Tuesday, February 17, 2015

လျှပ်စစ်မီးပလပ်ခုံတွင် အပူလွန်ကဲပြီး မီးလောင်ကျွမ်း ပြည့်သဲမောင်(ပြည်) 09 43671883

Leave a Comment


လျှပ်စစ်မီးပလပ်ခုံတွင် အပူလွန်ကဲပြီး မီးလောင်ကျွမ်း

ပြည့်သဲမောင်(ပြည်) 09 43671883

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ၊ ရွာဘဲရပ်ကွက်၊ မူယာပင်ရပ်၊
ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၆၈)နေ တင်နန်းဝင်း (၂၂)နှစ်၊ စွမ်းအား
ဆိုင်ကယ်ဆေးမှုတ်လုပ်ငန်းဆိုင်တွင်(၁၈.၂.၂၀၁၅)ရက်နေ့
နံနက်(၃)နာရီအချိန်ခန့်က လျှပ်စစ်မီးပလပ်ခုံ အား နှစ်ပင်လိမ်ဝါယာ
ကြိုးဖြင့် မီးပလပ်ထိုးထားခဲ့ရာမှ မထိတထိဖြစ်ကာ အပူလွန်ကဲပြီး မီးကူးစက်

လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထိုသို့မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် (၆)ပေ (၈)ပေရှိ သက်ကယ်မိုး၊
ထရံကာမြေစိုက်တဲနှင့်၁ယ/၃၆၄၄၃ ဟွန်ဒါစူပါကတ် ဆိုင်ကယ်တစ်စီး
မီးလောင် ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၄၅၀၀၀)ကျပ်ခန့် ဆုံးရှုံးသွားခဲ့ကြောင်း
သိရသည်။


အဆိုပါမီလောင်မှုဖြစ်ပွားရာသို့သန္ဓေမီးသတ်ကား(၃)စီး၊အရန်မီးသတ်ကား
များနှင့်မီးသတ်တပ်ဖွဲ့ဝင်များအများပြည်သူများဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့်
အခြားနေအိမ်အဆောက်အဦးများသို့မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း
ကြောင်းသိရသည်။

ထို့ကြောင့် ပေါ့ဆစွာ လျှပ်စစ်မီးသုံးစွဲသူ တင်နန်းဝင်းအား အရေးယူပေးပါရန် 

ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မ
ရဲစခန်း (ပ) ၁၁၁ / ၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားရှိကာ
အမှုအား ဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883
ဓါတ်ပုံ facebook မှကူးယူဖော်ပြပါသည်






0 comments:

Post a Comment

Facebook Like Page