Friday, August 1, 2014

ပြည်မြို့တွင် စွန့်ပစ်အမှိုက်အလှူခံပုံးများ တိုးချမည်ဟု ဂရုဏာလက်များကွန်ယက် လေလွင့်ကလေးများကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ပြောကြား ပြည့်သဲမောင်(ပြည်)

Leave a Comment




ပြည်မြို့တွင် စွန့်ပစ်အမှိုက်အလှူခံပုံးများ တိုးချမည်ဟု ဂရုဏာလက်များကွန်ယက်
လေလွင့်ကလေးများကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ပြောကြား

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဂရုဏာလက်များကွန်ယက်လေလွင့်ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြန်လည်အသုံးပြုနိုင်သောစွန့်ပစ်အမှိုက်များကို
အလှူခံသည့် အလှူခံပုံးများကိုတိုးမြင့်ချထားမည်ဖြစ်ကြောင်း အဆိုပါကွန်ယက်
၏ ဥက္ကဌ ကိုပုံည ကပြောသည်။


ပြည်မြို့အတွင်းလူစည်ကားရာနေရာများဖြစ်သည့် မြို့ပေါ်ရပ်ကွက်ထိပ်လမ်းဆုံလမ်း
ဂွနေရာများ ၊ အဝေးပြေးကားဂိတ်ဝန်း ၊ရွှေဆံတော်စေတီ ၊ ဘုရားကြီးစေတီ ၊
ပြည်တက္ကသိုလ်ကျောင်းရှေ့စသည့်နေရာများတွင် အလှူခံအမှိုက်ပုံး(၂၁)ဘုံး
ချထားပြီးဖြစ်ကြောင်းလည်း ကိုပုံညကပြောသည်။
စွန့်ပစ်အမှိုက်များ ရောင်းချရာမှ တစ်လလျှင်ဝင်ငွေကျပ်သုံးသိန်းကျော်ရရှိပြီး
လေလွင့်ကလေးငယ် (၇)ဦးကို တစ်နေ့(၁၅၀၀)ကျပ်ဖြင့်အလုပ်ပေးထားနိုင်ကြောင်း
လည်း ၄င်းကဆက်ပြောသည်။

၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဂရုဏာလက်များကွန်ယက်သည်
ပြန်လည်အသုံးပြုနိုင်သော စွန့်ပစ်အမှိုက်များဖြစ်သည့် ရေသန့်ဗူး ၊
အချိုရည်ဗူး ၊ ဗီယာဗူး ၊ ပုလင်းခွံ ၊ ပလတ်စတစ် ကော်ဗူး ၊ ကော်ခွက် ၊
သတင်းစာ ဂျာနယ် အဟောင်းများ ၊ ဗလာစာအုပ်အမျိုးမျိုး တို့ ကို
ပြည်မြို့အတွင်း အမှိုက်ပုံးများချအလှူခံခဲ့သည်။

“ဘုံးသုံးဆယ်လောက်ထိ တိုးချထားဖို့ရှိမယ်။ လက်ဖက်ရည်ဆိုင်တွေကလဲ
လှူဖို့ချင်တယ်လို့ပြောတယ်။ စားသောက်ဆိုင် ၊ လက်ဖက်ရည်ဆိုင် ၊
ဘီယာဆိုင်တွေ အကုန်လုံးနဲ့ ချိတ်ဆက်ပြီးအလှူခံသွားမယ်”
ဟုဂရုဏာလက်များကွန်ယက် လေလွင့်ကလေးများကူညီစောင့်ရှောက်ရေးအဖွဲ့
ဥက္ကဌကိုပုံညကဆိုသည်။

“ ပစ္စည်းလိုက်သိမ်း အမျိုးအစားခွဲပေးတဲ့ ကလေးတွေကို အဲဒီဝင်ငွေတွေနဲ့
လုပ်အားခ ပြန်ပေးတယ်။ ကလေးတွေအပြင်မှာလိုက်ကောက်စရာမလိုတော့ဘူး။
ကျောင်းမှာ အလုပ်ရှိတယ်ဆိုတော့ ပတ်ဝန်းကျင်အဟောင်းကိုပြန်မရောက်တော့
ဘူးပေါ့ “ ဟု၎င်းကဆိုသည်။

လားရှိုး ၊ ပခုက္ကူ ၊ မကွေး ၊ ရန်ကုန် မြို့များတွင်လည်း လူမှုအဖွဲ့များက
ပြန်အသုံးပြုနိုင်သော စွန့်ပစ်အမှိုက်များကိုအလှူခံပြီးလူမှုရေးလုပ်ငန်း
များလုပ်ဆောင်လျှက်ရှိသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီးစာမူနှင့်
ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်။


သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page