Wednesday, June 14, 2017

ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော သင်တန်းနည်းပြဆရာနှင့်သင်တန်းသားများထံမှငွေနှင့် ဟမ်းဖုန်းများအခိုးခံရ

Leave a Comment

ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော
သင်တန်းနည်းပြဆရာနှင့်သင်တန်းသားများထံမှငွေနှင့်
ဟမ်းဖုန်းများအခိုးခံရ
ပြည် ဇွန်လ( ၁၃ ) ရက်နေ့ 
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ ရွာဘဲရပ်ကွက်၊
ဗိုလ်ချုပ်လမ်းတောင်ဘက်ခြမ်းရှိ၊ ရွာဘဲတောင်ပေါ်ကျောင်း
တိုက် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော
သင်တန်းနည်းပြဆရာနှင့်သင်တန်းသားများထံမှ ဇွန်လ(၁၃)
ရက်နေ့ နံနက်(၃)နာရီ (၄၅)မိနစ်အချိန်ခန့် ငွေနှင့် ဟမ်းဖုန်း
များ အခိုးခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ(၈) နေ့မှ ဇွန်(၂၄) ရက်နေ့အထိ
ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းတက်ရောက်နေသော
သင်တန်းသားများ နေထိုင်သည့် ဓမ္မစကူးလ်ကျောင်း
ဆောင် ရှေ့မျက်နှာစာ အပေါ်ထပ်ပြူတင်းပေါက်မှာ
ပွင့်နေပြီး ဘုန်းကြီးကျောင်းရေစင်တွင်အသုံးပြုသော
အရှည်(၁၅)ပေခန့် သစ်သားလှေကား တစ်ခုထောင်
လျက် တွေ့ရှိရပြီး သင်တန်းတက်နေကြသော သင်
တန်းနည်းပြဆရာ နှင့် သင်တန်းသားများထံမှ ငွေ
(၁၃၀၀၀၀ိ/)ကျပ်ခန့်နှင့် လက်ကိုင်ဖုန်း(၁၂)လုံး အ
ခိုးခံလိုက်ရတယ်လို့ သိရတယ်။
ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သတ်၍ ဓမ္မစကူးသင်တန်း
ဆရာနှင့် သင်တန်းသားများထံမှ ဖုန်းဟန်းဆက်များ
နှင့် ငွေကြေးများအား ခိုးယူသူကို စုံစမ်းဖော်ထုတ်အ
ရေးယူပေးပါရန် ဦးသန်းထွန်းဦး၊ ပြည်ဓမ္မစကူး ကော်
မတီဝင်၊ အမှတ်(၁၅၁၈)၊ အနောက်စောင်းတန်းလမ်း၊
ဆံတော်ရပ်ကွက်၊ ၊ ပြည်မြို့နေသူမှ ရဲစခန်းလာရော
က် တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း(ပ)၁၂၃၆/၂၀၁၇
ရာဇသတ်ကြီး ပုဒ်မ-၃၈၀ အရ အမှုရေးဖွင့် ဆောင်ရွက်
ခဲ့ကြောင်းနှင့်အမှုအား ရဲအုပ် လှဝင်း မှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
ပြည်သတင်း

0 comments:

Post a Comment

Facebook Like Page