၁၈.၉.၂၀၁၅ တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ မီးအိုး၊ ဗျောက်အိုး၊ မီးရှူး၊ မီးပန်းနှင့် အခြားအသံမြည် ပေါက်ကွဲစေတတ်သောပစ္စည်းများ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်း၊ ပစ်ပေါက်ကစားခြင်းများ မပြုလုပ်ရန် တားမြစ်အမိန့် ထုတ်ပြန်ကြေငြာခဲ့ပြီး ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ - ၁၈၈ အရလည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်အရလည်းကောင်း အရေးယူခြင်းခံရမည်ဟု ဒေသန္တရ အမိန့်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။
ထိုသို့ အမိန့် ထုတ်ပြန်ထားသော်လည်း မြို့ထဲ လမ်းမကြီးများအပြင်၊ ရပ်ကွက်လမ်းကြားများအထိ မီးအိုး၊ ဗျောက်အိုးဆိုင်များ ထပ်မံတိုးပွားလာကြောင်း မြင်တွေ့ရပါသည်။
ရပ်ကွက်နေပြည်သူတစ်ဦးမှ " မီးရှူး မီးပန်းလွှတ်တာ ဆော့တာကို မပြောလိုပါဘူး၊ အရမ်းအသံကျယ်တဲ့ တရုတ်ကလာတဲ့ မြေတုန်ဆိုလား အဲ့ဒါမျိုးတွေတော့ ကလေးတွေကို မဆော့စေချင်ဘူး။ ကိုယ်တွေတောင် လန့်လန့်သွားတာ အမှတ်တမဲ့ဆိုတော့ သွားနေလာနေကြတဲ့ စက်ဘီး၊ ဆိုင်ကယ်တွေဆို အန္တရယ်ရှိတယ်လေ " ဟု ပြည်သတင်းသို့ ပြောကြားခဲ့ပြီး
အဆိုပါ တရုတ်နိုင်ငံထုတ် ဗျောက်အိုးများမှာ အမျိုးစားများစွာရှိပြီး၊ တန်ကြေးငွေ ၁၅၀၀၀ိ/ အထိရှိကြောင်း သိရှိရပါသည်။
Pyae Phyo Pyay
ပြည်သတင်း
www.facebook.com/pyaynews



0 comments:
Post a Comment