Sunday, November 1, 2015

ဆရာခန့်ကျော်စွာ၏ "အောင်းထူးဆန်း ဟောစာတမ်း"

Leave a Comment



၁.၁၁.၂၀၁၅ မှ ၇.၁၀.၂၀၁၅ အတွင်း



တနင်္ဂနွေသားသမီးများအတွက်

          ယခုအပါတ်အတွင်း ငွေကိစ္စများ စိတ်ချမ်းသာစရာကြုံမည်။ အကြီးအကဲအမျိုးသမီးကြီး၏ ကူညီမှု ရမည်။ ကွဲကွာနေသူများ၏ သတင်းကောင်းကြားရမည်။ အနုပညာနှင့် ပတ်သက်သော ကိစ္စများ အခွင့် အရေးထူးရမည်။ သြဇာအာဏာရှိသော အချိန်ဖြစ်သည်။ ပြောစကားများအောင်မြင်မည်။ တာဝန်၊ ၀င်ငွေ တိုးခြင်း၊ အလုပ်အသစ်စတင်အောင်မြင်ခြင်းကြုံမည်။ ခရီးဝေးကိစ္စအောင်မြင်မည်။ ဆွေမျိုး၊ မိသားစုနှင့် စကားအဆင်မပြေမှု ကြုံတတ်သည်။ စာရွက်စာတမ်း အထားမှားခြင်း ဂရုစိုက်ပါ။

          ကျန်းမာရေးအတွက် အညံ့အခိုက်မရှိသော်လည်း လက်ထိခိုက်မိခြင်း၊ ရေနွေးပူလောင်ခြင်း ဂရုစိုက် သင့်သည်။ မိသားစု ကျန်းမာရေးအညံ့ကြုံပါက ခိုငှက်အစာဒါနလုပ်ပါ။ အချစ်ရေးအတွက် ရေခြားမြေခြား ဝေးကွာနေပြီး စိတ်ချမ်းသာစရာအဆက်အသွယ် သတင်းကောင်းရမည်။ ကြီးကဲသောအမျိုးသမီး အချစ်ရေး ကူညီမည်။

ယတြာ

          တနင်္ဂနွေထောင့်တွင် အ၀ါရောင်နှင်းဆီပန်း (၉)ပွင့်လှူဒါန်းပါ။ အချစ်ရေးအဆင်ပြေဖို့အတွက် ငှက်သင်္ကေတအရုပ်ပါသော လက်ဆောင်ပေးပါလေ။



တနင်္လာသားသမီးများအတွက်

          ယခုအပါတ်အတွင်း အခက်အခဲကြားမှ ကူညီသူများပေါ်မည်။ ငွေကိစ္စများပြေလည်သွားမည်။ မိတ်ဆွေဟောင်းများအကျိုးပြုမည်။ လျှပ်စစ်ပစ္စည်း အဖိုးတန်ဝင်မည်။ သူတစ်ပါးအလှူမင်္ဂလာကိစ္စ ကူညီ ရမည်။ ခွေး၊ ကြောင် တိရစ္ဆာန်အတွက် စိတ်ညစ်ရတတ်သည်။ မိသားစုအဆောက်အအုံနေရာကိစ္စ စီစဉ်ခြင်း အောင်မြင်မည်။ အလုပ်အသစ်စတင်ရန်အတွက် လူကြီးများနှင့် ညှိနှိုင်းရတတ်သည်။ အရေးကြီးစကားပြော လျှင် သကြားအနည်းငယ်စားပြီးပြောပါ။ အနီးအနားတွင် အဆောက်အအုံကိစ္စ၊ ဆိုင်းဘုတ်၊ ဆေးသုတ်ခြင်း ကိစ္စပေါ်ပါက (၂၊ ၇၊ ၉) ပါသောထီထိုးပါ။ ကျန်းမာရေးအတွက် လေထိုး၊ လေအောင့်၊ ၀မ်းဗိုက်နှင့်ပတ်သက် သောအညံ့ပေါ်တတ်သည်။ အစားမှားခြင်းဂရုစိုက်ပါ။

          အချစ်ရေးအတွက် အနှောင့်အယှက်၊ အဟန့်အတားကြားမှ စိတ်ချမ်းသာစရာ တွေ့ဆုံရခြင်းများ ကြုံမည်။ အပျိုကြီး၊ လူပျိုကြီးတို့မှ ကြားဝင်မေတ္တာပေါင်းကူး၍ ကူညီပါလိမ့်မည်။

