Monday, December 1, 2014
မြန်မာ့အိမ်သာ ကမ္ဘာလွှမ်းပြီ
ဒေါက်တာခင်မောင်လွင်
မာဒါဂါစကာနိုင်ငံကပညာရှင်တွေ အကြိတ်အ နယ်ဆွေးနွေးကြပြီး သူတို့စီမံချက်အိမ်သာ တွေကို ယင်လုံအိမ်သာအဖြစ်သတ်မှတ်လိုက် ကြပါတယ်။
အိမ်သာပုံစံတွေ အမျိုးမျိုးရှိခဲ့တဲ့နောက်က အဲဒီယင်လုံအိမ်သာဟာ မာဒါဂါစကာ ကျွန်းသားတွေအ တွက် အသင့်တော်ဆုံးပဲလို့ ဆရာဝန်တွေကလဲ ထောက် ခံကြပါတယ်''။
ကျွန်တော်တို့ WSSCC အဖွဲ့အစည်းရဲ့ အမှုဆောင် ဒါရိုက်တာက ဦးစီးကော်မတီဝင်များကိုတင်ပြပါသည်။ သူ့အစီရင်ခံစာကိုနားထောင်ပြီး ကျွန်တော်ပြုံးပြုံးလေး ပဲ မှတ်ချက်ပေးလိုက်ရ၏။
''မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်က တည်းက ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက် ယင်လုံအိမ် သာ (Fly Proof Latrine) တွေဆောက်မယ်လို့ သတ်မှတ် ဆောင်ရွက်ပါတယ်။
ဒါ့အပြင် ''လုံသုံးလုံ'' ဆိုတဲ့အသုံး အနှုန်းနဲ့စည်းရုံးပြီး ''ယင်လုံ၊ အနံ့လုံ၊ အရှက်လုံ''ဆိုတဲ့ အချက်သုံးချက်နဲ့ ပြည့်စုံတဲ့အိမ်သာတွေကို ဆောက်ခဲ့ ကြပါတယ်''ဟု မှတ်ချက်ပေးရုံသာမက ''ဧရာဝတီမြစ်ဝ ကျွန်းပေါ်ရွာတွေက အိမ်သာတွေဆိုရင် ယင်လုံတာမှ စံပြပဲ။ အိမ်နောက်ဖေးကချောင်းပေါ်မှာ ခွဆောက်ထား တဲ့ အိမ်သာပေါ်ကနေရေထဲကို မစင်တိုက်ရိုက်စွန့်ချလိုက် ရင် ဘယ်ယင်ကောင်မှရေထဲကို ဒိုင်ဗင်ထိုးဆင်းပြီး မစင် မစားနိုင်ဘူး၊ လောက်မပေါက်နိုင်ဘူး'' ဟု ထပ် ကွန့်လိုက်၏။
သူတို့ကိုပြောပြနေရင်း ဒီမိုကရေစီတူဒေးသတင်း စာတွင် ရေးသားထားသောဆောင်းပါးတစ်ပုဒ်ထဲမှ အ မေကြီး၏မှတ်ချက်ကို ပြန်သတိရမိ၏။
''ဒီကောင်လေးနှယ် အားအားယားယား'ချေးလှောင် တဲ့အလုပ်ကို ခိုင်းရတယ်လို့၊ ဒီမှာက ရေတက်ရေကျ တစ်နေ့နှစ်ကြိမ်၊ ချောင်းရေကသိမ်းသွားတာသန့်လို့'' ဟူသောစကားပင်။ ဘီလူးကျွန်းချောင်းဆုံက အမေကြီး ပါ။ ချောင်းဆုံလိုကျွန်းပေါ်ကမြို့၊ ငပုတောလိုမြစ်ဝကျွန်း ပေါ် ရေတက်ရေကျရှိသောနေရာနှင့် ကျွန်းနိုင်ငံဖြစ် သော မာဒါဂါစကာတို့တွင် ဒေသခံတို့၏ အမူအကျင့်များ သည် တူမျှကြ၏။ လူတို့၏မစင်အညစ်အကြေးမှာ ရေတက် ရေကျနှင့်ပါသွားသည်ဖြစ်၍ မိမိတို့၏အိမ်နှင့် အိမ်ဝိုင်း ခြံဝိုင်းထဲတွင် အနှောင့်အယှက်မဖြစ်လှချေ။
