Tuesday, January 26, 2016

ဧရာဝတီမြစ် န၀ဒေးတံတားစီမံကိန်းနှင့်မလွတ်ကင်း၍ဟူသောအကြောင်းပြချက်ဖြင့် ပြောင်းရွေ့ပေးခဲ့ရပြီး ယခု၎င်းနေရာတွင် လူတစ်စုမှခုတ်ထွင်ရှင်းနေသဖြင့် မှုလပိုင် ရှင်များက ကန့်ကွက်နေ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment



ဧရာဝတီမြစ် န၀ဒေးတံတားစီမံကိန်းနှင့်မလွတ်ကင်း၍ဟူသောအကြောင်းပြချက်ဖြင့် ပြောင်းရွေ့ပေးခဲ့ရပြီး ယခု၎င်းနေရာတွင် လူတစ်စုမှခုတ်ထွင်ရှင်းနေသဖြင့် မှုလပိုင်
ရှင်များက ကန့်ကွက်နေ

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည် ဇန်န၀ါရီ (၂၆)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ကမ်းနားလမ်းရှိ 
မိချောင်းရဲရွာဟောင်းတွင်နေထိုင်သူ များအား ၁၉၉၄ 
ခုနှစ်က ဧရာဝတီမြစ်န၀ဒေးတံတားစီမံကိန်းနှင့်မလွတ်
ကင်း၍ဟူသောအကြောင်းပြချက်ဖြင့် ၄င်းနေရာမှ  
ပြောင်းရွေ့ပေး ခဲ့ရပြီး ယခုအဆိုပါနေရာတွင် လူတစ်
စုမှခုတ်ထွင်ရှင်းနေသဖြင့် မှုလပိုင်ရှင်များက မိမိ
တို့ မြေများ ပြန်လည်ရရှိရန် နှင့် မြေနေရာပြန်လည်
ချထားပေးနေမူအားကန့်ကွက်နေကြောင်းသိရသည်။

ယခင္က အစိုးရလက္ထက္က န၀ေဒးတံ တားေ
ဆာက်လုပ်သည့်လုပ်ငန်းစီမံကိန်း နှင့်မလွတ်ကင်း
လို့ပြောင်းရွေ့ပေးခဲ့ရပြီး။ယခုအစိုးရသစ်လက်ထပ်
နိုင်ငံတော်သမ္မတ၏ သိမ်းဆည်းမြေများအားမည်သည့် အ ဆောက်အဦးမှအခိုင်အမာမဆောက်ရန်ညွန်ကြား
ထားသော်လည်း အစိုးရ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း 
များအား ဂရံအမည်ပေါက်လျှက်ရှိနေကြောင်းသိရသည်။

“အရင်ကပြောင်းရွေ့ခိုင်းတုန်းက န၀ဒေးတံတားစီမံ
ကိန်းကြောင့်ဆိုလို့ပြောင်းပေးခဲ့ရတာ။အခုလဲ အဲဒီနေရာ 
ပြည်သူလူထုအကျိုးပြုမဲ့ စာသင်ကျောင်းဖြစ်ဖြစ် ဆေးရုံဆေး
ခန်းဖြစ်ဖြစ် ဆောက်လုပ်ဖို့ဆိုရင်တော့ ကျွန်ေ တ်ာတို့လဲ
မပြောလိုပါဘူး။အခုတော့ဗျာအစိုးရကရောင်းစားပြီး ကိုယ်
ကျိုးစီးပွားအတွက်လုပ်မှာ ကိုတော့လုံး ၀မလိုလားဘူး ” ဟု 
အိမ်နေရာ အသိမ်းခံခဲ့ရတဲ့ ကိုဌေးဝင်းကပြောသည်။

ပြည်မြို့နယ်စည်ပင်ကော်မတီအနေနဲ့ ဧရာဝတီမြစ်ကမ်း
နားမြေတလျှောက်မှာမူမမှန်ဂရံတွေဖြစ်လို့ ၊ဘယ် လို 
ပုဂ္ဂိုလ်ကိုမှဆောက်လုပ်ခွင့်မပြုဖို့ အစည်းအဝေးဆုံဖြတ်
ချက်ချထားကြောင်း ပြည်မြို့နယ် စည်ပင်ကော်မတီဝင်
တစ်ဦးကပြောသည်။

“ဒီဆုံးဖြတ်ချက်ကြောင့်ဦးထိုင်ထိုင်ခေါင်းရင်းဘက်ခြမ်း
မြေကွက်ကိုအုတ်တံတိုင်းခတ်ဖို့လုပ်တုန်းကတောင်  တားဆီးခဲ့လို့ပျက်ပြယ်ခဲ့သေးတာ။အခုမှဘာကြောင့်မြေ
ညှိတဲ့အဆင့်ဖြစ်လာရတာလဲ ၊မြို့နယ်အုပ်ချုပ်ရေး ပိုင်းက တာဝန်ရှိသူတွေကိုအကဲစမ်းတာလား၊စည်ပင်ကော်မတီ
ဝင်တွေကိုအကဲစမ်းတာလားလို့မေးရပါလိမ့်မယ်”ဟု ပြည်
မြို့နယ်စည်ပင်ကော်မတီဝင် ဦးအေးချိုကပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဆင်စုနယ်မြေအုပ်ချုပ်ရုပ်မှူး 
ဦးတင်ရွှေအားမေးမြန်းရာ“ကျွန်တော်အနေနဲ့ ကတော့ အဲဒီ
အဖွဲ့တွေဇန်န၀ါရီ ၁၃ရက်နေ့မှာလာပြီး အဲဒီမြေနေရာ မှာ
 ခြုံတွေခုတ်နေထဲကမှတ်တမ်းဓါတ်ပုံ တွေရိုက်ပြီး မြို့နယ်
အုပ်ချုပ်ရေးကိုအစီရင်ခံစာတင်ပြထားပြီးသားပါ။ အခုလဲသူ
တို့ဘာတွေဆက်လုပ်နေ တယ်ဆိုတာကို အချိန်နဲ့ တင်ပြေ
ပးနေ ပါတယ်။ခရိုင်အုပ်ချုပ်ရေး၊မြို့နယ်အုပ်ချုပ်ရေးက တစ်စုံ
တစ်ရာညွှန် ကြားလာခဲ့ရင်တော့ ဆောင်ရွက်ဖို့အသင့်ပါပဲ”ဟု 
ဆင်နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကပြောသည်။

၎င်းမြေသိမ်းဆည်းခံရသည့်ပြည်သူများက သက်ဆိုင်ရာသို့
အကြိမ်ကြိမ်စာဖြင့်တင်ပြတိုင်ကြားခဲ့သော်လည်း ယနေ့အချိန် အထိထူးခြားမှုမရှိသေးကြောင်းနှင့်မိမိတို့မူလမြေနေအားပြန် လည်ရရှိရန်မျှော်လင့်လျှက်ရှိကြောင်းလဲသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရုင်မှုခင်းနှင့်သတင်းစုံ





0 comments:

Post a Comment

Facebook Like Page