Tuesday, December 2, 2014

ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment

ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
ပြည် ဒီဇင်ဘာလ (၂)ရက်




ပြည့်သဲမောင်(ပြည်)
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ဗြူးကုန်းကျေးရွာအုပ်စု၊
ရွာထောင်ကျေးရွာတွင် ယမန်နေ့နက်(၉း၀၀)နာရီကကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီး တပ်
ဆင်ပြီးစီးခြင်းဖွင့်ပွဲအခမ်းအနားကို ဗြူးကုန်းကျေးရွာအုပ်စု၊ ရွာထောင်ရွာတွင် ကျင်းပခဲ့
သည်။
ရွာထောင်ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က “(၇.၅.၂၀၁၄) ရက်ေ
န့က တိုင်းဒေသကြီးအစိုးရ အဖွဲ့ လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီးဦးဘေဘီအုန်းကိုယ်တိုင် မြို့လှကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးအ
တွက် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကို ကျွန်တော်တို့ကျေးရွာလေးမှတက်ရော
က်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်မှ ဖိတ်ကြားခဲ့ပါတယ်။ဝန်ကြီးနဲ့ တွေ့ဆုံပွဲပြီး
တဲ့နောက် ကျေးရွာသူ၊ရွာသားများနဲ့ ဆွေးနွေးတိုင်ပင်ပြီး လျှပ်စစ်ဝန်ကြီး၏ လမ်းညွှန်မှု၊ ဦးသာထူး၊ ဦးရဲဝင်းတို့၏ ဦးဆောင်မှုတို့ဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး အတွက် စတင်ေ
ဆာင်ရွက်ခဲ့ခြင်းဖြစ်ပါတယ် ’’ဟု ပြောသည်။

အခမ်းအနားတွင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊
တိုင်းဒေသကြီးဒုတိယတိုင်းလျှပ်စစ်အင်ဂျင်နီယာမှူးမှအမှာစကားပြောကြားခြင်း ကျေးရွာ
မီးလင်းရေးကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ကျေးရွာမီးလ
င်းရေးကော်မတီမှ အထိမ်းအမှတ်အလံများပေးအပ်ခြင်း၊ လျှပ်စစ်နှင့်စက်မှု လက်မှု ၀န်
ကြီးဌာနမှဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းနှင့်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်
ကြီးနှင့်အတူ တိုင်းအင်ဂျင် နီယာမှူးမှ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖဲကြိုးဖြတ်ဖွင့်လှစ်
ခြင်း တို့ ဆောင်ရွက်ခဲ့ကြသည်။

“ကျွန်တော်တို့ကတော့ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အကုန် တာဝန်ယူဆောင်ရွက်
ပေးခဲ့တာပါ။ ဌာနမှ ညွှန်ကြားချက်နှင့်အညီ လုပ်ပေးပါတယ်။ကျွန်တော်တို့လျှပ်စစ်ကျွမ်း
ကျင်ဝန်ထမ်းတွေကိုတော့ ကျေးရွာကနေ့စားပေးပြီးကျွန်တော်တို့ကအခြားဘာမှ တောင်း
တာမရှိပါဘူး။ ယခုကျေးရွာကဲ့သို့ပဲ နောက်ထပ် ပြီး မီးလင်းရေးလျှောက်ထားတဲ့ ကျေးရွာေ
တွရှိရင်ကျွန်တော်တို့ ဌာနရဲ့ ခွင့်ပြုချက်နဲ့အညီ ကူညီဆောင်ရွက်ပေးမှာပါ။ အခု လျှပ်စစ်
မီးတပ်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကျေးရွာသူ၊ ရွာသားများအန္တရာယ်ကင်းရှင်းရေးအတွက်
လည်းဆောင်ရွက်ပေးထား ပါတယ်’’ဟုပေါင်းတလည်မြို့၊ လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်ဝေ
က ပြောသည်။

အဆိုပါ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့လျှပ်စစ်နှင့်စက်မှုလက်မှုဝန်
ကြီးဌာန တိုင်းလျှပ်စစ် ၀န်ကြီး ဦးဘေဘီအုန်း၊ ပဲခူးတိုင်းအနောက်ပိုင်းတိုင်းလျှပ်စစ်အင်
ဂျင်နီယာ ဦးရဲမြင့်၊ ပဲခူးတိုင်းအရှေ့ ဒုတိယတိုင်းလျှပ်စစ် အင်ဂျင်နီယာ ဦးကျော်ရွှေ၊ ပြည်ခ
ရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလွင်ဦး၊ ပေါင်းတလည်မြို့လျှပ်စစ်အင်ဂျင်နီယာဦးမြင့်ဝေ၊မြို့
နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူများနှင့် ကျေးရွာသူ၊ ရွာသားများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page