Friday, July 3, 2015

တစ်အိမ်တက်ဆင်းမဲစာရင်းပြုလုပ်သည့်ပါတီများ ပြဿနာဖြစ်ကတာဝန်ယူဖြေရှင်းမပေးနိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တိုင်းနယ်မြေတာဝန်ခံမှပြော

Leave a Comment

တစ်အိမ်တက်ဆင်းမဲစာရင်းပြုလုပ်သည့်ပါတီများ ပြဿနာဖြစ်ကတာဝန်ယူဖြေရှင်းမပေးနိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တိုင်းနယ်မြေတာဝန်ခံမှပြော

ပြည်၊ဇူလှိုင်၊၂   

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊တွင်ဇူလှိုင် ၂၊ရက်နေ့နေ့လည် ၁၂း၃၀ခန့်မှာ ရွာဘဲနယ်မြေအတွင်းရှိ မှုယာပင်မြို့တော်ခန်းမမှာကျင်းပပြုလုပ်သည့် ပြည်ထောင်စုရွေးကောာက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်(ပဲခူးတိုင်းနယ်မြေတာဝန်ခံ)မှ ပြည်ခရိုင်အတွင်းရှိ ခရိုင်အဆင့် နိုင်ငံရေးပါတီများ၊လှုမှုရေးအသင်းဖွဲ့များ၊သတင်းမီဒီယာများနှင့်ရွေးကောက်ပွဲစိတ်ပါဝင်စားသူများအားတွေ့ဆုံဆွေးနွေးပွဲတစ်ခုကျင်းပပြုလုပ်ခဲ့သည်။

“အခြေခံမဲဆန္ဒရှင်စာရင်းမှားနေတဲ့အချက်အလတ်တွေဟာကွန်ပျူတာမှာစာရင်းထည့်တော့ အသံထွက်မှားတာအချက်အလက်မှားတာတွေဖြစ်ခဲ့ပါတယ်။ဒါတွေကိုပြန်လည်ပြင်ဆင်ဖို့ပုံစံတွေချထားပေးပြီးဖြစ်ပါတယ်။ဌာနဆိုင်ရာတွေထဲမှာအားအကိုးရဆုံးကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနဖြစ်ပါတယ်။ဘာပဲလိုလိုသူတို့ပဲအဓိကထားကူညီဆောင်ရွက်ပေးနေမှုတွေကြောင့်ပါ။တစ်အိမ်တက်ဆင်းမဲစာရင်းကောက်ယူနေတဲ့သူတွေ နည်းဥပဒေ၊လုပ်ငန်းလမ်းညွှန်တွေ၊ရွေးကောက်ပွဲဆိုင်ရာအချက်အလက်တွေလေ့လာတာပိုအဆင်ပြေလိမ့်မယ်။ပါတီတွေအနေနဲ့တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်းကောက်ယူမှုတွေမှာ ပြဿနာဖြစ်လာရင် ကျွန်မတို့တာဝန်မယူဘူး။ဖြေရှင်းမပေးနိုင်ပါဘူး။”ဟု ပြည်ထောင်စုရွေးကောာက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်(ပဲခူးတိုင်းနယ်မြေတာဝန်ခံ)မှ အခမ်းအနားတွင်ပြောသည်။

၎င်းအခမ်းအနားကို အင်အားစုစု(၃၀၀)ခန့်တက်ရောက်ဆွေးနွေးခဲ့ပြီးအခမ်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်(ပဲခူးတိုင်းနယ်မြေတာဝန်ခံ)မှအခြခံမဲဆန္ဒရှင်စာရင်းများတွင် အချက်အလတ်မှားများဖြစ်ပုံကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံရေးပါတီများနှင့်အပြန်အလှန်နွေးဆွေးမေးမြန်းမှုများကိုပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

ကော်မရှင်ကထုတ်ပြန်ခြင်းမရှိတဲ့ အမှားပြင်ဆင်ချက်ပုံစံတွေကို အောက်ခြေရပ်/ကျေးရုံးတွေကတရားမ၀င်ဘူးပြောနေတယ်။ပြည်မြို့နယ်အနေနဲ့ အချက်အလက်မှားစာရင်းက ခုနှစ်ဆယ်ရာခိုင်နူံးဖြစ်နေတယ်။ပြည်မြို့နယ်တွင်းမှာ ဆန္ဒမဲစာရင်း တစ်သိန်းလေးသောင်းခန့်ရှိတာ ခုနှစ်သောင်းကျော်ကို ပုံစံစာရွက်စာတမ်းတွေပါတီကနေထုတ်ပေးနေရတယ်။ပုံစံစာရွက်စာတမ်းတွေလုံလောက်မှုမရှိဘူး”ဟု အခမ်းအနားတက်ရောက်လာသူ ပြည်ခရိုင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးမြင့်သန်းထွန်း မှပြောသည်။

ယခုလာမည့် ၂၀၁၅ရွေးကောက်ပွဲကြီးအား ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်တွင်း၊ပြည်ပမှစောင့်ကြည့်နိုင်ရန်အတွက်ဆောင်ရွက်ထားပြီး နိုင်ငံအတွင်း မဲရုံပေါင်းလက်ရှိ လေးသောင်းခွဲကျော်ရှိရာ တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၊ရက်ပေါင်း ၁၈၀၊ကျော်နေထိုင်သူများမပါဝင်သေးကြောင်းသိရသည်။

                                                                                                                        မောင်မဲခေါင်(ပြည်)....messengernewsjournal

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

0 comments:

Post a Comment

Facebook Like Page