Tuesday, July 30, 2013

ဂျပန်ခေတ်ကမြှုပ်နှံထားသော ရွှေဟုယူဆရသော သတ္တုပစ္စည်းများကို ဇီးကုန်းမြို့တွင် တူးဖော်နေ...

Leave a Comment

(30.7.2013, Tuesday)

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ဇီးကုန်းမြို့တွင် အများသုံးရေကန်တူးဖော်
ရာမှဂျပန်ခေတ်က မြှုပ်နှံထားသောရွှေဟု ယူဆရသော သတ္တုပစ္စည်းခန့်မှန်း
တန်ချိန်တစ်တန်ခန့်ကို ဆက်လက် တူးဖော်နေကြောင်းဇီးကုန်းမြို့နယ်
အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်ထွေးထံမှသိရသည်။ဇီးကန်းမြို့
အမှတ်(၃)ရပ်ကွက်၊သိမ်ကြီးရိုးလမ်းနေ ဒေါ်ညွန့်ညွန့်သောင်းနေအိမ်
အနောက်ဘက်ရှိ ရေကန်ဟောင်းကြီးကို အများသုံးရေကန်အဖြစ်ရွေးချယ်
၍ (၂၀၁၃)ခုနှစ်၊ဧပြီလ(၂၄)ရက်တွင် စတင်ကာပြန်လည်တူးဖော်ခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။ယခုလို ရွှေဟုယူဆရသော သတ္တုပစ္စည်းများနှင့်
ပတ်သက်၍ ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်များမြေအောက်မှာမြှုပ်နှံခဲ့ပုံနှင့်
တွေ့ရှိရသောပစ္စည်းများအကြောင်းကိုအုပ် ချုပ်ရေးမှူးဦးအောင်ထွေးကရှင်းပြ
သည်။(၂၀၁၃)ခုနှစ်၊မေ(၂၆)ရက်တွင် ဘူမိဗေဒပညာရှင်ပါမောက္ခ
ဦးစိုးသိန်းနှင့် အဖွဲ့ရောက်ရှိလာ၍ နာဆာ Satellite နှင့် လေ့လာစမ်းသပ်ချက်
အရရွှေဟုယူဆရသော သတ္တုပစ္စည်းများကိုမြေအောက်(၆၅)ပေခန့်
တွင်မြှုပ်နှံ ထားခြင်းဖြစ်နိုင်ကြောင်းခန့်မှန်းထားသည်ကို ဦးအောင်ထွေး
ကဆက်လက်ရှင်းပြခဲ့သည်။ဆက်လက်၍ ဇီးကုန်း၊အ မှတ်(၃)ရပ်ကွက်
အုပ်ချုပ်ရေးမှူးဦးအောင်ထွေးက ၎င်းတို့အနေဖြင့် ရေကန်တူးဖော်မှုတွင်
လုံခြုံရေးစောင့်ကြပ်ထားရှိမှုနှင့်ယခုတူးဖော်မှုတွင် စက် ယန္တရားများနှင့်
တူးဖော်၍ မရတော့သည့် အတွက်ရှမ်းပြည်နယ်မှရွှေတူးပညာရှင်များနှင့်
ပူးပေါင်းလုပ်ကိုင်နေရကြောင်း၊ရာသီဥတုကြောင့် အခက်အခဲရှိပုံများ
ကိုရှင်းပြခဲ့သည်။ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်ထွေးနှင့်
အိမ်ရှင်ဦးကျော်မျိုးသန့်တို့ကပြောကြားခဲ့သည်။ဇီးကုန်းမြို့နယ်သည်
ဂျပန်ခေတ်စစ်လက်ကျန်ပစ္စည်းများ မြှုပ်နှံခဲ့သောအများဆုံးနေရာဖြစ်ကြောင်း
လေ့လာစမ်းသပ်သူများ၏ ပြောကြားချက်အရသိရသည်။ယခုတူးဖော်မှုတွင်
ရွှေဟုယူဆရသော သတ္တုပစ္စည်းများကိုအမှန်တကယ်ရရှိ လျှင်နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းမှု ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

0 comments:

Post a Comment

Facebook Like Page