မင်္ဂလာနှစ်ပတ်လည်ဆုတောင်းလွှာ
ပြည်သတင်း အွန်လိုင်းမီဒီယာတွင် ပြည်ခရိုင်အတွင်းရှိ သတင်းများအားရေသား တင်ပြပေးနေသော ကိုပြည့်သဲမောင်(ခ)မျိုးရန်ပိုင်ဝင်း နှင့် မအိမွန်အောင် တို့၏ ယနေ့ ၁၃၇၇-ခုနှစ် ပြာသိုလဆုပ် ၇-ရက် {31.1.2016} တနင်္ဂနွေနေ့ မှာ ကျရောက်သော ၁-နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် မှစ၍ ဘ၀သက်ဆုံးတိုင်အောင် သာယာပျော်ရွှင်သော မင်္ဂလာနှစ်ပတ်လည်နေ့ရက်များစွာ ပိုင်ဆိုင်ကြ၍ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများဖြင့် မိသားစု ထာဝရပျော်ရွှင်နိုင်ကြပါစေကြောင်း ပြည်သတင်း အဖွဲ့သားများမှ မင်္ဂလာဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)၊ပြည့်ဖြိုးပြည်
Sunday, January 31, 2016
မင်္ဂလာနှစ်ပတ်လည်ဆုတောင်းလွှာ
Saturday, January 30, 2016
သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ပုလဲရတုနှင့်အာစရိယပူဇော်ပွဲဖိတ်ကြားခြင်း။
သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ပုလဲရတုနှင့်အာစရိယပူဇော်ပွဲဖိတ်ကြားခြင်း။
ပဲခူးတိုင်းဒေသကြီးအနာက်ပိုင်း၊သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ နှစ်(၃၀)ပြည့် “ပုလဲရတု” အခမ်းအနားနှင့်နှစ်စဉ်ကျင်းပမြဲဖြစ်သော(၁၃)ကြိမ်မြောက်၊အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ(၁၂)ရက်နေ့အထိ အောက်ဖော်ပြအစီအစဉ်များဖြင့်၊သုံးရက်တိုင်ကျင်းပသွားမှာဖြစ်သည်။
(၁၀.၂.၂၀၁၆)ရက်နေ့၌။ ။စာပေဟောပြောပွဲနှင့်သဲနော်ဇာ Dancer အဖွဲ့၏အကအလှဖြင့်၎င်း၊
(၁၁.၂.၂၀၁၆)ရက်နေ့၌။ ။ပုလဲရတုဖွင့်ပွဲအခမ်းအနား၊တောင်သူဦးကြီးများအား စက်ကရိယာအ သုံးချမှုနည်းပညာပေး သရုပ်ပြပွဲ၊စိုက်ပျိုးနည်း ပညာပေးဟောပြောပွဲ၊မိတ်ဆုံညစာစားပွဲ၊ဟားတစ်သိုက် လူငယ်များ၏အငြိမ့်ဖျော်ဖြေမှုဖြင့်၎င်း၊
(၁၂.၂.၂၀၁၆)ရက်နေ့၌။ ။အာစရိယပူဇော်ကန်တော့ပွဲတို့အား၎င်း၊
စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းရှိ၊ဆရာစံခန်းမနေရာနှင့်အားကစားကွင်းနေရာတွင် စည်ကားသိုက်မြိုက်စွာပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသဖြင့်၊အနယ်နယ်အရပ်ရပ်ရှိ ကန်တော့ခံဆရာကြီး၊ဆရာမကြီးများနှင့်တကွ စိုက်ပျိုးရေး သိပ္ပံ ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့်၊မပျက်မကွက်တက်ရောက်နိုင်ကြပါရန် ရိုသေလေးစွာ ဖိတ်ကြားအပ်ပါသည်။
