Wednesday, January 27, 2016

ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်မီးသတ်တပ်ဖွဲ့အသုံးအဆောင် အသက်ကယ်ပစ္စည်းများအရောင်းဆိုင် ပထမဆုံးဖွင့်လှစ် ပြည့်သဲမောင်(ပြည်)09 -4236 71883

Leave a Comment

ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်မီးသတ်တပ်ဖွဲ့အသုံးအဆောင်
အသက်ကယ်ပစ္စည်းများအရောင်းဆိုင် ပထမဆုံးဖွင့်လှစ်
 
ပြည့်သဲမောင်(ပြည်)09 -4236 71883
 
ပြည်ဇန်န၀ါရီ (၂၈)ရက်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်
မီးသတ်တပ်ဖွဲ့အသုံးအဆောင် အသက်ကယ်ပစ္စည်းများကိုအ
လွယ်တကူဝယ်နိုင်ရန်အရောင်းဆိုင်အား ပထမဆုံးအကြိမ်ဖွင့်
လှစ်လိုက်ကြောင်းသိရသည်။

မီးသတ်ဦးစီးဌါနမှအသိအမှတ်ပြုထားသော မီးသတ်ဆေးဘူးအမျိုး၊
ဂျပန်၊တရုတ်၊မြန်မာဆေးဘူးမျိုးစုံ၊မီးသတ်တပ်ဖွဲ့ယူနီဖေါင်း၊မီးလောင်
ပြင်ဝတ်စုံ၊ရှာဖွေကယ်ဆယ်ရေးဝတ်စုံ၊ဦးထုပ်၊ဖိနပ်၊တံဆိပ်၊ရာထူးအ
ဆောင်အယောင်များကိုရောင်းချပေးကြောင်းသိရသည်။

အဆိုပါအရောင်းဆိုင်သည်ပြည်မြိုကတွင်ပထမဆုံးဖွင့်လှစ်သည့်ဆိုင်
ဖြစ်ပြီး၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ(အငြိမ်းစား)လက်ထောက်ညွှန်ကြား
ရေးမှူးတစ်ဦးကဖွင့်ထားသည့်ဆိုင်ဖြစ်ကြောင်း၊ဆိုင်ကယ်၊ကား၊နေအိမ်
များတွင်ထားရှိရန်အတွက်မီးသတ်ဆေးဘူးအမျိုးမျိုးကိုလွတ်လပ်စွာဝယ်
ယူနိုင်ကြောင်း၊မီးသတ်တပ်ဖွဲ့ဝင်များအတွက်လဲပြည်သူများ၏အသက်
အိုးအိမ်စီးစိမ်ကာကွယ်ရန်အတွက် အသက်ကယ်ပစ္စည်းများကိုလဲရောင်း
ချပေးထားကြောင်းနှင့်အရောင်ဆိုင်အား ပြည်မြို့ကိုးသောင်းဈေးအပြင်
ဆိုင်ခန်း ရွာဘဲရပ်ကွက်တွင်ဖွင့်လှစ်ထားကြောင်းလဲသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





0 comments:

Post a Comment

Facebook Like Page