Saturday, August 2, 2014

အဘဆိုသူများသို့............

Leave a Comment
အဘဆိုသူများသို့
**********
အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့သူကို
"သူရဲကောင်း" လို့ခေါ်တယ်.....
ဒါဆို ဗိုလ်ချုပ်ကို အာဇာနည်လို့ ဘာကြောင့်ခေါ်သတာလဲ။

ရှင်းပါတယ် အများအကျိုးအတွက် ဆောင်ရွက်ရင်း
အသက်ပေးခဲ့လို့ အာဇာနည်လို့ ခေါ်ရတာပေါ့။
လူတိုင်းကသေရမှာဘဲ မသေခင်ဘာထားခဲ့မှာလည်း...

ဗိုလ်ချုပ်ကတော့ လွတ်လပ်ရေးကို ထားခဲ့တယ်....
လူကြီးမင်းတို့ကရော...??????????
လက်ထဲမှာ အာဏာရှိနေတုန်း ပြည်သူအတွက်သာသုံးလိုက်ပါ။

တခြားသူတွေက မပြင်သေးရင် ကိုယ်ကစပြင်လိုက်ပေါ့..
ထပ်ပြောအုံးမယ် နာမည်ဆိုးနဲ့ သေမှာလား...????????
ဗိုလ်ချုပ်အောင်ဆန်းလို သေမှာလား...?????????

ကိုယ့်ဘာသာကို ရွေးလို့ရပါတယ်ဗျာ။....

ကျောင်းတော်သား(ပြည်)

*****************************************

သည်းအူလှိုက်လှဲ - တမ်းတမြဲ
*********************

အာဇာနည်များ ခေါင်းချသွားတာ
နှစ်အားတွက်စစ် ခြောက်ဆယ်ခုနှစ်တိုင်
မမေ့နိုင်ဘူး ဇူလိုင်ဆယ့်ကိုး
ကြမ္မာညှိုး၍ စွေဖြိုးမျက်ရည် ကျရပြီ။....

သွေးခင်းသောလမ်း သူလျှောက်လှမ်း၍
ဆင့်ကဲဝန်တာ ပေးခဲ့ရှာပြီ
နောင်လာနောက်သား သွေးချင်းများတို့
စွမ်းအားရှိသမျှ ကြိုးပမ်းကြဖို့။.....

အဘဗိုလ်ချုပ် မှာခဲ့တယ်
လူကသာသေ နာမည်မသေဘူး
တို့တွေတုယူ သူလိုလူကို
သည်းအူလှိုက်လှဲ တမ်းတမြဲမို့။....

ရင်ထဲလှိုက်လှိုက် ဦးညွှတ်လိုက်သည်
သောင်းထိုက်ဘ၀ဂ်
သိစေသား............................

ညွှန့်ဆွေ(ရွှေတံခါး)ပြည်

********************************

ွှအဖေ
******

အဖေ...........
သူများတွေမေးကုန်ကြသည်...
ကြာပြီဆိုပေမယ့်လည်း...
စိတ်ထဲမှာ စွဲနင့်...
လွဲသင့်လို့ လွဲခဲ့တာလား...
မခွဲသင့်ဘဲ ခွဲခဲ့ရတာလား...
ဘာများလည်း မသိခဲ့ရပြီ.....။

အဖေ............
ကြယ်လေးတွေကို မေးကြည့်မလား...
ဝင်ရိုးစွန်းကို ပြေးကြည့်ရမလား...
ပင်လယ်ကြီးကို ငေးကြည့်ရမလား...
ကဗျာလေးတွေပဲ ရေးကြည့်ရမလား...
တအားကို ရှုပ်ထွေးတဲ့လောကကြီးမှာ...
အထီးကျန်စွာ ရယ်မောတတ်ခဲ့ပြီ.....။

အဖေ..........
ရာသီတွေအလိုလိုပြောင်း...
ဟောင်းသွားတဲ့ သက္ကရာဇ်တွေ...
မိုးတွေကစွေ နှင်းတွေလည်းဝေ...
သြော်............အဖေရယ်...
တကယ်လို့သာ အဖေရှိရင်ဆိုတဲ့အတွေး...
ငိုမဲ့မဲ့ မျက်နှာပေးနဲ့...
ကဗျာတွေ ဖွဲ့တတ်ခဲ့ပြီ....................။

မေဂျူလိုင်(P.U)

0 comments:

Post a Comment

Facebook Like Page