ယတြာ

          တနင်္လာထောင့်တွင် ထီးဖြူ (၁၀)လက်၊ ပန်းဖြူ (၁၀)ပွင့်ပူဇော်ပါ။ အချစ်ရေးအဆင်ပြေဖို့အတွက် အ၀ါရောင်လက်ဆောင်ပစ္စည်းတစ်ခု ပေးလိုက်ပါ။ ချစ်သူနှင့်တွေ့ဆုံခွင့်ရရန် ညောင်ပင်ရေလောင်း၍ ဆုတောင်းပါ။



အင်္ဂါသားသမီးများအတွက်

          ယခုအပတ်အတွင်း အခွင့်အရေးထူးများရမည်။ ဆရာသမား၊ ကြီးကဲသူမှ အထူးကူညီမည်။ အလှူ မင်္ဂလာကိစ္စ ဦးဆောင်ပေးရမည်။ သူတစ်ပါးအချစ်ရေး၊ ငွေကိစ္စ ကြားညပ်တတ်သည်။ ဆွေမျိုး၌ အထူး မင်္ဂလာပေါ်လျှင် အပူးပါသော အောင်ဘာလေထီကံစမ်းပါ။ သင်တန်း၊ ပညာရေး အထူးပေါ်ခြင်း၊ ဆုထူး၊ ဂုဏ်ထူးရခြင်းကြုံမည်။ စာချုပ်၊ လျှောက်လွှာကိစ္စအောင်မြင်မည်။ အဆောက်အအုံ၊ အိမ်နေရာ၊ ဆိုင်နေရာ၊ အလုပ်ခန်း၊ ရုံးခန်းကိစ္စ ပြင်ဆင်ရမည်။ ရည်ရွယ်ချက်များအောင်မြင်သောကာလဖြစ်သည်။ တာဝန် များမည်။

          ကျန်းမာရေးအတွက် ခြေထောက်၊ ခါးအနည်းငယ် ညံ့တတ်သည်။ အင်္ဂါနေ့တွင် ဆေးရုံသို့ လူနာ သတင်းမေးခြင်းရှောင်ပါ။ အချစ်ရေးအတွ့်တော့ စိတ်ချမ်းသာစရာများ ပြည့်စုံနေပါလိမ့်မည်။ ချစ်သူ၏ အလိုလိုက်မှု မေတ္တာတရားကြီးမားခြင်းကိုသိရပါလိမ့်မည်။ ချစ်သူမရှိသေးသူအတွက် ဖူးစာရှင်အမှန် တွေ့ရပါလိမ့်မည်။ အဖိုးတန်ပစ္စည်းဝင်မည်။

ယတြာ

          အင်္ဂါထောင့်တွင် သာသနာ့အလံ (၃)လက်၊ သပြေ (၁၀)ညွန့်ပူဇော်ပါ။ အချစ်ရေးအဆင်ပြေဖို့ အတွက် ချစ်သူကို မိန်းကလေးအဆိုတော်တစ်ဦး သီချင်းခွေလက်ဆောင်ပေးလိုက်ပါ။











ဗုဒ္ဓဟူးသားသမီးများအတွက်

          ယခုအပတ်အတွင်း မျှော်လင့်မထားသော ကံထူးကံသာခြင်း အခွင့်အရေးများရမည်။ မိသားစု စိတ်ချမ်းသာစရာ အခြေအနေများဆက်တိုက်ကြုံမည်။ အခေါ်အပြောပျက်နေသော ဆွေမျိုးများနှင့် ပြန်လည် သင့်မြတ်သွားမည်။ မိသားစု ငယ်သူအတွက် အဖိုးတန်ပစ္စည်းဝင်မည်။ မွေးဖွားသတင်းကြားလျှင် ၁၊ ၆၊ ၉ ပါသောထီထိုးပါ။ အဝေးမှ ဧည့်သည်ရောက်မည်။ မြေကိစ္စ၊ နေရာကိစ္စ၊ ကျန်းမာရေးကိစ္စ ကူညီရမည်။ အဖိုးတန်ပစ္စည်းဝယ်ခြင်း တနင်္လာနေ့ရှောင်ပါ။ မိသားစုအတွက် ရည်ရွယ်ထားသောကိစ္စများ အောင်မြင် မည်။

          ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိပါ။ မျက်စိနာခြင်း၊ အမှိုက်ပိုးကောင်ဝင်ခြင်း အထူးဂရုစိုက်ပါ။ အချစ်ရေးအတွက်တော့ အနှောင့်အယှက်များ ကင်းရှင်းသွားပြီး ရည်ရွယ်ကြံစည်ထားခြင်းအတွက် စိတ်ချမ်း သာစရာများကြုံမည်။ မင်္ဂလာကိစ္စ စီစဉ်ရလျှင်အောင်မြင်မည်။

ယတြာ

          ဗုဒ္ဓဟူးထောင့်တွင် ပန်းကုံး (၇)ကုံး၊ ရေ (၇)ခွက် ပူဇော်ပါ။ အချစ်ရေးအဆင်ပြေဖို့အတွက်တော့ ဖန်ခွက်လှလှလေးတစ်ခု ချစ်သူကိုလက်ဆောင်ပေးပါ။



ကြာသပတေးသားသမီးများအတွက်

          ယခုအပတ်အတွင်း မိမိကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်ခံစားခွင့်ရမည်။ အပြိုင်အဆိုင်၊ အဟန့်အတားများကို ကျော်လွှားအောင်နိုင်မည်။ နေရာကိစ္စစီစဉ်ရမည်။ ဘာသာရေးကိစ္စများ အောင်မြင် မည်။ ခရီးထူးနှစ်ကြိမ်၊ နှစ်ဆင့် သွားရတတ်သည်။ ငွေကိစ္စများကူညီသူပေါ်မည်။ ဆွေမျိုးမိသားစု၏ ပဋိပက္ခများ ပြေလည်သွားမည်။ ပစ္စည်းပျောက်ခြင်းဂရုစိုက်ပါ။ လူရင်းသူငယ်ချင်းနှင့် အထင်လွဲမှားမှု ကြုံမည်။ အဖိုးတန်ပစ္စည်းဝယ်ခြင်း သောကြာနေ့ရှောင်ပါ။

          ကျန်းမာရေးအတွက် ဆွေမျိုးအကြီးအကဲအညံ့ပေါ်တတ်သည်။ သူတစ်ပါးဆေးရုံ ကုသမှုကူညီ ရမည်။ အအေးမိခြင်းဂရုစိုက်ပါ။ အချစ်ရေးအတွက်တော့ ကြားစကားများကြောင့် စိတ်ညစ်ရသော်လည်း ပြေလည်သွားပါလိမ့်မည်။ ချစ်သူ၏တဇွတ်ထိုးစိတ်ကြောင့် စကားအဆင်မပြေ ဖြစ်တတ်သည်။ ချစ်သူ အတွက် သင်တန်းအထူးပေါ်မည်။

ယတြာ

          ကြာသပတေးထောင့်တွင် ယပ် (၄)လက်၊ ဖယောင်း (၄)တိုင်ပူဇော်လှူဒါန်းပါ။ အချစ်ရေးအဆင် ပြေဖို့အတွက် ချစ်သူကို ထီး (သို့မဟုတ်) ဦးထုပ်လက်ဆောင်ပေးပါလေ။

သောကြာသားသမီးများအတွက်

          ယခုအပတ်အတွင်း ဘာသာရေးနှင့် ပတ်သက်သူများ အကျိုးပြုမည်။ ဘာသာရေးပုံတောရလျှင် ၄၊ ၆၊ ၀ ပါသောထီထိုးပါ။ လူချစ်လူခင်များသောကာလဖြစ်သည်။ အဝေးရောက်နေသော အကြီးအကဲ တို့၏ ထောက်ပံ့ကူညီမှုရမည်။ အမွေ၊ ရွှေ၊ အဖိုးတန်ပစ္စည်းဝင်မည်။ ကံစမ်းမဲကိစ္စအောင်မြင်မည်။ နေရာ ပြောင်းရွှေ့ခြင်း၊ အလုပ်သစ်စတင်ခြင်းစီစဉ်ရမည်။ အနီးအနားအဆောက်အအုံကိစ္စ ပြင်ဆင်မှုပေါ်လျှင် ဘုရားညောင်ပင်ရေလောင်းပါ။ ငွေကိစ္စဆုံးရှုံးထားခြင်းများ ပြန်ရမည်။ ငွေအတွက်စကားပြောလျှင် တနင်္လာနေ့ ရှောင်ပြီးပြောပါ။

          ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိပါ။ အစိုးရိမ်လွန်၍ ဆေးမှားခြင်းကြုံတတ်သည်။ သူငယ်ချင်း မိတ်ဆွေ ဆေးကုသမှုကူညီရမည်။ ဆေးရုံသို့လူနာမေးလျှင် အသီးလက်ဆောင်ပေးပါ။ အချစ်ရေးအတွက် တော့ ပျော်ရွှင်ကြည်နူးစရာများသာ မျှော်လင့်ထားပါလေ။ မြှားနတ်မောင်၏ကူညီသော အချိန်ဖြစ်သည်။

ယတြာ

          သောကြာထောင့်တွင် ပန်းအဖြူရောင် (၁၉)ပွင့်၊ ထီးဖြူ (၁)လက် လှူပါ။ အချစ်ရေးအဆင်ပြေ ဖို့အတွက် ချစ်သူကို အဖြူရောင်ပန်းစည်း (သို့) ပန်းခြင်း လက်ဆောင်ပေးလိုက်ပါ။



စနေသားသမီး

          ယခုအပတ်အတွင်း ကံကောင်းမှုများနှင့် တွေ့ကြုံရသော အချိန်ဖြစ်သည်။ ရည်ရွယ်ချက်များ အောင်မြင်မည်။ မိတ်ဆွေကောင်းများနှင့် တွေ့ဆုံရမည်။ ရည်ရွယ်ထားသော ကိစ္စများအတွက် ဆရာသမား ကူညီမည်။ စပ်တူအလုပ်စခြင်း၊ နေရာသစ်စီစဉ်ခြင်း ဦးဆောင်ရမည်။ သူငယ်ချင်းဟောင်းများ ပြန်ဆုံ တွေ့၍ အကျိုးပြုမည်။ ရေနားနီးသူ၊ ရေနှင့်ပတ်သက်သူကြောင့် စိတ်ညစ်ရမည်။ ယခုလအတွင်း နာရီ မ၀ယ်သင့်ပါ။

          ကျန်းမာရေးအတွက် အူ၊ ဦးခေါင်း၊ ၀မ်းဗိုက်အညံ့ရှိသည်။ အစားမှားခြင်းဂရုစိုက်ပါ။ မိသားစု ကျန်းမာရေးပေါ်လျှင် သံပရာရည် ဘုရားလှူပါ။ အချစ်ရေးအတွက်တော့ ချစ်သူနှစ်ဦးကြား မြို့ရွာ ခြားနား နေခြင်းများနှင့် ရည်ရှည်ဝေးကွာနေခြင်းတို့ ကြုံရတတ်သည်။ ချစ်သူနှစ်ဦး မတွေ့ဆုံနိုင်ကြပေမယ့် မေတ္တာ တရားကြီးစွာ တစ်ဦးကိုတစ်ဦး သတိရနေပါလိမ့်မည်။

ယတြာ

          စနေထောင့်တွင် အနီရောင် နှင်းဆီပန်း (၁၀)ပွင့်၊ ထီးအနီတစ်လက်လှူပါ။ အချစ်ရေးအဆင်ပြေ ဖို့အတွက် ပိုက်ဆံအိတ်တစ်ခု လက်ဆောင်ပေးပါလေ။

၇ ရက်သားသမီးများ
အဆင်ပြေပါစေကြောင်း မေတ္တာပို့သလျှက် ...

ခန့်ကျော်စွာ
အောင်ထူးဆန်းဗေဒင်ယတြာခန်း
09-423 660 144

ပြည်သတင်း စာမျက်နှာတွင်
ဆရာခန့်ကျော်စွာ(အောင်ထူးဆန်း-ဗေဒင်ယတြာခန်း)၏
(၇) ရက်-တစ်ပတ်စာ ခုနှစ်ရက်သားသမီးများအတွက်
ကံဇာတာ အကောင်းအဆိုး၊ အကြောင်းအကျိုးဆောင်ရန်ရှောင်ရန်
အထူးယတြာများ ပါဝင်သော
"အောင်းထူးဆန်း-ဟောစာတမ်း" ကို
တနင်္ဂနွေနေ့တိုင်း အပတ်စဉ် တင်ဆက်ပေးမည်ဖြစ်ပါသည်။

ဗေဒင်ဝါသနာရှင်ပရိတ်သတ်များ
ကျေနပ်မှုရကြစေဖို့ မျှော်လင့်လျှက် ...

ခန့်ကျော်စွာ
အောင်ထူးဆန်းဗေဒင်ယတြာခန်း
09-423 660 144

ပြည်သတင်း
www.facebook.com/pyaynews
09 430 47862


0 comments:

Post a Comment

Facebook Like Page