Sunday, July 6, 2014

ဟန်လင်း ပျူမြို့ဟောင်းဇုန် အတွင်း မည်သည့်အဆောက်အအုံမှ ဆောက်လုပ်ခွင့်မပြု

Leave a Comment

ဟန်လင်း ပျူမြို့ဟောင်းဇုန် အတွင်း မည်သည့်အဆောက်အအုံမှ ဆောက်လုပ်ခွင့်မပြု

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဟန်လင်းပျူမြို့ဟောင်းရဲ့ သတ်မှတ်ထားတဲ့ ဇုန်အတွင်းမှာ ဟိုတယ်ဇုန်၊ စက်မှုဇုန်နဲ့ လူနေရပ်ကွက်တွေ တိုးချဲ့ဆောက်လုပ် ခွင့်မပြုဘူးလို့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ရွှေဘို-ဟန်လင်း ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ဆိုပါတယ်။

ဒီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဌာနခွဲက သတ်မှတ်ပေးခဲ့ပါတယ်။ ဒီဒေသဟာ စီးပွားရေးလုပ်ငန်းရှင်တွေ မျက်စိကျလာနိုင်တဲ့ ဒေသ ဖြစ်တာကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ခုလို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

“ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိပဲ အိမ်ပြင်တာ၊ အိမ်အသစ် ဆောက်တာတွေ မလုပ်ဖို့ ဒေသခံတွေနဲ့ ဇွန်လ နောက်ဆုံးပတ်က ညှိနှိုင်းထားတယ်။ ဒေသခံတွေ တစ်ပိုင်တစ်နိုင် ရောင်းချနေတဲ့ ထမင်းဆိုင်ငယ်၊ လက်ဘက်ရည်ဆိုင် တွေကို ရွာထဲမှာ ရောင်းချဖို့တော့ ခွင့်ပြုထားတယ်” လို့ ဦးမြင့်သန်းက ရှင်းပြပါတယ်။

သတ်မှတ်ထားတဲ့ ဇုန်နဲ့ လွတ်ကင်းတဲ့ ရွာအပြင်ဘက် တွေမှာတော့ ဆောက်လုပ်ခွင့် ပြုမှာဖြစ်တယ် လို့လည်း ဦးမြင့်သန်းက ဆိုပါတယ်။

The Voice Weekly

0 comments:

Post a Comment

Facebook Like Page