အိမ်ပေါ်ကနေ နောက်ဖေးအစွန်ထုတ်ပြီး အိမ်သာ လုပ်လိုက်လျှင်ပင် အဆင်ပြေပြီဖြစ်၍ ချောင်းထဲဖြတ် သွားဖြတ်လာလှေစီးခရီးသည်များအနေဖြင့် ကြည့်ရှောင် ကြရုံသာရှိပါ၏။ သတိမထားမိလျှင်မူ ပြဿနာနှင့်ကြုံ ရတတ်၏။
ထိုသူများထဲတွင် အညာဒေသမင်းနေပြည်က စာဆိုဦးမင်းနှစ်ယောက်လည်း ပါမည်ထင်၏။ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့သည် လှေတစ်စင်းဖြင့် ခရီးသွားစဉ် ကြုံရသော အတွေ့အကြုံကို ဤသို့စာစပ်ခဲ့၏။
''မဆင်ဘဲ ဖြုန်းခနဲရွာ၊ အိမ်သာကမိုး''ဟူ၍ ဒွေးချိုး စပ်အခံပိုဒ်ကို တစ်ယောက်ကစပ်ခဲ့၏။ အိမ်သာကမိုးရွာ ကျသကဲ့သို့ တဖြန်းဖြန်းကျလာသောအရာကို ရည်ရွယ် ၍စပ်လိုက်၏။
နောက်တစ်ဦးက ''ခြေမမှန်၊ ရေပြန်ကိုစာဆိုတတ်သူ ရယ်၊ မိုးမှတ်လို့ချိုး'' ဟု အအုပ်ဒွေးချိုးချိုးလိုက်လေတော့ သည်။
စာဆိုက သိမ်မွေ့စွာနှုန်းတူပြုလိုက်သော''ရေပြန်'' ဆိုသည်မှာ လူ၏ 'ဆီး' ခေါ် 'သေး' ခေါ်သော အရာပင်ဖြစ်ပါ ၏။ လူဦးမင်းတစ်ယောက် အိမ်သာဟောင်းလောင်းက ဖြန်းခနဲ ကျလာသောဆီးများ ပေကျံသွားသည်ကို ''မိုးမှတ် လို့ချိုး'' ဟူ၍ပင် သရော်လှောင်ပြောင်ခံလိုက်ရလေသည်။
ကျွန်တော်တို့ မြန်မာပြည်တစ်ပြည်လုံးရှိ မြစ်စပ်၊ ချောင်းစပ်မှအိမ်သာများမှာ ထိုနည်း၎င်းပင်ဖြစ်ပါ၏။ အိမ်သာကတော့ အရှက်လုံအောင်ဆောက်ထားသည် ချည်းပင်ဖြစ်ပါသည်။ ရေထဲသို့ မစင်တိုက်ရိုက်ကျသွား သဖြင့် မစင်နံ့လည်းမရှိ၊ မစင်ပေါ်မှာ ပေါက်ဖွားမည့် ယင်ကောင်များလည်း အခွင့်အရေးမရနိုင်တော့ချေ။
သို့သော်မစင်များသည် မည်သို့ဖြစ်ပွားခဲ့ပါသနည်း။ ရွာခံများကတော့ အခုလိုရှင်းပြပါသည်။
''ဆရာရယ် အိမ်သာတက်ချိန်ဆိုရင် ရေထဲကငါးစင် ရိုင်းတွေကကြိုသိနေတယ်။ အောက်မှာစောင့်နေတာ အုပ်လိုက်ပဲ။ အိမ်သာကကျလာတဲ့ဟာတွေကို အလုအ ယက်စားကြတော့တာပဲ။ အဲဒီအချိန်မှာ ငါးဖမ်းရတာ အလွယ်ဆုံးပဲ။ ဆန်ခါနဲ့ခပ်လိုက်ရင်ကို ပိဿာလိုက်ရ နိုင်တယ်။ အချိန်ပိုစီးသော သူတို့ဗိုက်တွေက ဖောင်းနေ ရုံမကဘူး၊ ပါးစပ်ထဲမှာတောင် မစင်တွေပြည့်လျှံနေတတ် တယ်''
''ခင်ဗျားတို့က ဒီငါးစင်ရိုင်းတွေကိုဒီလိုပဲစားသ လား'' ဟု ကျွန်တော်၏အမေးကို
သူတို့က
''ဘယ်စားမှာလဲ၊ ခေါင်းဖြတ်၊ ဗိုက်နဲ့အူကိုဝိုက်လှီး ပြီးတော့မှ ငါးပိသိပ်တာပေါ့။ ကိုယ်မစားဘဲရောင်းရင် တော့ ဒီအတိုင်းဈေးထဲရောင်းလိုက်တာပဲ''ဟု ဆိုကြ၏။
