Friday, July 3, 2015

(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသော နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်လွှတ်တော် ဥက္ကဋ္ဌများ တွေ့ဆုံ

Leave a Comment

(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသော နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်လွှတ်တော် ဥက္ကဋ္ဌများ တွေ့ဆုံ 

 

တိုကျို ဇူလိုင် ၃   
(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် လွှတ်တော် ဥက္ကဋ္ဌများသည် ယနေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
ညနေ ၄ နာရီတွင်  နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ တာဒါမိုရီ အိုရှီးမာ တို့တွေ့ ဆုံဆွေးနွေးကြသည်။
ဆက်လက်၍ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဂျပန်နိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ မာဆာကီ ယာမဇာကီတို့ တွေ့ဆုံ ဆွေးနွေးကြသည်။
ထို့နောက် သမ္မတနှင့် အဖွဲ့ဝင်များသည် အောက်လွှတ်တော် ကျင်းပရာနေရာကို လှည့်လည်ကြည့်ရှု လေ့လာပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့သည်။

မြ၀တီ.. Written by 

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019 

 

0 comments:

Post a Comment

Facebook Like Page