Friday, March 6, 2015

ပြည်ဘူတာအတွင်း ခရီးသည်ဝင်ခေါ်သော ယာဉ်လုပ်သားများ မ၀င်ရောက်ရန် တားမြစ် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်ဘူတာအတွင်း ခရီးသည်ဝင်ခေါ်သော ယာဉ်လုပ်သားများ မ၀င်ရောက်ရန် တားမြစ်

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ရှိ မီးရထားဘူဒါရုံအတွင်း ခရီးသည်များ အနှောက်အယှက်မဖြစ်စေရန် အတွက်  ခရီသည်ဝင်ခေါ်သူ ယာဉ်လုပ်သားများမ၀င်ရောက်ရန် တားမြစ်ထားသည်ဟု ပြည်ဘူဒါ အထူးတန်းရုံပိုင်ကြီး ဦးခင်မောင်အေးက ပြောသည်။

“ဘူတာအပြင်ဘက်က ခေါ်ရင်ပြသနာမရှိဘူး။ ခရီးသည်အနှောက်
အယှက်ဖြစ်အောင် စင်္ကြန်ပေါ်တက်ခေါ်တာတို့ ရထားပေါ်တက်ခေါ်
တာတို့ ကျတော့မဖြစ်သင့်ဘူး။ မလုပ်ပါနဲ့လို့ တားမြစ်ထားတယ်” ဟု ပြည်ဘူဒါအထူးတန်းရုံပိုင်ကြီး ဦးခင်မောင်အေးက ဆိုသည်။

မတ်လ ၅ ရက်တွင် ပြည်ဘူတာ ပါတ်ဝန်းကျင်ရှိ ဆိုက္ကား ၊ ဆိုင်ကယ် ၊ ဆိုင်ကယ်သုံးဘီးဂိတ်များကို လိုက်လံအသိပေးတားမြစ်ခဲ့သည်။ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူသွားမည်ဟု
 လည်း ၄င်းက ပြောသည်။

ထိုနေ့ ည ၉နာရီတွင် ပြည်မီးရထားရဲတပ်ဖွဲ့ဝင်(၁၀)ဦးခန့်က ဘူတာ
စင်္ကြန်(၁) ၊  (၂) နှင့် ဘူတာအတွင်းပိုင်းတို့တွင် လုံခြုံရေးရယူထားပြီး ခရီးသည်မခေါ်ရသည့်အတွက် ၀င်ငွေ လျော့နည်းနိုင်ကြောင်း အနှေးယာဉ်
လုပ်သား ကိုဘီလူး ကဆိုသည်။

“လုံခြုံရေး ရဲတွေက ပလက်ဖောင်းပေါ်မတက်နဲ့ တက်ရင်ဖမ်းမယ်လို့ပြောတယ်။ ဆိုက္ကားဆွဲလာတာ ကြာပြီ။ ဘူတာစင်္ကြန်ပေါ်တက်ပြီး ပါစင်ကျယ် မခေါ်ဘူးလို့ တစ်ခါမှမကြားဖူးဘူး။ ကားဂိတ်တွေမှာ လည်း ဒီလိုဘဲ ခရီးသည်ခေါ်နေတာဘဲ”
ဟု အနှေးယာဉ်လုပ်သား ကိုဘီလူးက ပြောသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

0 comments:

Post a Comment

Facebook Like Page