အိမ်သာဗေဒပညာရှင်များကမူ မြစ်ဝကျွန်းပေါ်နှင့် ဇလား အိမ်သာကို လွမ်းဆွတ်ကြ၏။ ''ဟိုတုန်းကဆိုရင် ဇလား ထဲကိုလက်နဲ့ စွပ်စွပ်မည်အောင်နှိုက်ပြီး စမြင်းတုံးတွေ ရှာရတယ်။ ပုံးသတ်သတ်ခွဲထားပြီး ရောင်းစားလို့ရတယ်။ အဲဒီစမြင်းတုံးတွေကို ငါးမျှားချိတ်ကြီးတွေမှာချိတ်ပြီး မျှားလိုက်လို့ကတော့ ငါးကြီးတွေမိပြီပဲ။ ငါးတန်တွေက စမြင်းတုံးကိုကြိုက်မှကြိုက်'' ဟု မှတ်ချက်ပြု၏။
ဤတွင် လူ့မစင်နှင့်ရေနေငါးတို့၏ အီကော်လော် ဂျီ (Ecology) ကို ဆက်စပ်သင်ခန်းစာရပါ၏။ ငါးစင် ရိုင်း၊ ငါးတန်သည် အခြားငါးများထက်ဈေးချို၏။
ကျွန်တော်တို့က ဧရာဝတီမြစ်ထဲက ငါးများကိုအ စာကျွေးနေကြသည်မှာ နှစ်ပေါင်းထောင်ချီ၏။ ကိုယ့်ငါး ကိုယ်ပြန်စားကြသည်ဖြစ်၍ ပြဿနာမရှိ။
အခြားသူများစားဖို့ရောင်းချကြတော့မည်ဆိုလျှင်မူ ပြဿနာရှိလေသည်။ ထိုသို့သော ရေသတ္တဝါများတွင် ကပ်ငြိနေမည့် မစင်အညစ်အကြေးများမှာ ရောဂါပိုးစုံ ပါရှိလေမည်။ ဒေသခံတို့ခေါ်သော''ပင်လယ်အူနာ''ဆိုသည် မှာ ညစ်ညမ်းသော ပင်လယ်စာများ စားရာမှဖြစ်သော ရောဂါပင်။ အများစုက ဓာတ်မတည့်၍ သွေးမတည့်၍ ဗူနမါငခ ဖြစ်သည်ဟုထင်ကြသော်လည်း အမှန်မှာ ရော ဂါပိုးများကြောင့် ရောဂါရမည်က အဓိကဖြစ်လေသည်။
အထူးသဖြင့် အစိမ်းစား၍ကောင်းသော ကမာ၊ ပုစွန်၊ ရေဘဝဲ၊ ပင်လယ်ဖြူ စသည့် အကောင်များတွင် ရောဂါ ပိုးကို အစိမ်းလိုက်စားသကဲ့သို့ ဖြစ်တော့၏။ စဉ်းကော လုပ်၍စားသည်ဖြစ်စေ၊ အစိမ်းလိုက်လှီး၍စားသည့် ဆာ ရှီမိ (Sashimi) ဖြစ်စေ ရောဂါပိုးတွေကများ၏။ အချို့ က အအေးနှင့်ချက်ပြီးဟု ယူဆကာ အအေးလွန်ခန်း (Deep Freeze) တွင်းမှထွက်လာသော ငါးများ၊ အသား များကိုစားသုံးတတ်ကြ၏။ အလွန်သန့်ရှင်းသောရေနှင့် ရေသတ္တဝါများမှသာ စိတ်ချရလေသည်။ ဖမ်းသည်မှ ပါးစပ်ထဲရောက်သည်အထိ ကျန်းမာရေးနှင့်ညီသော လုပ် ငန်းစဉ်များကို တိကျစွာလိုက်နာရလေသည်။
ဗိုင်းရပ်စ်ပိုးများသည် အေးခဲခြင်းဖြင့် မသေ။ အချို့ ဗက်တီးရီးယားနှင့် အခြားပိုးများသည်လည်း အလွန်အေး ခဲနေချိန်တွင်မပွားဘဲ ငြိမ်နေလေသည်။ ယင်းကိုနွှေးလိုက် သည့်အခါမှထ၍ ပွားကြ၏။ အချို့ပိုးများမှာမူ အပူချိန် ကြောင့်ပွားရာမှ သေသွားသည့်အချိန်တွင် အဆိပ်များ ချန်ခဲ့ကာ အစာအဆိပ်သင့်စေ၏။
