Friday, July 31, 2015

ပြည်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦးလွတ်မြာက်ခဲ့ရာ အမှတ် (၁၂) ထောက်လှမ်းရေးတပ်မှ တပ်မှူးဟောင်း နှင့် လယ်သိမ်းခံလယ်သမား ၃ဦးလည်းပါဝင်

Leave a Comment


ပြည်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦးလွတ်မြာက်ခဲ့ရာ အမှတ် (၁၂)
ထောက်လှမ်းရေးတပ်မှ တပ်မှူးဟောင်း နှင့် လယ်သိမ်းခံလယ်သမား ၃ဦးလည်းပါဝင်


ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့အကျဉ်းထောင်မှ ဇူလိုင်လ (၃၀)ရက်နေ့ နံနက်တွင် အကျဉ်းသား ၄၃
ဦးလွတ်မြောက်ခဲ့ရာ အမှတ် ၁၂ ထောက်လှမ်းရေးတပ်မှတပ်မှူးဟောင်းတစ်ဦးနှင့်
လယ်သိမ်းခံတောင်သူလယ်သမား ၃ ဦးလည်းပါဝင် ခဲ့ကြောင်းသိရသည်။

အဆိုပါ လွတ်မြောက်သည့်အထဲတွင်
အမျိုးသားသယံဇာတဖွံဖြိုးတိုးတက်ရေးကုမ္ပဏီ(NRDC)မှ
ကျွန်းစိုက်ခင်းမြေများနှင့်ပက်သတ်၍သစ်တောဥပဒေများဖြစ်သည့် ၄၃(က)၊ ၄၀(ဂ)
တို့ဖြင့် တရားစွဲဆို ထောင်ဒဏ်ကျခံခဲ့ရသည့် ပြည်ခရိုင်၊
ပန်းတောင်းမြို့နယ်၊ မန်ကျည်းပင်ကြာအင်ကျေးရွာမှ ထောင် ၃ နှစ်
ချခံနေရသည့် ကိုမောင်လင်း ထောင်ဒဏ် ၂ နှစ် ၃ လကျခံနေရသည့် ကိုတင်လှ၊
ကိုအောင်တင်ဝင်း တို့လည်းလွတ်မြောက်ခဲ့ကြောင်း သိရသည်။


“ ကျွန်တော့်အနေနဲ့ကတော့ လွတ်ပေါက်စေ့မှလွတ်ချင်တဲ့အနေထားပဲ
ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး  လွှတ်လိုက်တာကျတော့
တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့အနေထားကိုတွေ့ရတယ် ကျွန်တော်က
လျော့ရက်တွေနဲ့ဆိုရင် ထောင် ကိုးလလောက်ကျန်သေးတယ်
တစ်စုတစ်ဝေးထဲလွတ်လာတဲ့အပေါ်မှာတော့ ၀မ်းသာမိပါတယ်” ဟု ကိုမောင်လင်း မှသမဂ္ဂဂျာနယ်သို့ ပြောသည်။


ပြည်အကျဉ်းထောင်မှ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၇ ဦး၊ အထူး ၁၊
အားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ပြီး
ယင်းတို့အထဲမှပြည်အကျဉ်းထောင်မှ ယခင် အမှတ်(၁၂) ထောက်လှမ်းရေးတပ်မှူး
ဗိုလ်မှူးနေစိုးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။


“ ကျွန်တော်တို့ဆီကတော့အထူးအနေနဲ့ နှစ်ကြီးသမား ဆယ်နှစ်လောက်တော့ရှိမယ်ထင်တယ်။သိပ်မမှတ်မိဘူး။ထောက်လှမ်းရေးဗိုလ်မှူးတစ်ဦးပါတယ်။
သူကပြည်မှာကျနေတာ။ သူ့မိသားစုကိုအကြောင်းကြားပေးထားတယ် ကျန်တာကတော့
စာရင်းအတိုင်းလွတ်မြောက်ပါပဲ” ဟု
ပြည်အကျဉ်းထောင်မှဝန်ထမ်းတစ်ဦးမှ သမဂ္ဂဂျာနယ်သို့ ပြောသည်။



အဆိုပါလွတ်ငြိမ်းချမ်းသာမှုအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ  အကျဉ်းထောင်အသီးသီးများတွင် ထိုက်သင့်သောပြစ်ဒဏ်ကျခံနေစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသူ/သား ၆၉၆၆-ဦးတို့အားနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေး၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိရေး၊လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် ၂၀၁၅-ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံခြားသား အကျဉ်းသား(၂၁၀)-ဦးတို့အား  ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။

                                                                                                                    မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်...

တင်ဆက်..ပြည်သတင်းလူငယ်..09253311019

0 comments:

Post a Comment

Facebook Like Page