Wednesday, September 14, 2016

Bago Youth Network လူငယ်ရေးရာမှုဝါဒ ဖြစ်မြောက်ရေး အလုပ်ရုံဆွေးနွေးပွဲ နှင့် လူငယ်ရေးရာ မှုဝါဒနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့

Leave a Comment



Bago Youth Network လူငယ်ရေးရာမှုဝါဒ ဖြစ်မြောက်ရေး အလုပ်ရုံဆွေးနွေးပွဲ နှင့် လူငယ်ရေးရာ မှုဝါဒနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့

ပြည်၊စက်တင်ဘာ(၁၀)

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊သရေခေတ္တရာမှုယာပင် မြို့တော်ခန်းမတွင် စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၉))နာရီအချိန်မှ နေ့လည်(၁၂း၃၀)အချိန်အထိ Bago Youth Network လူငယ်ရေးရာမှုဝါဒ ဖြစ်မြောက်ရေး အလုပ်ရုံဆွေးနွေးပွဲ နှင့် လူငယ်ရေးရာ မှုဝါဒနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး အခမ်းနားတက်ရောက်လာသူများမှ အပြန်အလှန်မိတ်ဆက်ခြင်း၊တက်ရောက်လာသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး(လူ/ကယ်/ပြန် Youth Policy Coordinator)မှတာဝန်ရှိသူတစ်ဦးက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

“အခုတက်ရောက်လာတဲ့အသင်းအဖွဲ့တွေရဲ့သဘောထားတွေအချက်အလက်တွေမှုဝါဒတွေအားလုံးကို ရယူထားပြီး နိုဝင်ဘာလထဲလောက် နေပြည်တော်မှာ ကျင်းမမည့် ဖိုရမ်တစ်ခု ပဲခူးတိုင်းကလူငယ်တွေရဲ့ဒီမှုဝဒါကိုတင်ပြမယ်။ဒီလူငယ်မှုဝါဒကိစ္စဒီလိုပွဲတွေကို ပဲခူးတိုင်းတစ်တိုင်းလုံးအထိသွားရောက်ပြီးဒီလိုပွဲတွေလုပ်မယ် လူငယ်တွေရဲ့မှုဝါဒတွေတောင်းခံသွားမှာဖြစ်တယ်။အဓိကရည်ရွယ်ချက်က လူငယ်တွေရဲ့ သဘောထားအမြင်နဲ့ပညာရေးနဲ့ကျန်းမာရေးကိစ္စမှုဝါဒတွေအခန်းကဏ္ဍတစ်ခုအနေနဲ့အများဆုံးပါဝင်ပါတယ်။အခြေခံပညာရေးကနေအဆင့်မြင့်ပညာရေးဖြစ်ဖို့မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ရေးရာ မှုဝါဒမှာတင်ပြသွားဖို့အထိရည်ရွယ်ထားတာတွေအများကြီးရှိနေပါတယ်။ဒီဖိုရမ်တွေလုပ်ဆောင်တဲ့နေရာမှာ သက်ဆိုင်ရာ ဌာနတွေနဲ့ အခြားဌာနဆိုင်ရာတွေနဲ့ပွဲကျင်းပရေးအတွက်တိုင်ပင်ညှိနိုင်းရတဲ့ကိစ္စတွေနဲ့ဆွေးနွေးရတဲ့နေရာမှာ အခက်ခဲတွေတော့ရှိနေပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီး လူငယ်ကွန်ယက်အဖွဲ့မှ လူငယ်ရေးရာသဘောထားညှိနိုင်းရေမှူး ကိုအောင်ကိုကို မှပြောသည်။

အဆိုပါအခမ်းအနားတွင် National Youth Policy အကြောင်းရှင်းအား သက်ဆိုင်ရာလူငယ်တစ်ဦးမှ လင်းပြောကြားခဲ့ကြောင်းသိရပြီး မေးခွန်းများဖြေကြားခြင်း၊အကြံညာဏ်များရယူခြင်း၊သဘောထားအမြင်များကောက်ခံခြင်းတို့အားတက်ရောက်လာသည့် အဖွဲ့အစည်းအစည်းပေါင်းစုံထံမှ အပြန်အလှန်ဆွေးနွေးမှုများကိုထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဒီအခမ်းအနားကိုလူငယ်တစ်ယောက်အနေနဲ့တက်ရောက်ရတဲ့အတွက် အစိုးရနဲ့NGOအဖွဲ့အစည်းတွေချိတ်ဆက်ပြီးလုပ်ဆောင်နေတဲ့အပိုင်းတွေကိုသိခွင့်ရတယ်။လူငယ်တွေကို ကိုယ်စားပြုတဲ့အဖွဲ့တွေကိုရော အစိုးရအနေနဲ့ဘယ်လိုအခွင့်အလှမ်းတွေပေးနေလည်းဆိုတာနဲ့ ကျွန်တော်တို့မသိတာတွေ နားမလည်တာတွေကို ဒီပွဲမှာ သိခွင့်နားလည်ခွင့်ရခဲ့တယ်။ကျွန်တော်တို့လို ကျောင်းသားလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကျောင်းသား သမဂအနေနဲ့ရော တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေအတွက်ဒီပွဲဟာအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်။”ဟု ပြည်တက္ကသိုလ်ကျောင်းသားသမဂ ဥက္ကဌ ကိုမြတ်မင်းထက် ကပြောသည်။

အဆိုပါအခမ်းအနားသို့ မဟာလူမှုကူညီရေးအသင်း၊ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂအဖွဲ့၊PUSU၊HRDP၊ချင်းလူငယ်အဖွဲ့(ပေါက်ခေါင်းမြို့)၊CPRCG၊NLD(pyay)၊အားမာန်ပရဟိတအဖွဲ့၊ဂရုဏာလက်များကွန်ယက်၊အရှိုချင်းအမျိုးသားပါတီ၊ခေတ္တရာစွယ်တော်ဦးအဖွဲ့၊APN-YGOအဖွဲ့၊အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊USDP၊ဘ၀ရှေ့သစ်သို့အဖွဲ့ နှင့်အခြားအသင်းအဖွဲ့များမှ စုစုပေါင်းလူအင်အား (၅၀)ကျော်တက်ရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းအခမ်းအနားကို ထိုနေ့ နေ့လည်(၁၂း၃၀)အချိန်ခန့်တွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

အကြောင်းအမျိုးမျိုးကြောင့်နောက်ဆက်တွဲသတင်းများတင်ပြမှုနောက်ကျခဲ့၍လေးစားစွာတောင်းပန်အပ်ပါသည်။

ကျော်ဝင်းခိုင်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page