Friday, January 29, 2016

တက္ကသိုလ်ကျောင်းသူတစ်ဦး ရွှေတစ်ဆယ်ကျပ်သားနှင့်ငွေစက္ကူများခိုးယူမှုဖြစ်ပေါ်ခဲ့

Leave a Comment

တက္ကသိုလ်ကျောင်းသူတစ်ဦး ရွှေတစ်ဆယ်ကျပ်သားနှင့်ငွေစက္ကူများခိုးယူမှုဖြစ်ပေါ်ခဲ့



ပြည် ဇန်န၀ါရီ ၂၈



ပြည်တက္ကသိုလ်တတိယနှစ် မြန်မာစာ ကျောင်းသူတစ်ဦးသည် ၄င်းနေထိုင်ရာအဆောင်မှ ရွှေတစ်ဆယ်ကျပ်သားခန့် နှင့် ငွေကျပ် နှစ်သိန်းခန့်ခိုးယူခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။



အဆိုပါ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပြည်မြို့ န၀င်းရပ် ရွှေတစ်ချောင်းလမ်း ပြည်တက္ကသိုလ်ကျောင်းရှေ့တွင်ဖွင့်လှစ်ထားသည့် ဧကရီ အမျိုးသမီးအဆောင် တွင်မသန်းသန်းဝင်း အင်္ဂလိပ်စာ ဒုတိယနှစ် အဓိက အခန်းမှ ငွေကျပ် တစ်သိန်းခွဲနှင့် အဆောင်ပိုင်ရှင် တရားလို ဦးထွန်းမင်းလတ် ၏ သုံးထပ်ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်းမျိုစုံ တစ်ဆယ်ကျပ်သားခန့် ခန့်မှန်းတန်ဖိုးငွေ သိန်းငါးဆယ်ကျော် အားပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ပျောက်ဆုံးသွားလျှက်ရှိကြောင်း ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင်လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်။

``အခုလို လုပ်​လိမ့်​မယ်​လို့ဘယ်​လိုမှထင်​မထားဘူး။ပစ္စည်းနဲ့​ငွေ​တွေကို အချိန်​အတို​လေးအတွင်းရှာ​ဖွေ ဖမ်းဆီးပြီး တရားခံကို အချိန်​တို​လေးအတွင်းမှာဖမ်းမိ​အောင်​ အဘက်​ဘက်​က ကူညီ​ဆောင်​ရွက်​​ပေးခဲ့ကြတဲ့ ခရိုင်​ရဲမှူး နဲ့ မြို့နယ်​ရဲမှူး​တွေအပါဝင်​ အဓိက ပြည်​မြို့​ပေါ်မှာရှိတယ်​ ရဲစခန်း​တွေကတာဝန်​ရှိသူ​တွေ အားလုံးကိုအထူး​ကျေးဇူးတင်​မိပါတယ်​။ကျွန်​​တော်​ဖြစ်​ခဲ့သလို ကျန်​ရှိ​နေတဲ့အ​ဆောင်​​တွေ မှာမဖြစ်​​စေရန်​ဂရုစိုက်​​စေချင်​ပါတယ်​။အ​ဆောင်​​တွေကို အ​ဆောင်​မှူး အ​ဆောင်​ပိုင်​ရှင်​​တွေ စည်းကမ်းတကျနဲ့အမြဲ​လေ့လာ​စောင့်​ကြည့်​ဖို့လိုပါတယ်​။ကျန်​ရှိ​နေတဲ့အ​ဆောင်​​တွေမှာ အခုလိုကိစ္စ​တွေ ထပ်​မံမဖြစ်​ဖို့ လိုအပ်​ပါတယ်​။´´ဟု တရားလို ဧကရီအမျိုးသမီး အ​ဆောင်​ပိုင်​ရှင်​ ဦးထွန်းမင်းလတ်​ က​ပြောသည်​။



အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခရိုင်ရဲမှူး နှင့် ပြည်မြို့နယ်ရဲမှူးတို့ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်အမှတ်(၁)စခန်းမှူး ရဲအုပ်မျိုးဝင်း၊ခရိုင်မှု/ကူအဖွဲ့ မြို့ပေါ်ရဲစခန်းများအပါဝင် သက်ဆိုင်ရာတာဝန်ရှိသူများက အမာခံသတင်းပေးများဖြင့် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပြီး ဇန်န၀ါရီ ၂၆ ရက်နေ့တွင်အခင်းဖြစ်ရာ အဆောင်သို့ ထပ်မံသွားရောက်စစ်ဆေးခဲ့ရာ အသင်္ကာတရားခံအမျိုးသမီး၏ ဓါတ်ပုံအား အခင်းဖြစ်စဉ်နေအိမ်အတွင်းဝင်ရောက်သွားသူအား မြင်လိုက်ရသူ တရားလို၏ ခယ်မဖြစ်သူ မသင်းမြတ်အားပြသခဲ့ရာ တရားခံအစစ်အမှန်ဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။



၎င်းမသင်္ကာတရားခံအမျိုးသမီးမှာမ........၂၁-နှစ်ဖြစ်ပြီး  ပြည်တက္ကသိုလ် တတိယနှစ် မြန်မာစာဖြေဆိုထားသူ တစ်ဦးဖြစ်ပြီး ယခုကဲ့သို့အဆောင်များတွင် တည်းခို၍ ၀င်ထွက် ခိုးယူနေခဲ့သူဖြစ်ကြောင်း ထပ်မံစုံစမ်းသိရရှိရသည်။ အဆိုပါမသင်္ကာတရားခံ မ......၂၁ နှစ်နေထိုင်ရာ ရွာဘဲရပ်ကွက် စက်မှုဇုံဂန္ဓမာကွက်သစ်တွင် အိမ်ငှားနေထိုင်သူဖြစ်ပြီး ၄င်းနေထိုင်ရာနေအိမ် အခန်းအတွင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် သက်သေများရှေ့မှောက်တွင် ရှာဖွေခဲ့ရာ ပျောက်ဆုံးသွားခဲ့သည့် ရွှေထည်ပစ္စည်း တစ်ဆယ်ကျပ်သားခန့်နှင့်ငွေစက္ကူရောရာ နှစ်သိန်းကျပ်အား ဖမ်းစီးရမိခဲ့ကြောင်းသိရသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ မသင်္ကာတရားခံ ပြည်တက္ကသိုလ် တတိယနှစ် မြန်မာစာ ဖြေဆိုထားသူအား ပြည်အမှတ်(၁)နယ်မြေရဲစခန်းတွင် (ပ)၂၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၀-ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိခဲ့သည်​။

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page