ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော် ဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓမြတ်စွယ်တော် ရတနာအားအပူဇော်ခံရာ ရွှေကျောင်းဆောင် ရွှေပလ္လင်တော်ပေါ်သို့ပင်ဆောင်သည့် အခမ်းအနား
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းလည်မြို့ ဗုဒ္ဓမြတ်စွယ်တော် ဖွင့်ပွဲအခမ်းအနား နှင့်ဗုဒ္ဓမြတ်စွယ်တော်ရတနာအားအပူဇော်ခံရာ
ရွှေကျောင်းဆောင်ရွှေပလ္လင်တော်ပေါ်သို့ပင်ဆောင်သည့် အခမ်း
အနားကို စက်တင်ဘာလ(၂၅)ရက်နေ့ ညနေ(၄း၃၀)အချိန်တွင်
မြတ်စွယ်တော် အာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သာသနာတော်သက္ကရာဇ် ၂၅၅၉ ခုနှစ်၊ခရစ်သက္ကရာဇ် ၂၀၁၅-ခုနှစ်
၊ကော ဇာသက္ကရာဇ် ၁၃၇၇ခုနှစ် တော်သလင်းလဆန်း(၁၂) ရက်၊ညနေ
(၄)နာရီ (၃၀)မိနစ် အချိန်တွင် ပေါင်းတည်မြို့၏(၁၁၅)ကြိမ်မြောက်၊ (၁၈၈)နှစ်ပြည့်
ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲတော်ကြီး ဖွင့်ပွင့်နှင့်ဗုဒ္ဓမြတ်စွယ်တော်ရတနာ
အား တစ်နှစ်တာ ကိန်ဝပ်စ့ပါယ်တော်မူရာ ဂန္ဓကုဋိ ရွှေတိုက်တော်မှ အပူဇော်
ခံရာ ရွှေကျောင်ဆောင်ရွှေပလ္လင်တော်ထက်သို့ပင့်ဆောင်သည့်အခမ်းအနားကို
ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ်အရ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍
အခမ်း အနားဖွင့်လှစ်ခြင်း၊ဗုဒ္ဓမြတ်စွယ်တော်ရတနာအား ဖူးမျှော်ကြည်ညိုကြ
မည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့်တကွဘုရားဖူးပရိတ်သတ်များအားလုံးက ငါးပါး
သီလ ခံယူဆောက်တည်ခြင်း၊ဗုဒ္ဓမြတ်စွယ်တော်၏အတ္ထုပ၌တ္တိ အကျဉ်းကို
မြတ်စွယ်တော် အခမ်းအနားစီစဉ်မူအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးမြတ်စိုး ကဖတ်ကြားတင်ပြခြင်း၊
ဗုဒ္ဓမြတ်စွယ်တော်ရတနာအား တစ်နှစ်တာ ကိန်းဝပ် စံပါယ်တော်မူရာဂန္ဓကုဋိ ရွှေတိုက်တော်အတွင်းမှ အပူဇော်ခံရာ ရွှေကျောင်
ဆောင်ရွှေပလ္လင်တော်ထက်သို့ ပင့်ဆောင်ကြွမြန်းတော်မူပါရန် ဦးရွှေတိုး က “ဂါထာတော်”ဖြင့် ပင့်လျှောက်ခြင်း၊ ဂန္ဓကုဋိ ရွှေတိုက်တော်အတွင်းမှ အပူဇော် ခံရာ ရွှေကျောင်ဆောင်ရွှေပလ္လင်တော်ထက်သို့ ပင့်ဆောင်ကြွမြန်း ချိန်သင့်ပြီ
ဖြစ်ပါကြောင်း“အဘိတ္တဝိတ ပူဇန မင်္ဂလာ ရတုကဗျာ” ဖြင့် ပေါင်းတည် အ.ထ.
က အထက်တန်းပြဆရာမ (အငြိမ်းစား)ဒေါ်မြင့်စိုး ကရွတ်ဆို ပူဇော်ခြင်း၊ပေါင်း
တည် အ.ထ.က အထက်တန်းပြဆရာမ(အငြိမ်းစား)ဒေါ်မြင့်စိုး က“ဦးညွတ်ရိုေ
သ တောင်းဆုချွေရာ ပတ္တနာတေးထပ်”ဖြင့် ဆက်လက် သီဆိုပူဇော်ခြင်း၊
တစ်နှစ် တာကိန်းဝပ်စံပါယ်တော်မူရာ ဂန္ဓကုဋိ ရွှေတိုက်တော်အတွင်းမှ
အပူဇော်ခံရာ ရွှေကျောင်ဆောင်ရွှေပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း
တို့ပြုလုပ်ခဲ့ကျသည်။
အဆိုပါ ဗုဒ္ဓမြတ်စွယ်တော် ဖွင့်ပွဲအခမ်းအနား နှင့် ဗုဒ္ဓမြတ်စွယ်တော် ရတနာ
အားအပူဇော်ခံရာ ရွှေကျောင်းဆောင်ရွှေပလ္လင်တော်ပေါ်သို့ပင်ဆောင်သည့်
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးဥာဏ်ဝင်း ၊
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်နှင့်ဌာနဆိုင်ရာအကြီး
အကဲများ၊(၁၁၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပရေး
ဦးစီးကော်မတီ နာယကကြီးများ ၊ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ နှင့်
အဖွဲ့ဝင်များ ၊ဗုဒ္ဓမြတ်စွယ်တော် အခမ်းအနားစီစဉ် မူအဖွဲ့ နာယက ၊
ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊သကျမုနိမိုဃ်းကောင်းဘုရားကြီး ဝေယျာဝစ္စ
အဖွဲ့ဝင်လူကြီးများ ၊ဗုဒ္ဓမြတ်စွယ်တော်ရတနာအား ဖူးမျှော်ကြည်ညိုရန်
ကြွရောက်လာသူ ဘုရား ဖူးပရိတ် အပေါင်းတို့ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
ပြည့်သဲမောင်(ပြည်) ၀၉ ၄၂၃၆၇၁ ၈၈၃
ပြည်ခရိုင်သတင်းစုံ



0 comments:
Post a Comment