Friday, August 1, 2014

တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်လျှပ်စစ်ဝန်ထမ်းအားလုံးကို အများပြည်သူ ကျောင်းသား ကျောင်းသူများ ကိုယ်စားအထူး(အထူး)ကျေးဇူးတင်ကြောင်း ပြည့်သဲမောင်(ပြည်)

Leave a Comment




တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်လျှပ်စစ်ဝန်ထမ်းအားလုံးကို အများပြည်သူ
ကျောင်းသား ကျောင်းသူများ ကိုယ်စားအထူး(အထူး)ကျေးဇူးတင်ကြောင်း

ပြည့်သဲမောင်(ပြည်)
ဇူလိုင်(၃၁)ရက်နေ့က “အများပြည်သူ ကျောင်းသား ကျောင်းသူများ
အန္တရာယ်ရှိနိုင်သော ဓါတ်တိုင်အားအစားထိုးလဲပေးပါရန်’’ ရွှေတစ်ချောင်း
လမ်းနှင့်အုန်းတောလမ်းထောင့် တက္ကသိုလ်ရှေ့တိုးပြည်သျှံ စတိုးဆိုင်ရှေ့
(ဖော်ပြပါ ပုံပါ) ဓါတ်တိုင်သည်အောက်ခြေတွင်သံချေးများစားကာ လေတိုက်
ခတ်ပြီးမိုးရွှာသွန်းချိန်တွင်ကျောင်းသား ကျောင်းသူများနှင့်အများပြည်သူများအ
တွက် အန္တရာယ်ရှိကြောင်း၊တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်မြို့နယ်လျှပ်စစ်ရုံးမှ
တာဝန်ရှိသူများ ၄င်းကောင်းအောက်ခြေသံချေးစားနေသောဓါတ်တိုင်နေရာတွင်
အခြားကောင်းသော ဓါတ်တိုင်ပြောင်းလဲအစားထိုးပေးပါရန် ကျောင်းသားကျောင်း
သူများနှင့်အများပြည်သူများကိုယ်စားအပြုသဘောဆောင်၍အွန်လိုင်းမှအကြောင်း
ကြားပေးခဲ့ပါသည်။

ထိုသို့ ပြည်သူများ၏ကိုယ်စား အကြောင်းကြားပေးသော ပြည်သူ့အသံအား အလေးထားဆောင်ရွက်သည့်အနေဖြင့် တိုင်းလျှပ်စစ်ရုံးမှ သြဂုတ်(၁)ရက်နေ့
နေ့လည်တွင် ကျောင်းသား ကျောင်းသူများနှင့်အများပြည်သူများအန္တရာယ်
မဖြစ်အောင်ဆောင်ရွက်နေပါသည်။

ထို့ကြောင့်ပြည်သူ့အသံကိုအလေးထားသော တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့် လျှပ်စစ်ဝန်ထမ်းအားလုံးအားအထူး(အထူး)ကျေးဇူးတင်ကြောင်းအများပြည်သူ ကျောင်း
သား ကျောင်းသူများကိုယ်စားမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)


0 comments:

Post a Comment

Facebook Like Page