Tuesday, February 17, 2015

လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူအား ပုဒ်မ (၂)ခုဖြင့် တရားစွဲပြီး ပထမအကြိမ်ရုံးထုတ်စစ်ဆေး ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment



လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူအား ပုဒ်မ (၂)ခုဖြင့်
တရားစွဲပြီး ပထမအကြိမ်ရုံးထုတ်စစ်ဆေး

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာရှိ လယ်သမားများ၏ သိမ်းဆည်းခံ လယ်ယာမြေများအား ပြန်လည်ရရှိရေးအတွက် လယ်သမားအရေး လှုပ်ရှား ဆောင်ရွက်သူ ကိုသန့်ဇင်ထက်အား ပုဒ်မ (၂)ခုဖြင့် ပထမအကြိမ်ရုံးထုတ်စစ်ဆေးကြောင်း သိရ သည်။ ကိုသန့်ဇင်ထက်သည် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လမ်း လျှောက်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခြင်း၊ ကျိန်စာတိုက်မှုပြုလုပ်ခြင်းတို့ကြောင့် သဲကုန်းရဲစခန်းနှင့် သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၈)ဖြင့်လည်းကောင်း၊ ပုဒ်မ ၅၀၅ (ခ)ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီ (၈)ရက်နေ့က ပြည် တက္ကသိုလ်ရှေ့ မေတ္တာရိပ်လက်ဖက်ရည်ဆိုင်ထဲသို့ ရဲအင်အား(၃၀)လောက်ဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ(၁၇) ရက်နေ့တွင် ပထမဆုံးအကြိမ် မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခြင်း ဖြစ်ကြောင်း ကိုသန့်ဇင်ထက်၏သူငယ်ချင်းဖြစ်သူကပြောသည်။
" ကျွန်တော့်ကို လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်ကတည်းက ၅၀၅ (ခ)နှင့် စွဲထားတယ်ပြော တယ်။ ကျွန်တော်ပြည်မြို့မှာပဲ နေတာပါ။ အဲဒီအချိန်တုန်းက ဘာမှအရေးယူမှုမလုပ်ခဲ့ဘဲနဲ့ ကျောင်းသားလှုပ်ရှားမှုဖြစ်ကာမှ ဖမ်းတယ်။ အဲဒါကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့တရားရေးမဏ္ဍိုင်ကို ပြောစရာရှိလာတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လယ်သိမ်း၊ ယာသိမ်းကိစ္စတွေ၊ အများကြီးပါ။ အဲဒီလယ်တွေကိုပြန်ရအောင် ဘယ်သူမှဖြေရှင်းမပေးဘူး။ လယ်သိမ်း၊ ယာသိမ်းခံ တောင်သူတွေ ကို ကူညီတဲ့သူတွေကိုကျတော့ ဖမ်းဆီးထောင်ချနေတာ တရားဥပဒေစိုးမိုးရေး မရှိတာကိုပြနေ တယ်လို့ပြောချင်တယ်။ ကျွန်တော့်ကို ၅၀၅ (ခ)၊ ပုဒ်မ (၁၈)နဲ့စွဲတယ်ပြောတယ်။ ကျိန်စာတိုက်တယ် ဆိုတာကလည်း လူတစ်ဦးတစ်ယောက်ထိတ်လန့်အောင်လုပ်တာမရှိဘူး။ ဒါကြောင့် သူတို့စွဲတဲ့ ၅၀၅ (ခ) ဟာ မမြောက်ဘူးလို့ပြောချင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတစ်ဦး တစ်ယောက်ရသ့င်တဲ့အခွင့်အရေးအတိုင်းကျင့်သုံးတာ အမှန်တကယ်စွဲချင်ရင် ငြိမ်း၊ စု၊ စီနဲ့သာ စွဲသင့်တယ်။ အခုဟာက အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းကို လွှမ်းမိုးနေတယ်လို့ မြင်တယ်" ဟု လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဖမ်းဆီးခံကိုသန့်ဇင်ထက်က ပြောသည်။
ကိုသန့်ဇင်ထက်အား ပြစ်မှုကြီးမှုအမှတ် ၂၅၀၊ ၁၅ အရ တရားလိုဒုရဲအုပ် မျိုးမြတ်စံက ပုဒ်မ (၁၈) ဖြင့်လည်းကောင်း၊ ပြစ်မှုကြီးပုဒ်မ ၂၅၁၊ ၁၅၊ တရားလို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးက ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီ (၉)ရက်နေ့တွင် ရီမန်ယူခဲ့ကာ သဲကုန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကိုသန့်ဇင်ထက်အား ရုံးထုတ်စဉ် သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာရှိ သိမ်းဆည်းခံ လယ်သမား များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက လှုံ့ဆော်ရေးသီချင်းများကို သီဆိုကာ အားပေးခဲ့ ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883










0 comments:

Post a Comment

Facebook Like Page