Wednesday, January 27, 2016

နှစ်ပေါင်းများစွာကနေထိုင်လာကြသည့် နဂိုမှုလပိုင်ရှင်တွေအား နှင်ထုတ်ခဲ့ပြီး အိမ်၊ခြံ၊မြေများသိမ်းယူခဲ့သည့် မြေနေရာအား နဂိုမှုလပိုင်ရှင်များ ပြန်ရလို

Leave a Comment



နှစ်ပေါင်းများစွာကနေထိုင်လာကြသည့် နဂိုမှုလပိုင်ရှင်တွေအား နှင်ထုတ်ခဲ့ပြီး အိမ်၊ခြံ၊မြေများသိမ်းယူခဲ့သည့် မြေနေရာအား နဂိုမှုလပိုင်ရှင်များ ပြန်ရလို



ပြည် ဇန်န၀ါရီ ၂၆



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းနားဘေးတွင် နှစ်ပေါင်းများစွာက နေထိုင်ခဲ့ကြသည့် နဂိုမှုလပိုင်ရှင်တွေကို နှင်ထုတ်ပြီး ပိုက်ဆံရှိသည့်သူတွေကို မြေနေရာပြန်လည်ချထားပေးနေမှုကြောင့် နဂိုမှုလပိုင်ရှင်များက  အဆိုပါမြေများအား ပြန်လည်လိုချင်နေကြောင်းသိရသည်။



အဆိုပါ ပြည်မြို့ ကမ်းနားလမ်း ဧရာဝတီမြစ်ကမ်းနဘေးရှိမြေများအား ပြီးခဲ့သည့် ၁၈-နှစ်ခန့် ယခင် စစ်အစိုးရလက်ထက်က ဂရံနှင့်နေထိုင်လျှက်ရှိသည့် အိမ်၊ခြံ၊မြေများအား သက်ဆိုင်ရာအာဏာပိုင်တွေက န၀ဒေးတံတား နယ်နိမိတ်နှင့် မလွတ်၍ဟုဆိုကာ သိမ်းယူခဲ့ပြီး စစ်အစိုးရ နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းများအား ဂရံချထားပေးလျှက်ရှိနေကြောင်းသိရသည်။ အဆိုပါ သိမ်းယူထားသည့်မြေပေါ်တွင် ယခုအခါ အဆောက်အဦးများတည်ဆောက်လာမှုကြောင့် အသိမ်းခံလိုက်ရသည့် နဂိုမှုလပိုင်ရှင်တွေက ပြန်လည်လိုချင်ကြောင်းသိရသည်။



“စတင်ဖယ်ခိုင်းတဲ့အချိန်က နိုင်ငံတော်က လိုအပ်လို့ဖယ်ခိုင်းတာ ကျွန်မတို့နားလည်ပေးခဲ့ပါတယ်။ ဒီနေရာကဖယ်ပေးလာတာ ၁၈-နှစ်ကျော်ပါပြီ။ အခုသူများတွေတောင် ကျွန်မတို့ဖယ်ပေးထားတဲ့နေရာတွေမှာ အဆောက်အဦးတွေ ဆောက်နေကြပြီဆိုတော့ ကျွန်မတို့နေရာ ကျွန်မတို့ပြန်လိုချင်ပါတယ်။သက်ဆိုင်ရာတွေတင်ပြခဲ့တယ်။အခုထိထူးခြားမှုဘာမှမရှိဘူး။” ဟု အိမ်နေရာ အသိမ်းခံရသူ ဒေါ်ခင်တင့် ကပြောသည်။



