Monday, December 1, 2014

တောင်ကြီး၊ အင်းလေး၊ ကလော၊ ပင်းတယ ဘုရားဖူးခရီးစဉ် ထွက်မည်

Leave a Comment
ခရစ္စမတ်နေ့နှင့် ပိတ်ရက်တွေကြုံကြိုက်စဉ်မှာ အေးချမ်းသာယာလှပသော ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလောသို့ လည်ပတ်ရင်း သာယာလှပသော သဘာဝရှုခင်းများ၊ တောင်တန်းနှင့် စိုက်ခင်းများ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို လေ့လာခံစားရင်း တန်ခိုးကြီး ဂူဘုရားများနှင့် အင်းလေးက ဘုရားစုံဖူးကြမယ်။










  • တောင်ကြီးမြို့ မွေတော်ကက္ကူ  ရှေးဘုရားများ ၊ ထမ့်ဆမ့်းဂူ၊ စဠာမဏိဘုရား၊ တောင်ကြီးမြို့မဈေး 

  • အင်းလေး ဖောင်တော်ဦးဘုရား၊ ငဖယ်ချောင်ကျောင်း ၊ ပဒေါင်ရိုးရာအိမ်၊ ငွေထည်လုပ်ငန်း ၊ အလိုတော်ပေါက်ဘုရား၊ ယက္ကန်းရုံ

  • အင်းလေး ခေါင်တိုင်ရေပူစမ်း၊ ရွှေမြင်ထင်မွေတော်ဘုရား

  • ကလောနှီးဘုရား ၊ မြင်းမထိလှိုဏ်ဂူ ၊ ရွှေဥမင် သဘာဝလှိုင်ဂူဘုရား၊ လက်ဆောင်ပစ္စည်းဆိုင်များ

  • ပင်းတယ ပုန်းတလုပ်ရေကန် ၊ ရွှေဥမင်လှိုဏ်ဂူဘုရား၊ ကုံလုံလွမ်းစေတီ၊ လက်ဆောင်ပစ္စည်းဆိုင်များ

  • နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်နှင့် ရွှေနတ်ကယ်တောင်ရှိ အလျှား ၉၉၉ တောင် (ပေဖြင့် ၁၅၀၀ပေ)၊ ဥာဏ်တော်အမြင့် ၃၀၀ ပေရှိ လျောင်းတော်မူဘုရား

နေရာစုံပို့ဆောင်ပေးမည်ဖြစ်ပြီး မိသားစုနှင့် ခရီးသွားသကဲ့သို့ စိတ်ချမ်းသာစေရပါမည်။

 အဆိုပါ ခရီးစဉ်ကို ၂၃.၁၂.၂၀၁၄ အင်္ဂါနေ့ ညနေတွင် ပြည်မြို့မှ စတင်ထွက်မည်ဖြစ်ပြီး ၂၈.၁၂.၂၀၁၄ တနင်္ဂနွေနေ့ ညတွင် ပြည်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

တည်းခိုရန်အတွက် ဘုန်းတော်ကြီးကျောင်းများ စီစဉ်ထားရှိပြီးဖြစ်ပါသည်။ တန်းခိုခန်း၊ ဟော်တယ်များတွင် တည်းလိုပါကလည်း စီစဉ်ပေးပါမည်။

ဘုရားဖူးခရီးစဉ်ကို Light Truck နှစ်စီးဖြင့် (လိုင်းဆွဲနေသည့် ကားများမဟုတ်ပါ) ထွက်ခွာမည်ဖြစ်ပြီး တစ်စီးလျှင် (၁၂) ဦးအထိသာ တင်ဆောင်မည်ဖြစ်ပါသည်။ (လုံးဝ ပိုမတင်ပါ) ခရီးစဉ် အစအဆုံးအတွက် တစ်ဦးလျှင် ၄၀၀၀၀ိ/ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ပို့ဆောင်ပေးပါမည်။

လူဦးရေ အတိအကျ ကန့်သတ်ထားသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ

အသေးစိပ် သိရှိလိုပါက - ၀၉ ၂၅၄ ၉၇၉၀၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

0 comments:

Post a Comment

Facebook Like Page