Friday, July 31, 2015
ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာ အာဏာပိုင်တွေဆောင်ရွက်ပေးမှုမရှိသေးဟုဆို
ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာ အာဏာပိုင်တွေဆောင်ရွက်ပေးမှုမရှိသေးဟုဆို
အဆက်မပြတ်ရွာသွန်လျှက်ရှိသည့် မိုးကြောင့်ပဲခူးတိုင်းဒေသကြီး ၊ပေါင်းတည်မြို့မှာ၊ဇူလိုင်လ(၂၆)ရက်နေ့ကနေ့စပြီး၊တဖြည်းဖြည်းရေများတက်လာခဲ့ရာ၊ဇူလိုင်လ(၂၉)နေ့အထိ ရပ်ကွက်ကြီး(၆)ခု ကိုရေ နစ်မြုတ်နေပြီး၊ဒေသခံတွေအကူအညီလိုအပ်နေကြောင်းသိရသည်။
ပေါင်းတည်မြို့အတွင်းမှာရှိသည့် ၊မင်းကွပ်(၁)၊နွယ်ချို(၁)၊နွယ်ချို(၂)၊အုပ်ဖို(၁)၊ဟင်္သာကန်၊စတဲ့မြို့ပေါ်(၆)ရပ်ကွက်မှာ များမှာရေနစ်လျှက်ရှိနေပြီး ဟားရားကြီး၊ကျွဲရဲကြီး၊ထောက်ကြံ့ကြီး၊သပြေကြီးစု၊ချောင်းခွ၊ညောင်ဇင်၊ထန်းသုံးခွ၊နတ်ပတီး၊စသည့်ကျေးရွာတွေများမှာလယ်ဧကပေါင်းသောင်းချီပြီးရေနစ်မြုတ်နေခဲ့ကြောင်းဒေသခံများထံမှသိရသည်။ရေနစ်မြတ်လျှက်ရှိသည့်ပေါင်းတည်မြို့အတွင်းမှာရှိသည့်ရပ်ကွက်/ကျေးရွာများအားဇူလိုင်လ(၂၉)ရက်နေ့မှာ၊ပေါင်းတည်မြို့မှ၊ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဆန် နဲ့ ထမင်းထုပ်တွေ လိုက်လံဝေငှခဲ့ကြောင်းသိရသည်။
“ရေနစ်နေတာ(၄)ရက်ရှိပါပြီ။အာဏာပိုင်အဖွဲ့အစည်းကတော့၊ဘာမှလုပ်ပေးတာမရှိသေးပါဘူး။အိမ်တွေရေ၀င်နေတော့၊အလုပ်လဲထွက်မလုပ်နိုင်တာကြောင့်၊ဆေးဝါး နဲ့ စားသောက်ဖို့ တွေတော့လိုအပ်ပါတယ်၊ဒီနေ့တော့၊ထမင်းထုပ်တွေလာဝေပါတယ်။” ဟု ကိုနိုင်(ရွေတည်)ပေါင်းတည်မြို့ နေထိုင်သူမှ သမဂ္ဂဂျာနယ်သို့ပြောသည်။
အခုလိုရေကြီးနစ်မြုတ်နေတာတွေနဲ့ပတ်သတ်ပြီးဇူလိုင်လ(၂၆)ရက်နေ့ထုတ်၊မြန်မာ့အလင်းသတင်းစာမှာရေလှောင်တမံကြီးများနှင့်၊ရေလှောင်တမံများကျိုးပေါက်မှုမရှိ၊ရေကင်းများချထားပြီး၊စောင့်ကြပ်လျှက်ရှိ၊ ဆိုတဲ့ခေါင်းစဉ်နဲ့၊ဖေါ်ပြပေးထားပါတယ်။
“အရင်တုန်းက တခါမှဒီလိုမဖြစ်ဖူးဘူုးအခုလိုပုံစံ မိုးက ဆက်ရွာနေတော့ရေက ထပ်တက်လာဖို့ရှိတယ်။လူတွေဒုက္ခရောက်လိမ့်မယ်။ဒီအတိုင်းသာရေဆက်တက်နေရင်တော့၊စားဝတ်နေရေးတွေခက်လာမယ်၊ပိုးမွားအန္တရယ်တွေ စိုးရိမ်ရမယ်၊ဆေးဝါးတွေလိုလာမယ်၊၀မ်းဖောဝမ်းရောင်တွေဖြစ်လာမယ်၊အခုရေကြီးနေတာတွေက၊လဲဆည်မြောင်းတွေ၊ချောင်းတွေကြောင့်ဖြစ်နေတာ၊အစိုးရ အနေနဲ့ ဒီကိစ္စကိုဖြေရှင်းပေးဖို့ပြောချင်ပါတယ်၊” ဟု ကိုချစ်ကို(ပြည်သူ့အကျိုးဆောင်ကွန်ယက်။ပေါင်းတည်မြို့) မှသမဂ္ဂဂျာနယ်သို့ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းမှာ၊ကြို့ပင်ကောက်၊အုပ်ဖို၊ပေါင်းတည်၊နတ္တလင်း၊ဇီးကုန်း၊သဲကုန်း၊ရွေတောင်၊ဥသျှစ်ပင်၊ပန်းတောင်းနှင့်ပြည်မြို့ပေါ်ရှိမြေနိမ့်ပိုင်းရပ်ကွက်တချို့တွေမှာ ယခုသီတင်းပတ်အတွင်း အဆက်မပျက်ရွာသွန်းခဲ့သည့်မိုးမျာကြောင့် ဇူလိုင်လ(၂၉)ရက်နေ့ည(၁၁)နာရီခန့်တွင် န၀င်း၊ဖိုးခေါင်၊ချောင်းနားးတန်းချောင်းနှင့်ဧရာဝတီမြစ်ရေပြင်များမှတဆင့်ရေမားစတင်ဝင်ရောက်ခဲ့လျှက်ရှိကြောင်းသိရသည်။
မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
0 comments:
Post a Comment