အလှူငွေများလှူဒါန်းလိုပါက ဖုံး….၀၉.၉၇၄၅၄၇၂၄၄၊၀၉.၅၃၇၄၅၀၃၊၀၉.၄၂၈၀၃၅၆၆၀၊သို့ဆက်သွယ် လှူဒါန်းနိုင်သည်။
Friday, January 29, 2016
တက္ကသိုလ်ကျောင်းသူတစ်ဦး ရွှေတစ်ဆယ်ကျပ်သားနှင့်ငွေစက္ကူများခိုးယူမှုဖြစ်ပေါ်ခဲ့
တက္ကသိုလ်ကျောင်းသူတစ်ဦး ရွှေတစ်ဆယ်ကျပ်သားနှင့်ငွေစက္ကူများခိုးယူမှုဖြစ်ပေါ်ခဲ့
ပြည် ဇန်န၀ါရီ ၂၈
ပြည်တက္ကသိုလ်တတိယနှစ် မြန်မာစာ ကျောင်းသူတစ်ဦးသည် ၄င်းနေထိုင်ရာအဆောင်မှ ရွှေတစ်ဆယ်ကျပ်သားခန့် နှင့် ငွေကျပ် နှစ်သိန်းခန့်ခိုးယူခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပြည်မြို့ န၀င်းရပ် ရွှေတစ်ချောင်းလမ်း ပြည်တက္ကသိုလ်ကျောင်းရှေ့တွင်ဖွင့်လှစ်ထားသည့် ဧကရီ အမျိုးသမီးအဆောင် တွင်မသန်းသန်းဝင်း အင်္ဂလိပ်စာ ဒုတိယနှစ် အဓိက အခန်းမှ ငွေကျပ် တစ်သိန်းခွဲနှင့် အဆောင်ပိုင်ရှင် တရားလို ဦးထွန်းမင်းလတ် ၏ သုံးထပ်ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်းမျိုစုံ တစ်ဆယ်ကျပ်သားခန့် ခန့်မှန်းတန်ဖိုးငွေ သိန်းငါးဆယ်ကျော် အားပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ပျောက်ဆုံးသွားလျှက်ရှိကြောင်း ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင်လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်။
``အခုလို လုပ်လိမ့်မယ်လို့ဘယ်လိုမှထင်မထားဘူး။ပစ္စည်းနဲ့ငွေတွေကို အချိန်အတိုလေးအတွင်းရှာဖွေ ဖမ်းဆီးပြီး တရားခံကို အချိန်တိုလေးအတွင်းမှာဖမ်းမိအောင် အဘက်ဘက်က ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ခရိုင်ရဲမှူး နဲ့ မြို့နယ်ရဲမှူးတွေအပါဝင် အဓိက ပြည်မြို့ပေါ်မှာရှိတယ် ရဲစခန်းတွေကတာဝန်ရှိသူတွေ အားလုံးကိုအထူးကျေးဇူးတင်မိပါတယ်။ကျွန်တော်ဖြစ်ခဲ့သလို ကျန်ရှိနေတဲ့အဆောင်တွေ မှာမဖြစ်စေရန်ဂရုစိုက်စေချင်ပါတယ်။အဆောင်တွေကို အဆောင်မှူး အဆောင်ပိုင်ရှင်တွေ စည်းကမ်းတကျနဲ့အမြဲလေ့လာစောင့်ကြည့်ဖို့လိုပါတယ်။ကျန်ရှိနေတဲ့အဆောင်တွေမှာ အခုလိုကိစ္စတွေ ထပ်မံမဖြစ်ဖို့ လိုအပ်ပါတယ်။´´ဟု တရားလို ဧကရီအမျိုးသမီး အဆောင်ပိုင်ရှင် ဦးထွန်းမင်းလတ် ကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခရိုင်ရဲမှူး