ဧရာဝတီမြစ်အလယ်ရှိ
ကျွန်းတစ်ကျွန်းပေါ်တွင် ကျေးရွာခြောက်ရွာရှိ အိမ်ခြေ ၆၀၀-ခန့်ရေနစ်မြုပ်
ဧရာဝတီတိုင်းဒေသကြီး
ကြံခင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်လယ်ကျွန်းများဖြစ်သော သာစည်၊အနောက်ကုန်း၊အလယ်ကုန်း၊တဲ တန်း၊အလယ်ကျွန်း၊အထက်ကုန်း
စသည့် ကျေးရွာကြီး(၆)မှာ အိမ်ခြေပေါင်း (၆၀၀)ကျော်ရေနစ်မြုပ်မှုများဖြစ် ပေါ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါရွာကြီးများအတွင်း
ဇူလိုင် ၂၇-ရက်နေ့မှစတင်ကာ ရွာသွန်းမိုးနှင့်ဧရာဝတီမြစ်ေ ရတိုးလာမှုများကြောင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြော င်းသိရသည်။
ရွှေတောင်မြို့ ညောင်စာရေးတိုက်နယ်အတွင်း ဧရာဦး၊ရေလမ်းကျွန်း၊လှေကြီးစု၊ ဆင်ရွာ၊မင်းလမ်းရက်ကွက်၊ဇီးကျွ န်း၊ကျွန်းလယ်၊ပဒေသာ၊ရွှေဟင်္သာ၊ေ သာင်ပြင်ကုန်း၊ကျွမ်းမီး၊သာစည်၊ ဘူးခုံ၊တဲတန်း
စသည့်ကျေးရွာနှင့်ရပ်ကွက်တစ်ချို့မှာလည်း ရေကြီးရေလျှံရေနစ်မြုပ်မှုများ တစ်ဆက်တည်းဖြစ်ပေါ်ခဲ့ကြောင်းသိ ရသည်။
“အလှူဒါန်းတွေသိပ်မရောက်တဲ့နေရာ တွေရွေးချယ်လှူတာ။မနေ့ကလက်ဘက် ရည်ဆိုင်ထိုင်ရင်းဆန်နဲ့စပါးရော င်းဝယ်ရေးလုပ်ကြတဲ့သူငယ်ချင်းေ တွစကားဆပ်မိရာကနေအခုလိုအခက်ခြဲ ဖစ်တဲ့နေရာတွေကိုလှူဒါန်းဖြစ်တာ ။ပစ္စည်းတန်ဖိုးငွေ
၂၂-သိန်းကျော်ကို လှူဒါန်းသူနည်းတဲ့ ရေလယ်ကျွန်းမှာရှိတဲ့ကျေးရွာကြီးခြောက်ရွာမှာဒီနေ့လာလှူတာပါ။ သက်ဆိုင်ရာဌာနတွေကတော့
တားစီးပိတ်ပင်တာမရှိပါဘူး။ကျွန် တော်တို့လှူဒါန်းမှုတွေကမပျံ့နှံ့ နိုင်ဘူး ကျန်ရှိနေတဲ့
လှူဒါန်းမှုနည်းပါးတဲ့ကျေးရွာတွေ ကို ဌာနဆိုင်ရာတွေလာရောက်လှူဒါန်းေ ပးစေချင်ပါတယ်။နောက်ထပ်အခုလိုလှူဒါန်းမှုနည်းတဲ့နေရာတွေကိုပါဆက် လက်လှူဒါန်းသွားမှာပါ။”
ဟု ပေါင်းတည်ပရဟိတကုန်သည်ညီနောင်များအဖွဲ့
ကိုသန်းနိုင်ဦး မှ သမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါကျွန်းပေါ်ရှိကျေးရွာ(၆)ရွာမှအိမ်ခြေ(၆၀၀)ခန့်သည်လတ်တလော ကျန်းမာရေးအခြေအနေများစိုးရိမ် စရာမရှိသော်လည်းအရေးပေါ်ကျန်းမာေ ရးအခြေအနေဖြစ်ပေါ်လာပါကဧရာဝတီတို င်းအတွင်းသွားရောက်ဆေးကုသမှုမရှိ ဘဲနီးစပ်ရာပဲခူးတိုင်းဒေသကြီး အတွင်းရှိမြို့ပေါ်ဆေးရုံကြီးများသို့သွားရောက်ဆေးကုသလျှက်ရှိေ ကြာင်းသိရသည်။ဆေးကုသမှုခံယူရန် အတွက်
ဧရာဝတီမြစ်ရေပြင်အားစက်လှေငယ်ေ လးများဖြင့် ၄၅-မိနစ်ကျော် ဖြတ်သန်းခဲ့ရပြီးတစ်ဖက်ကမ်းအရော က်တွင်မြို့ပေါ်သို့၁၄မိုင်ခန့် သွားရောက်ဆေးကုသလျှက်ရှိကြောင်းသိရသည်။
“ရွာအနီးမှာ အကောက်တောင်ရေ၀ဲရှိတော့
လာရောက်လှူတန်းတဲ့အလှူရှင်တွေ နည်းနေတယ်။လူမှုရေးအသင်းဖွဲ့ပရဟိ တအသင်းဖွဲ့တွေလာလှူကြပါတယ်။တခြားအလှူရှင်တွေလာတယ်။အစိုးရဌာနဆို င်ရာတွေလာလှူတာတော့ခုထိမရှိသေး ဘူး။ကျန်းမာရေးကတော့ထူးခြားတာမြ ဖစ်သေးဘူး။ဖြစ်လာခဲ့ရင်လည်း
နီးစပ်ရာမြို့တွေသွားဖို့ မြစ်ရေပြင်ကို ဖြတ်တဲ့ စက်လှေအကြီးတွေမရှိဘူး။လှေငယ်ေ တွနဲ့
စက်အသေးလေးတပ်ထားတဲ့လှေပဲရှိတယ် ။စားသောက်စရာနဲ့ ကျန်းမာရေးအကူညီတွေလိုနေပါတယ်။ြ မစ်ရေကရွံ့ပြစ်ရောင်ဖြစ်နေတယ်။ေ သာက်လို့မရတဲ့အတွက်
သောက်သုံးရေအရမ်းလိုနေတယ်။” ဟု ရေလယ်ကျွန်းကျေးရွာနေထိုင်သူ ကိုဖိုးသားက သမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါရေလယ်ကျွန်းပေါ်ရှိ
ကျေးရွာပေါင်းခြောက်ရွာတွင် မြစ်ရေများအဆမတန်တိုးလာမှုသည် မထမဦးဆုံးအကြိမ်ဖြစ်ပြီး
သက်ဆိုင်ရာဌာနဆိုင်ရာများထံမှ ယနေ့ထိအကူညီများမရရှိသေးကြောင်း သိရသည်။ ထိုကျွန်းပေါ်ရှိရွာများအတွင်ြး မစ်ရေများစတင်ဝင်ရောက်လာစဉ်က
နေအိမ်(၁၀)လုံး ရေထဲမျှောပါခဲ့ကြပြီး ထပ်မံပါရှိတော့မည့် နေအိမ်အလုံး(၂၀)အားဖျက်သိမ်းခဲ့ ရကြောင်းသိရပြီး
သြဂုတ်လ-၁၀ရက်နေ့အထိအလှူရှင်များနှင့်ဒေသဌာနဆိုင်ရာများလာရောက် ကြည့်ရှု့စစ်ဆေးကူညီမှုများမရှိေ သးကြောင်းသိရသည်။
0 comments:
Post a Comment