Monday, September 1, 2014

ကမ္ဘာ့ဘဏ်က မြန်မာတပြည်လုံးက မူလတန်းကျောင်းသားတွေအတွက် ပေးရမဲ့ထောက်ပံ့ကျေးငွေ တွေကို ပဲခူးတိုင်း၊ပြည်မြို့နယ်မှာ မပေးဘဲ အလွဲသုံးစားလုပ်ထားတာကြောင့်ရဲစခန်းမှာအမှုဖွင့်အရေးယူထား

3 comments
ကမ္ဘာ့ဘဏ်က မြန်မာတပြည်လုံးက မူလတန်းကျောင်းသားတွေအတွက် ပေးရမဲ့ထောက်ပံ့ကျေးငွေ တွေကို ပဲခူးတိုင်း၊ပြည်မြို့နယ်မှာ မပေးဘဲ အလွဲသုံးစားလုပ်ထားတာကြောင့်ရဲစခန်းမှာအမှုဖွင့်အရေးယူထား
**************************************************************************

ပညာရေးဌာနက ပြည်မြို့နယ်ကို ၂၀၁၄/ ၂၀၁၅ ပညာသင်နှစ်အတွက်ထောက်ပံ့ငွေနှင့် ကျောင်းဖွဲ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကြေးငွေများကို ကျောင်းများသို့ပေးအပ်ခြင်းမရှိပဲ အလွဲသုံးစားလုပ်သည်ဟု သံသယရှိသူ ယာယီမြို့နယ်ပညာရေးမှူးနှင့် စာရေးတို့အား လက်ရှိမြို့နယ်ပညာရေးမှူးက မြို့မ ရဲစခန်းမှာအမှုဖွင့်တိုင်တန်းထားလိုက်တာဖြစ်ပါတယ်။
ပြည်မြို့နယ် မူလတန်းကျောင်းသားများအတွက် တစ်ဦးကို ထောက်ပံ့ကြေးငွေ ၁၀၀၀ ကျပ်အဖြစ် မေလ ၂၉ ရက်နေ့ကချထားပေးခဲ့သည့် ငွေကျပ် ၁၈၆၅၀၀၀၀ နှင့် ဇွန်လ ၂ ရက်နေ့က ချထားပေးခဲ့တဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှထောက်ပံ့ကြေးငွေကျပ် ၃၉၆၅၀၀၀၀ တို့ကို လက်မှတ်ရေးထိုးထုတ်ပေးခဲ့သည့် ယခင်တာဝန်ခံမြို့နယ်ပညာရေးမှူးယခု အ.ထ.ကအမှတ်(၁) ကျောင်းအုပ်ကြီး ဦးဇော်မြနှင့် ထုတ်ယူခဲ့သူ စာရေး(၃) ဦးဌေးနိုင်မှ ကျောင်းများကိုပြန်လည် ခွဲဝေချထားပေးခြင်းမရှိတဲ့အတွက် လက်ရှိမြို့နယ်ပညာရေးမှူးဖြစ်သူဦးတင်ဦး ကတရားလိုပြုလုပ်ကာ အမှတ်(၂)မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပါတယ်။
ဖြစ်သွားတာက ကျွန်တော်မရောက်ခင်မှာဖြစ်သွားတာပါ တရားစွဲဆိုရတာကတော့ အထက်ကညွှန်ကြားချက်နဲ့လုပ်ရတာပါ ကျွန်တော်ကခွဲဝေပေးပြီးပြီလို့တောင်ထင်တာ ကျောင်းတွေကလည်းဘာမှရမရပြန်မတက်လာဘူးလေ။ အခုမှမရဘူးဆိုတာသိရတာပါ။ သိသိချင်းကျွန်တော်တို့ညှိုနိုင်းပါသေးတယ်။ နောက်ဆုံးမရမှ အထက်ကတရားစွဲဆိုကမှစွဲရတာ လက်ရှိမှာကျောင်းအုပ်ကြိးကိုတော့ တာဝန်ထမ်းဆောင်ဆဲပါပဲ စာရေးကတော့ရုံးလာမတက်တော့ဘူး အမှုကိုတော့စစ်ဆေးနေဆဲပါပဲ” လို့တရားစွဲဆိုထားသည့် မြို့နယ်ပညာရေးမှုးက ရှင်းပြပါ
အဆိုပါတိုင်တန်းမှုကို သြဂုတ်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့အမှတ်(၂)မြို့မရဲစခန်းမှ (ပ) ၇၃၅/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၉ ဖွင့်အရေးယူစစ်ဆေးလျှက်ရှိကြောင်းသိပြီး။သွားရောက်မေးမြန်းခဲ့ရာမှာတော့ မြို့မစခန်းမှုးက ဖြေဆိုခွင့်မရှိကြောင်းနဲ့ ၀န်ထမ်းတွေဖြစ်တာကြောင့် မဖေါ်ပြသင့်ကြေင်းပြောပြီးငြင်းဆန်လိုက်ပါတယ်။
ပြည်မြို့နယ်တွင်း မူလတန်းအဆင့်ကျောင်းပေါင်း ၁၇၉ ကျောင်းရှိပြီး မူလတန်းကျောင်းသား/သူ ၁၈၆၅၀ ဦးရှိကြောင်း သိပါတယ်။

ကိုမင်းညို(DVB)




3 comments:

  1. အင်း စုစုပေါင်း ၅၈၃ သိန်းပေါ့

    ReplyDelete
  2. ဒါပေမယ့် ပဲခူးတိုင်း ၂၈ မြို့နယ်က တစ်မြို့နယ် ၅ သိန်းနှုန်းနဲ့ သိန်း၁၄၀ သွင်းရမယ်ဆိုတာ ဘာကြောင့်လဲ

    ReplyDelete
  3. အလွဲသုံးစားငွေကျေအောင်လို့သွင်းရရင်တော်သေးတယ် မကျေပဲနဲ့ မြို့နယ်တိုင်းက စုခံရမယ်ဆိုတော့ ဘာသဘောလဲ

    ReplyDelete

Facebook Like Page