နှင့် ပြည်မြို့နယ်ရဲမှူးတို့ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်အမှတ်(၁)စခန်းမှူး ရဲအုပ်မျိုးဝင်း၊ခရိုင်မှု/ကူအဖွဲ့ မြို့ပေါ်ရဲစခန်းများအပါဝင် သက်ဆိုင်ရာတာဝန်ရှိသူများက အမာခံသတင်းပေးများဖြင့် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပြီး ဇန်န၀ါရီ ၂၆ ရက်နေ့တွင်အခင်းဖြစ်ရာ အဆောင်သို့ ထပ်မံသွားရောက်စစ်ဆေးခဲ့ရာ အသင်္ကာတရားခံအမျိုးသမီး၏ ဓါတ်ပုံအား အခင်းဖြစ်စဉ်နေအိမ်အတွင်းဝင်ရောက်သွားသူအား မြင်လိုက်ရသူ တရားလို၏ ခယ်မဖြစ်သူ မသင်းမြတ်အားပြသခဲ့ရာ တရားခံအစစ်အမှန်ဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
၎င်းမသင်္ကာတရားခံအမျိုးသမီးမှာမ........၂၁-နှစ်ဖြစ်ပြီး ပြည်တက္ကသိုလ် တတိယနှစ် မြန်မာစာဖြေဆိုထားသူ တစ်ဦးဖြစ်ပြီး ယခုကဲ့သို့အဆောင်များတွင် တည်းခို၍ ၀င်ထွက် ခိုးယူနေခဲ့သူဖြစ်ကြောင်း ထပ်မံစုံစမ်းသိရရှိရသည်။ အဆိုပါမသင်္ကာတရားခံ မ......၂၁ နှစ်နေထိုင်ရာ ရွာဘဲရပ်ကွက် စက်မှုဇုံဂန္ဓမာကွက်သစ်တွင် အိမ်ငှားနေထိုင်သူဖြစ်ပြီး ၄င်းနေထိုင်ရာနေအိမ် အခန်းအတွင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် သက်သေများရှေ့မှောက်တွင် ရှာဖွေခဲ့ရာ ပျောက်ဆုံးသွားခဲ့သည့် ရွှေထည်ပစ္စည်း တစ်ဆယ်ကျပ်သားခန့်နှင့်ငွေစက္ကူရောရာ နှစ်သိန်းကျပ်အား ဖမ်းစီးရမိခဲ့ကြောင်းသိရသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ မသင်္ကာတရားခံ ပြည်တက္ကသိုလ် တတိယနှစ် မြန်မာစာ ဖြေဆိုထားသူအား ပြည်အမှတ်(၁)နယ်မြေရဲစခန်းတွင် (ပ)၂၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၀-ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိခဲ့သည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
ဝန်ထမ်းခေါ်ယူခြင်း
PEC ကိုယ်ပိုင်ကျောင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါဝန်ထမ်းများ အလိုရှိပါသည်။
(က) အထက်တန်းဆင့် in-charge ဆရာ/ဆရာမ တစ်ဦး
(ခ) အထက်တန်းဆင့် စာကျက်ဝိုင်း in-charge ဆရာ/ဆရာမ တစ်ဦး
PEC ကိုယ်ပိုင်ကျောင်း
ယိုးဒယားလမ်း၊ပြည်မြို့။
Phး 053-25564
09-31449997
ပြည်သတင်း - 09 450833844
Thursday, January 28, 2016
မင်းကြိုက် ကျောက်မျက်-လက်ဝတ်ရတနာ ဖန်စီနှင့်အမှတ်တရပစ္စည်းဆိုင် Gem,Jewellery&Souvenir Shop