ပြည်မြို့ ကမ်းနားလမ်းတွင် ဧရာဝတီမြစ်အလှအား ကွယ်ကာတည်ဆောက်ထားသည့် သူဌေးတစ်ဦးပိုင်ဆိုင်သော မင်္ဂလာခန်းမအဖြစ်အသုံးပြုထားသည့် အဆောက်အဦးကြီးစတင်တည်ဆောက်ခဲ့စဉ်က ဧရာဝတီချစ်သူများအဖွဲ့မှ ဦးဆောင်ဆန္ဒပြခဲ့သော်လည်း ဆန္ဒပြသူ ၄-ဦး နှင့် သတင်းထောက် ၂-ဦးတို့ အရေးယူတရားစွဲဆိုခံခဲ့ရပြီး အဆိုပါအဆောက်အဦးကတော့ ယနေ့အချိန်အခါတွင် မင်္ဂလာခန်းမအဖြစ်ဆက်လက်အသုံးပြုလျှက်ရှိနေကြောင်းသိရပြီး ယခုနောက်ထပ်တစ်နေရာတွင်တော့ အဆောက်အဦးများတည်ဆောက်ရန်ပစ္စည်းများနေရာချထားခြင်း နှင့် ခြုံနွယ်များရှင်းလင်းရှင်းများပြုလုပ်နေမှုကြောင့် နဂိုမှုလပိုင်ရှင်များပြန်ရလိုကြောင်းသိရသည်။



အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မြို့နယ်အုပ်ချုပ်ရုပ်မှူး ဦးအောင်အောင် မှ ယခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ဆီကို တင်ပြ တိုင်ကြားစာအခုထိတော့ဘာမှရောက်မလာသေးပါဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးက တင်ပြထားလို့တော့သိခဲ့ရပါတယ်။ တင်ပြလာတဲ့စာထဲမှာတော့ ယခင်ကရွာအဟောင်းဖြစ်ပါတယ်။န၀ဒေးတံတား နဲ့မလွတ်ဘူးဆိုလို့ကျေးရွာကိုဖယ်ပေးခဲ့တယ်။အခုအဲဒိနေရာမှာ တစ်ယောက်သောသူက အဆောက်အဦးဆောက်ရန်ပြင်ဆင်နေပြီး ခြံတွေရှင်းနေတယ်။ပစ္စည်းတွေချနေတယ်။အရင်က ခရိုင်အုပ်ချုပ်ရေးမှူးတားမြစ်ထားတဲ့နေရာဖြစ်ပါတယ်။အဲဒါကြောင့် အခုလက်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်ပြီးတင်ပြပေးခဲ့ပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးက ဒီဟာနဲ့ပတ်သတ်ပြီး ပိုင်ဆိုင်မှုကိုဖျက်သိမ်းရမယ် မိမိတို့ခွင့်ပြုပေးထားခြင်းမရှိတာမလို့ မိမိတို့အနေနဲ့ဖျက်သိမ်းခွင့်မရှိဘူး။ ယခင်ကဖျက်သိမ်းခဲ့တဲ့သက်ဆိုင်ရာဌာနတွေကိုသာ ဆက်လက်တင်ပြပေးစေလိုတယ်လို့ ဒေသခံရွာသားတွေကိုပြောခိုင်းခဲ့ပါတယ်။” ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။



အဆိုပါ အိမ်၊ခြံ၊မြေများအသိမ်းခံရမှု နှင့်ပတ်သက်ပြီး နိုင်ငံတော်မှလိုအပ်၍ သိမ်းသည်ကို မတောင်းဆိုလိုသော်လည်း ယနေ့ နိုင်ငံတော်အတွက်မဟုတ်ဘဲ တခြားသောပိုက်ရှိသူဌေးတွေအတွက်သိမ်းယူခြင်းဖြစ်သောကြောင့် အဆိုပါဖယ်ရှားပေးခဲ့ရသည့် မြေ၊အိမ်၊ခြံ ပိုင်ရှင် ၁၇-ဦးမှ လက်မှတ်ရေးထိုး၍  ပြန်လည်ရရှိရေးအတွက် ဇန်န၀ါရီလ ၁၈-ရက်နေ့တွင် သက်ဆိုင်ရာဌနာများသို့ တိုင်ကြားတင်ပြခဲ့ကြောင်းသိရပြီး ယနေ့အထိထူးခြားမှုမရှိသေးကြောင်းသိရသည်။



K3(Pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)09253311019


0 comments:

Post a Comment

Facebook Like Page