ပျက်ဆီးနေခြင်းအား အမြန်ဆုံးပြုပြင်ပေးပါရန် ပြည်သူများလိုလား ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်မြို့ ကိုးသောင်းမီးပွိုင့် အချက်ပြမီးများ ပျက်ဆီးနေခြင်းအား
အမြန်ဆုံးပြုပြင်ပေးပါရန် ပြည်သူများလိုလား


ဇွန်လ(၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် အများပြည်သူ
ယာဉ်သွား ၊ယာဉ်လာများ ၊ယာဉ်အန္တရာယ်ကင်းဝေးစေရန်
အချက်ပြ စိမ်းဝါ ၊နီ မီးပွိုင့်များကို ရွှေဆံတော်ဘုရားကြီးအနီး 

လမ်းဂွခြောက်ခုဆုံရာတွင်လည်းကောင်း ၊ ရွာဘဲရပ်ကွက် ၊
ကိုးသောင်းဈေးအနီး လမ်းလေးဂွဆုံရာတွင် လည်းကောင်း ၊

ပြည်သူ့ဆေးရုံကြီးအနီး ၊ရထားသံလမ်းနှင့်လမ်းသုံးဂွဆုံရာ
တွင် လည်းကောင်း ၊ ခေတ္တရာမြို့သစ် ၊အဝေးပြေးကားကြီး
ဝန်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအနီး
တွင် လမ်းလေးဂွဆုံရာတွင် လည်းကောင်း မီးပွိုင့်များတက်
ဆင်ထားသည်ကို ရပ်ဝေးရပ်နီးမှ မိဘပြည်သူများအသိပင်

ဖြစ်ပါသည်။
ထိုသို့ စိမ်း၊ဝါ၊နီ အချက်ပြမီးပွိုင့်များတက်ဆင်ထားသဖြင့် ပြည်သူ
များစည်းကမ်းရှိစွာ တနစ်ကျသွားလာနေကျသဖြင့် ကိုးသောင်း
မီးပွုင့်လမ်းဆုံတွင်ယာဉ်တိုက်မှုဖြစ်စဉ်များ သိသိသာသာနည်းပါး
လာသည်ကိုလဲ မိဘပြည်သူ များနှင့် အဖွဲ့အစည်းအသီးသီးမှတာ
ဝန်ရှိသူများ အသိပင်ဖြစ်ပါသည်။
ယခုအခါ ကျောင်းဖွင့်ရာသီဖြစ်လာတာနဲ့အမျှ အချို့မြို့များတွင်
ယာဉ်မတော်တဆမှုများကြောင့် ကျောင်းနေအရွယ်ကလေးသူ
ငယ်များအသက်ဆုံးရှုံးရသည့်ဖြစ်စဉ် များကို လူမှုကွန်ယက်စာ
မျက်နှာများ ၊ဂျာနယ်များတွင် ဖတ်ရသဖြင့်လွန်စွာမှစိတ်မကော
င်းဖြစ်ရပါသည်။

သို့ပါသောကြောင့် ကျတော်တို့မြို့တွင် အများပြည်သူ ယာဉ်သွား/
ယာဉ်လာ ၊ကျောင်းသာ/ကျောင်းသူများ ရှုပ်ထွေးစွာသွားလာနေေ
သာ ပြည်မြို့၊ရွာဘဲနယ်မြေ ၊ အမှတ်(၄)အထက်တန်းကျောင်း ကိုး
သောင်းအမကကျောင်း ကိုးသောင်းဈေးတို့နှင့်နီးသော လမ်းလေးဂွ
ဆုံရာ ကိုသောင်းမီးပွိုင့်၏ စိမ်း၊ဝါ၊နီ အချက်ပြမီးများ မလင်းတော့ပဲ
ပျက်ဆီးနေသည်မှာ (၂)လနီပါးကြာမြင့်နေပြီဖြစ်ပါသည်။

အဆိုပါမီးပွိုင့်သည် ပျက်ဆီးနေကြောင်း သက်ဆိုင်ရာ ပဲခူးတိုင်းဒေသ
ကြီးအစိုးရသို့ မီးပွိုင့်စတင်ပျက်သည့်နေ့က တစ်ကြိမ် ၊ယမာန်နေ့ကတစ်
ကြိမ် ပြု ပြင်ပေးပါရန် အကြောင်းကြားထားသော်လည်း ယခုအချိန်ထိ လာရောက်ပြုပြင်ခြင်းမရှိသေးကြောင်းသိရပြီးသည်။

ထို့ကြောင့်သက်ဆိုင်သည့်ဌာနမှ အမြန်ဆုံးလာရောက်ပြုပြင်ပေးပါရန်
ပြည်သူများလိုလားလျှက်ရှိကြောင်း ပြည်သူများကိုယ်စား ပြည်သူတစ်ေ
ယာက်အနေဖြင့် အပြုသဘောဆောင်ကာ ရေးသားဖော်ပြလိုက်ရခြင်းဖြစ်
သည်။
 ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





0 comments:

Post a Comment

Facebook Like Page