Wednesday, April 30, 2014

ရေအလှူဒါနပြုလုပ် လှူဒါန်းမည်

Leave a Comment
ဝမ်းရေးအတွက် ပူပြင်းလှတဲ့နေပူပြင်ကြီးထဲတွင် မိသားစုအတွက်လှုပ်ရှားရုန်းကန်နေကြရတဲ့ ကာယလုပ်သားများ သက်ကြီးရွယ်အိုများ ကလေးသူငယ်များ
အလွှာစုံဘ၀စုံမှ ရုန်းကန်လှုပ်ရှားနေကြရသူများအတွက် ကျနော်တို့ရဲ့အေးမြတဲ့ရေတစ်ခွက်ဖြင့် သူတို့ရဲ့ဘ၀အမောတွေကိုပြေပျောက်နိုင်စေဖို့ တစ်ဖက်တစ်လမ်းမှ တက်နိုင်သလောက်လေးဖြင့်စုပေါင်း၍ မနက်ဖြန် မေလ(၁)ရက်နေ့တွင် နေ့လည် (၁)နာရီအချိန်မှစ၍
ပန့်သကူရေအလှူဒါနပြုလုပ်လှူဒါန်းမှာဖြစ်ပါတယ် ...

ကျနော်တို့နှင့်အတူ လူအင်အားသော်လည်းကောင်း ငွေအင်အားသော်လည်းကောင်း မည်သူမဆိုပူးပေါင်းပါဝင်ပြီး ပူပြင်းလှတဲ့နေပူပြင်ကြီးထဲမှာ အလွှာစုံမှဘ၀စုံအတွက်လှုပ်ရှားရုန်းကန်နေကြရသူများရဲ့ ဘ၀အမောတွေပြေပျောက်နိုင်စေဖို့အတွက် ကျနော်တို့တတွေနဲ့အတူပူးပေါင်းပြီး ရေလှူကြဖို့ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်ရန် - ကျော်ဇေယျ - 09 42370 5586

0 comments:

Post a Comment

Facebook Like Page