Monday, June 1, 2015

သာသနာနယ်မြေအတွင်းတောင်ဖြိုမြေသယ်ယူသူအားသံဃာ့နာယကများထံတိုင်ကြားထား

Leave a Comment
သာသနာနယ်မြေအတွင်းတောင်ဖြိုမြေသယ်ယူသူအားသံဃာ့နာယကများထံတိုင်ကြားထား
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေအတွင်းရှိ ၀ိဝေကတောရကျောင်းတိုက်ပိုင် သာသနာ့နယ်မြေအား ဦးကံညွှန်(မဟာမေဃ၀န်ကျောင်းအနီး)နေထိုင်သူမှ သစ်ဝါးများခုတ်ခြင်း၊တောင်များဖြိုချခြင်း၊မြေကြီးများသယ်ယူခြင်းပြုလုပ်နေသောကြောင့် ကျောင်းများပြိုကျတော့မည်ကိုဆိုးရိမ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ တောင်ဖြို မြေသယ်ယူမှုများကို လွန်ခဲ့သောသုံးလခန့်မှ ကားကြီး/ကားလေးများစွာဖြင့် ပြုလုပ်နေခဲ့တာဖြစ်ပြီး ဆရာတော်မှနူတ်ဖြင့်မေတ္တာရပ်ခံတားစီးမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်းယနေ့အထိဆက်လက်လုပ်ကိုင်နေသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းဌာနဆိုင်ရာများနှင့် တိုင်းသံဃာ့နာယကအဖွဲ့များသို့တိုင်ကြားထားကြောင်းသိရသည်။
“ကျောင်းတောင်ဘက်ကအရင်ကဆရာတော်ဘုရားကြီးနှစ်ပါးရဲ့ အရိုးဂူရှိတယ် အဲဘက်မှာမြေတူးတုန်းကလည်းတားတယ်မရဘူး အခုအရိုးအိုးဂူရှာမတွေ့တော့ဘူး တောင်ဖြိုတဲ့အထဲပါသွားတယ် ဒီနားကကျောင်းပိုင်ဝန်းထဲမမှာရှိတဲ့ ရေမြေတောတောင်တွေအားလုံးကိုပထမဆရာတော်လက်ထက်ကတည်းက ထိမ်းသိန်းစောင့်လျှောက်ခဲ့တာ ဦးဉ္ဇင်းလက်ထက်ရောက်မှမပျောက်မခံနိုင်ဘူးကြာရင်ကျောင်းပါပြိုလိမ့်မယ် ” ဟု ၀ိဝေကတောရကျောင်းထိုင်ဆရာတော် ဦးက္ကန္ဒာသီရိ မှပြောသည်။
ပြည်ခရိုင်အတွင်းယခုကဲ့သို့တောင်ဖြိုမြေသယ်မှု့များစွာ ပြုလုပ်လျှက်ရှိပြီးမကြာသေးမှီကလည်း ပြည်မြို့ စင်္ကြန်တောင်အနီးတောင်ဖြိုမြေသယ်ယူစဉ် မြေပိလို့ လူတစ်ဦးသေဆုံးခဲ့ရပါတယ်။အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ဆရာတော်မှ မေ ၂၅ရက်နေ့တွင် တိုင်းသံဃာ့နာယကအဖွဲ့များနှင့် သက်ဆိုရာမြေစာရင်းဌာနများ နှင့် အခြားဌာနဆိုင်ရာများသို့တိုင်ကြားစာများအဆင့်ဆင့်ပို့ခဲ့ပြီး မေ-၂၇-ရက်နေ့တွင်ဝိဝေကတောရကျောင်းတိုက်အတွင်းသက်ဆိုင်ရာသံဃာများနှင့်ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများအစည်းဝေးပြုလုပ်ခဲ့ပြီး
မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page