Wednesday, January 27, 2016
ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်မီးသတ်တပ်ဖွဲ့အသုံးအဆောင် အသက်ကယ်ပစ္စည်းများအရောင်းဆိုင် ပထမဆုံးဖွင့်လှစ် ပြည့်သဲမောင်(ပြည်)09 -4236 71883
ပြည်မြို့တွင် မီးသတ်ဆေးဘူးနှင့်မီးသတ်တပ်ဖွဲ့အသုံးအဆောင်
နှစ်ပေါင်းများစွာကနေထိုင်လာကြသည့် နဂိုမှုလပိုင်ရှင်တွေအား နှင်ထုတ်ခဲ့ပြီး အိမ်၊ခြံ၊မြေများသိမ်းယူခဲ့သည့် မြေနေရာအား နဂိုမှုလပိုင်ရှင်များ ပြန်ရလို
နှစ်ပေါင်းများစွာကနေထိုင်လာကြသည့် နဂိုမှုလပိုင်ရှင်တွေအား နှင်ထုတ်ခဲ့ပြီး အိမ်၊ခြံ၊မြေများသိမ်းယူခဲ့သည့် မြေနေရာအား နဂိုမှုလပိုင်ရှင်များ ပြန်ရလို
ပြည် ဇန်န၀ါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းနားဘေးတွင် နှစ်ပေါင်းများစွာက နေထိုင်ခဲ့ကြသည့် နဂိုမှုလပိုင်ရှင်တွေကို နှင်ထုတ်ပြီး ပိုက်ဆံရှိသည့်သူတွေကို မြေနေရာပြန်လည်ချထားပေးနေမှုကြောင့် နဂိုမှုလပိုင်ရှင်များက အဆိုပါမြေများအား ပြန်လည်လိုချင်နေကြောင်းသိရသည်။
အဆိုပါ ပြည်မြို့ ကမ်းနားလမ်း ဧရာဝတီမြစ်ကမ်းနဘေးရှိမြေများအား ပြီးခဲ့သည့် ၁၈-နှစ်ခန့် ယခင် စစ်အစိုးရလက်ထက်က ဂရံနှင့်နေထိုင်လျှက်ရှိသည့် အိမ်၊ခြံ၊မြေများအား သက်ဆိုင်ရာအာဏာပိုင်တွေက န၀ဒေးတံတား နယ်နိမိတ်နှင့် မလွတ်၍ဟုဆိုကာ သိမ်းယူခဲ့ပြီး စစ်အစိုးရ နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းများအား ဂရံချထားပေးလျှက်ရှိနေကြောင်းသိရသည်။ အဆိုပါ သိမ်းယူထားသည့်မြေပေါ်တွင် ယခုအခါ အဆောက်အဦးများတည်ဆောက်လာမှုကြောင့် အသိမ်းခံလိုက်ရသည့် နဂိုမှုလပိုင်ရှင်တွေက ပြန်လည်လိုချင်ကြောင်းသိရသည်။
“စတင်ဖယ်ခိုင်းတဲ့အချိန်က နိုင်ငံတော်က လိုအပ်လို့ဖယ်ခိုင်းတာ ကျွန်မတို့နားလည်ပေးခဲ့ပါတယ်။ ဒီနေရာကဖယ်ပေးလာတာ ၁၈-နှစ်ကျော်ပါပြီ။ အခုသူများတွေတောင် ကျွန်မတို့ဖယ်ပေးထားတဲ့နေရာတွေမှာ အဆောက်အဦးတွေ ဆောက်နေကြပြီဆိုတော့ ကျွန်မတို့နေရာ ကျွန်မတို့ပြန်လိုချင်ပါတယ်။သက်ဆိုင်ရာတွေတင်ပြခဲ့တယ်။အခုထိထူးခြားမှုဘာမှမရှိဘူး။” ဟု အိမ်နေရာ အသိမ်းခံရသူ ဒေါ်ခင်တင့် ကပြောသည်။
