Sunday, February 15, 2015
သာသနာ့အမွေခံ ကုသိုလ်ပွဲကြီး
သာသနာ့အမွေခံ ကုသိုလ်ပွဲကြီး
ရွှေတောင်မြို့ ရှေးဟောင်း ရဟန္တာ မထေရ် ၈၀ ကိန်းတော်မူရာ ကျောင်းတိုက်ကြီး၌
ဆရာတော် ဦးခေမာစာရ ကြီးမှူးကာ သာသနာ ၅၀၀၀ အဓွန့်ရှည်ကြာအောင်
ရည်မျှော်မှန်းလျှက် ရဟန်းတော်များ ရှင်သာမဏေများ သာသနာနွယ်ဝင်
သီလရှင်များ ၅၀၀၀ ပြုလုပ်ပြီး သာသနာ့အမွေခံ ကုသိုလ်ပွဲကြီးကို ၁၃၇၆ ခု
တန်ခူးလဆန်းး ( ၈ )ရက်မှစ၍ ၁၄ ရက်နေ့အထိ ( ၇ ) ရက်တိုင်တိုင် ပြုလုပ်
ကျင်းပမည်ဖြစ်ပါသဖြင့် သာသနာပြုရန်စိတ်အားထက်သန်ကြသော သူတော်စင်
တို့အနေဖြင့် ရဟန်းဘောင် တက်လိုခြင်း ရှင်သာမဏေဘောင်တက်လှမ်းလိုခြင်း သာသနာ့နွယ်ဝင်သီလရှင် ဝတ်လိုသော သူများအနေဖြင့် ရဟန္တာ (၈၀) ဆရာတော်
ဘုရားကြီး ဦးခေမာစာရထံသို့ အချိန်မှီ စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း
နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။
0 comments:
Post a Comment