Monday, July 7, 2014

ပြည်သတင်းမှတဆင့် အလှုရှင်များအား အသိပေးနှိုးဆော်ခြင်း

Leave a Comment

ပြည်သတင်းမှတဆင့် အလှုရှင်များအား အသိပေးနှိုးဆော်ခြင်း
************************************************************************

ယခုလာမည့် ၀ါဆိုလပြည့်နေ့(၁၁.၇.၂၀၁၄ သောကြာနေ့)(နေလည့်၂နာရီမှ ၅နာရီအထိ)တွင် ပြည်မြို့ ဘုရင်နောင်လမ်းမကြီး (မြို့ရှောင်လမ်း ) (နီလာရိုးမစက်သုံးဆီအရောင်းဆိုင်အနီး)မရှိခဏကျောင်းတိုက်တွင် တတိယအကြိမ်မြောက်ကျင်းပမည့်“မရှိခဏဆေးဘက်ဝင် ဆေးအလှူတော်အား” မရှိခဏဆရာတော်နှင့်စေတနာရှင် ပရဟိတလူငယ်များဖွဲ့စည်းထားသော မရှိခဏဆေးဖောင်ဒေးရှင်းGROUP တို့မှ လှူဒါန်းသွားမည်ဖြစ်ပါသည်။ “မရှိခဏဆေးဘက်ဝင်အလှူတော်”ဆိုသည်မှာ ပြည်တောင်တန်းတောရ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် ၊သံဃာတော်များအား ဆေးလှူခြင်း ဆေးကုသမှုပေးခြင်းများကို ပြုလုပ်ပေးခြင်းတို့ဖြစ်ပါသည်။ ထို့ကြောင့် စေတနာရှင်များအနေဖြင့် ဆေးဝါးလှူဒါန်းခြင်း၊ အလှူငွေလှူဒါန်းခြင်း ၊လုပ်အားဒါနများကို လာရောက်လှူဒါန်းနိုင်ရန် ပြည်သတင်းမှတဆင့် အသိပေးနှိုးဆော်ပါသည်။ အဆိုပါအလှူတော်အား နောင်နှစ်များတွင်လည်း နှစ်စဉ်ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် ဆေးပဒေသာပင်ပြုလုပ်ထားပြီး အလှူတော်ငွေများကို ဘဏ်တွင်အပ်နှံထားမည်ဖြစ်ပါသည်။ ထို့ကြောင့် စေတနာရှင်များအနေဖြင့် ယခုအကြိမ်ပြုလုပ်မည့် အလှူတော်အား လူကိုယ်တိုင်လာရောက်လှူဒါန်းနိုင်သလို အောက်ပါဖုန်းနံပါတ်များကိုလည်းဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ဆေးအလှူတော်ပြုလုပ်မည့်နေ့တွင်လည်း စေတနာရှင်များအနေဖြင့် လုပ်အားဒါနများကိုလည်း မိမိကိုယ်တိုင်ပူးပေါင်းပါဝင် လုပ်ဆောင်ခြင်းအားဖြင့်လည်း ကုသိုလ်ယူနိုင်ရန် ပြည်သတင်းမှတဆင့် အသိပေးနှိုးဆော်အပ်ပါသည်။ ဆက်သွယ်လှူဒါန်းနိုင်သည့် ဖုန်းနံပါတ်များမှာ -မရှိခဏဆရာတော် ၀၉၅၃၁၂၄၀၈၊၀၉၂၅၀၁၄၃၇၆၉ -ကိုထင်လင်းဦး ၀၉၄၃၀၀၆၁၃၄ -ကိုဝင်းဇော်လတ် ၀၉၅၃၁၂၄၆၁ -ဒေါ်ပညာသိင်္ဂီ၀၉၄၂၃၆၅၇၅၃၃ -မမီးမီး ၀၉၃၁၆၀၅၆၂၈

 ပြည်သတင်းလူငယ် (ပြည်သတင်း)


0 comments:

Post a Comment

Facebook Like Page