ပြည်မြို့ ကမ်းနားလမ်းတွင် ဧရာဝတီမြစ်အလှအား ကွယ်ကာတည်ဆောက်ထားသည့် သူဌေးတစ်ဦးပိုင်ဆိုင်သော မင်္ဂလာခန်းမအဖြစ်အသုံးပြုထားသည့် အဆောက်အဦးကြီးစတင်တည်ဆောက်ခဲ့စဉ်က ဧရာဝတီချစ်သူများအဖွဲ့မှ ဦးဆောင်ဆန္ဒပြခဲ့သော်လည်း ဆန္ဒပြသူ ၄-ဦး နှင့် သတင်းထောက် ၂-ဦးတို့ အရေးယူတရားစွဲဆိုခံခဲ့ရပြီး အဆိုပါအဆောက်အဦးကတော့ ယနေ့အချိန်အခါတွင် မင်္ဂလာခန်းမအဖြစ်ဆက်လက်အသုံးပြုလျှက်ရှိနေကြောင်းသိရပြီး ယခုနောက်ထပ်တစ်နေရာတွင်တော့ အဆောက်အဦးများတည်ဆောက်ရန်ပစ္စည်းများနေရာချထားခြင်း နှင့် ခြုံနွယ်များရှင်းလင်းရှင်းများပြုလုပ်နေမှုကြောင့် နဂိုမှုလပိုင်ရှင်များပြန်ရလိုကြောင်းသိရသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မြို့နယ်အုပ်ချုပ်ရုပ်မှူး ဦးအောင်အောင် မှ ယခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ဆီကို တင်ပြ တိုင်ကြားစာအခုထိတော့ဘာမှရောက်မလာသေးပါဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးက တင်ပြထားလို့တော့သိခဲ့ရပါတယ်။ တင်ပြလာတဲ့စာထဲမှာတော့ ယခင်ကရွာအဟောင်းဖြစ်ပါတယ်။န၀ဒေးတံတား နဲ့မလွတ်ဘူးဆိုလို့ကျေးရွာကိုဖယ်ပေးခဲ့တယ်။အခုအဲဒိနေရာမှာ တစ်ယောက်သောသူက အဆောက်အဦးဆောက်ရန်ပြင်ဆင်နေပြီး ခြံတွေရှင်းနေတယ်။ပစ္စည်းတွေချနေတယ်။အရင်က ခရိုင်အုပ်ချုပ်ရေးမှူးတားမြစ်ထားတဲ့နေရာဖြစ်ပါတယ်။အဲဒါကြောင့် အခုလက်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်ပြီးတင်ပြပေးခဲ့ပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးက ဒီဟာနဲ့ပတ်သတ်ပြီး ပိုင်ဆိုင်မှုကိုဖျက်သိမ်းရမယ် မိမိတို့ခွင့်ပြုပေးထားခြင်းမရှိတာမလို့ မိမိတို့အနေနဲ့ဖျက်သိမ်းခွင့်မရှိဘူး။ ယခင်ကဖျက်သိမ်းခဲ့တဲ့သက်ဆိုင်ရာဌာနတွေကိုသာ ဆက်လက်တင်ပြပေးစေလိုတယ်လို့ ဒေသခံရွာသားတွေကိုပြောခိုင်းခဲ့ပါတယ်။” ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ အိမ်၊ခြံ၊မြေများအသိမ်းခံရမှု နှင့်ပတ်သက်ပြီး နိုင်ငံတော်မှလိုအပ်၍ သိမ်းသည်ကို မတောင်းဆိုလိုသော်လည်း ယနေ့ နိုင်ငံတော်အတွက်မဟုတ်ဘဲ တခြားသောပိုက်ရှိသူဌေးတွေအတွက်သိမ်းယူခြင်းဖြစ်သောကြောင့် အဆိုပါဖယ်ရှားပေးခဲ့ရသည့် မြေ၊အိမ်၊ခြံ ပိုင်ရှင် ၁၇-ဦးမှ လက်မှတ်ရေးထိုး၍ ပြန်လည်ရရှိရေးအတွက် ဇန်န၀ါရီလ ၁၈-ရက်နေ့တွင် သက်ဆိုင်ရာဌနာများသို့ တိုင်ကြားတင်ပြခဲ့ကြောင်းသိရပြီး ယနေ့အထိထူးခြားမှုမရှိသေးကြောင်းသိရသည်။
K3(Pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019