ကျွန်တော်တို့နှင့်အတူ လေ့လာရေး၊ ဖျော်ဖြေရေး ထွက်လာကြသော အဖွဲ့ဝင်များသည် လွန်ခဲ့သော အနှစ် သုံးဆယ်ခန့်က ဖျာပုံမြို့နယ် သမိန်ထောရွာသို့ ရောက်ခဲ့ ကြ၏။ နေ့လယ်စာအဖြစ် ကဏန်းများ ကျွေးသောအခါ အားရပါးရစားခဲ့ကြလေသည်။ ပေးထားသောတုတ်ချောင်း များဖြင့် ရိုက်ကာထုကာစားလိုက်ကြပြီး မကြာမတင်ပင် အော့အန်မှုစ၍ ဝမ်းလျှောမှုဆက်ကာ ခွေကုန်ကြလေသည်။ လူတစ်ရာခန့်ပါသည်ဖြစ်ရာ ကျွန်တော်လည်း ဆေးကု၍ မနိုင်။ သမိန်ထောကျေးလက်ကျန်းမာရေးဌာနရှိ ဆေး များလည်း ကုန်လေတော့၏။ ဆေးကုန်သည်ထက် ဆိုးရွား သော နောက်ဆက်တွဲမှာ လေကုန်ကြသည့်ကိစ္စဖြစ်၏။
လေမှုတ်တူရိယာပညာရှင်များဖြစ်သော ကိုတင်သိန်းတို့ အဖွဲ့သည် တူရိယာမှုတ်စရာလေအားမရှိ၍ အခက်တွေ့ လေ၏။ ညဘက်တွင်ဖျော်ဖြေရန် စီစဉ်ထားသည့် ဖျာပုံ မြို့ပေါ်ဖျော်ဖြေပွဲမှာ ပြဿနာဖြစ်လေတော့၏။
မြန်မာ့ကမ်းရိုးတန်းသည် ရှည်လျားလှ၏။ ကျွန်တော် တို့ပင်လယ်သည် အပြောကျယ်၏။ ကျွန်တော်တို့မှာ မြစ်ကြီးငါးသွယ် မြစ်ငယ်ထောင်ချီရှိ၏။ ရှိသမျှရေထဲ တွင် ရေသတ္တဝါတွေရှိနေသးသရွေ့က ကောင်းနေမည်သာ ဖြစ်၏။ ရေသတ္တဝါတွေမှာလည်း နေစရာစားစရာ အလွန် ပေါသေး၏။ (ဒီရေတောနေ သတ္တဝါတွေအတွက်မူ ထို အချက်သည်မမှန်)မှန်သောအချက်ကား ရေသတ္တဝါတို့၏ စားစရာများထဲတွင် လူတို့မစင်များ တစ်ပုံတစ်ပင်ကြီး ပါဝင်နေခြင်းပင် ဖြစ်တော့၏။
မနှစ်က ကျွန်တော်တို့ကောင်စီသည် (Water Supply and Sanitation Collaboration Council) ယူဂန္ဓာရွာတွေမှာ မြန်မာနိုင်ငံကရွာတွေအတိုင်း ထူးမခြား နား၊ သည်နှစ်ထဲတွင် မာဒါဂါစကာကျွန်းနိုင်ငံကိုထောက် ပံ့ကြ၏။
ကျွန်တော်သည် WSSCC ၏ဦးစီးကော်မတီဝင် ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ နိုင်ငံပေါင်းရာချီ သည့်ဒေသကိုယ်စားလှယ်များ၏ ရွေးကောက်တင်မြှောက် မှုကြောင့် သုံးနှစ်သက်တမ်းထမ်းဆောင်ခွင့်ရခဲ့၏။
ယခု နှစ်တွင် ပထမသက်တမ်းကုန်ဆုံးပြီဖြစ်၍ ဒုတိယသက် တမ်း(နောက်ဆုံး) အဖြစ် အရွေးခံရန်စဉ်းစားနေဆဲဖြစ် ပါသည်။ မိမိအတွက် စဉ်းစားချင့်ချိန်သော်လည်း မိမိ နိုင်ငံအတွက် အထောက်အပံ့ရရန် အကြိမ်ကြိမ်ကြိုးစား ခဲ့ပါ၏။
သို့သော်၊ သို့သော်....
၂ဝ၁၂ခုနှစ်စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ရေနှင့်အိမ်သာအဆင့်အတန်းမှာ ကမ္ဘာ့ထိပ်တန်းရောက် သွားခဲ့လေပြီ။
ထောင်စုနှစ်ရည်မှန်းချက်ကို သုံးနှစ်စော၍ ပြည့်မီခဲ့လေပြီ။ နယ်သာလန်တို့၊ နော်ဝေတို့နှင့်မြန်မာ တန်းတူဖြစ်နေ၍ မည်သူက ကူညီပါဦးမည်နည်း။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
0 comments:
Post a Comment