Friday, July 3, 2015

မိုးရွာသွန်းမှုကြောင့် ဆန်စပါးများစိုက်ပျိုးချိန်နောက်ကျလယ်မြေများရေနစ်မြုစ်

Leave a Comment

မိုးရွာသွန်းမှုကြောင့် ဆန်စပါးများစိုက်ပျိုးချိန်နောက်ကျလယ်မြေများရေနစ်မြုစ်

 
ပြည်၊ဇွန်၊၃၀
ပဲခူးတိုင်းဒေသကြီး၊ပြညိခရိုင်၊သဲကုန်းမြို့နယ်အတွင်းရှိ မင်းလှ၊ညောင်ကုန်း၊အုပ်ဖို၊ဆောက်ခြုံကြီး ကျေးရွာအုပ်စုများအတွင်းမှလယ်ယာမြေများ မိုးလွန်စွာရွာသွန်းမှုကြောင့်ဆုံးရှုံးမှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသညည်။
 ၂၀၁၄-ခုနှစ်တွင် ထိုကျေးရွာအုပ်စုများအတွင်း ယခုလိုမိုးရွာသွန်းမှုကြောင့် စပါးများ သုံးကြိမ်ပြန်လည်စိုက်ပျိုးခဲ့ရာ ရာသီချိန်စပါးသီးနှံအထွက်နူန်းနောက်ကျခဲ့သလို၊ကြွက်များဝင်ရောက်နှောင့်ယှက်မှုများကြောင့် ပျက်စီးဆုံးရှုံးများစွာကြုံတွေ့နေရကြောင်းသိရသည်။ပြီးခဲ့သည့် ဇွန်လ ၂၄ရက်နေ့စတင်ရွာသွန်းမှုမိုးများကြောင့် ၄င်းဒေသအတွင်းလယ်မြေဧကပေါင်း ၆၀၀-ကျော်ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်းသိရသည်။
နှစ်စဉ်လိုလိုဖြစ်နေတယ်၊သက်ဆိုင်ရာဌာနတွေတင်ပြလည်းနှစ်တိုင်းလိုလိုရေက၀င်နေတော့တောင်သူတွေဆုံးရှုံးမှုကြုံနေရတယ်၊ရေဆိုးထုတ်မြောင်းကို သေသေချာချာစနစ်တကျလုပ်ပေးစေချင်ပါတယ်၊ခုက လယ်ကရေထွက်ပေါက်မရှိဘူး၊အဲဒိရေဆိုးထုတ်မြောင်းကို ဘောင်ချဲ့၊ရေအနက်ဖော်၊ရေမြောင်းချဲ့မှဒီဒုက္ခကင်းမယ်။ဟု အုတ်တွင်းကုန်းရွာ ဒေသခံတောင်သူ ဦးမြင့် မှပြောသည်။
အဆိုပါအပ်စုကျေးရွာအတွင်းဖြတ်သန်းဖောက်လုပ်ထားသော ရေဆိုးထုတ်တူးမြောင်းဆိုသည့် ရေမြောင်းမှာ လယ်မှထွက်ပေါက်ထားသည့် ဂယ်ပေါက်များအားပိတ်ကာ ဆောက်လုပ်ပေးထားခြင်းကြောင့် ယခုလိုရေထွက်ပေါက်မရှိသောကြောင့် လယ်မြေများဆုံးရှုံးနေရခြင်းဖြစ်ကြောင်းသိရသည်။ထိုရေဆိုးထုတ်သည် ရေမြောင်းကျဉ်းပြီး ဘောင်သည်မြင့်၍ ရေအနက်တိမ်နေမှုများကြောင့်ယခုလိုမိုးအနည်းငယ်ရွာသွန်းမှုကြောင့် ရေလျှံခြင်းများဖြစ်ပေါ်ကာ လယ်မြေများပေါ်တွင်မက ကျေးရွာမားအထိရေများစီးဝင်လာခြင်းများရှိနေသည်ဟုဒေသခံတောင်သူများထံမှသိရသည်။
ဒီရေဆိုးထုတ်မြောင်းကိုမချဲ့ဘဲ ဘောင်တွေဆက်တင်နေတယ်၊ရေမြောင်းကတိမ်တိမ်လေး၊ဘယ်ရမလည်း၊ပြောလို့လည်းမရဘူး၊ကြိုက်တာကြိုက်သလိုသာလုပ်တော့၊နေတတ်ရင်ကြေနပ်စရာပဲဆိုပြီးဆက်မပြောတော့ဘူး၊လွတ်ထားလိုက်တော့တယ်၊ဒီမြောင်းကြောင့်ခုလိုဖြစ်နေတာ၊သက်ဆိုင်ရာကလူတွလာကြည့်တယ်၊ပြီးတော့လည်း ဒီတိုင်ပါပဲ။ဟု အုတ်တွင်းကုန်း ရွာမိရွာဖ ဦးကျင်မောင်မှပြောသည်။
အဆိုပါလယ်မြေများရေနပ်မြုပ်မှုသည် ပြီးခဲ့သည့် ၅-လပိုင်းကုန်ခန့်တွင်ပထမအကြိမ်လယ်မြေများရေနစ်မြုပ်ခဲ့ပြီး ဇွန် ၂၄ရက်နေ့မှစတင်ကာယနေ့အထိရွာသွန်းသောမိုးကြောင့် ဒုတိယအကြိမ်လယ်မြေများအျွှါင်းသို့ရေများဝင်ရောက်ကာ စိုက်ပျိုးပြီးစပါး ၆၄-ဧက၊ပျိုးခင်း ၃ ဒဿမ ၂၅.ဧကအပါဝင်အခြားလယ်မြေများရေနစ်မြုပ်ရှိကြောင်းသိရသည်။ရိုးရိုးဆန်စပါးအနေဖြင့် ပြည်ခရိုင်တွင်း အင်းမထ၊ရဲဘော် စပါးများကို ယနေ့ခုလပေါက်ဈေး တစ်တင်းလျှင် ၅၀၀၀ိဈေးဖြင့်လည်းကောင်း၊ပေါ်ဆန်းမွှေး တစ်တင်းလျှင် ၉၀၀၀ိဈေးဖြင့်လည်းကောင်းတင်ူသွင်းနေရကြောငင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေး
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019 

0 comments:

Post a Comment

Facebook Like Page