Tuesday, April 29, 2014
ပြည်မြို့နယ်တွင်(၁၀)နှစ်ကျော်ပျောက်ကွယ်နေသော မေလ(၈)ရက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားပြန်လည်ကျင်းပမည်
Leave a Comment
ပြည်မြို့နယ်တွင်(၁၀)နှစ်ကျော်ပျောက်ကွယ်နေသော မေလ(၈)ရက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားပြန်လည်ကျင်းပမည်
******************************************
မေလ(၈)ရက်ဆိုတာ ကမ္ဘာ့နိုင်ငံများကပင် လေးစားဂုဏ်ပြုရတဲ့ ဆွပ်ဇာလန်နိုင်ငံသား ဂျိမ်းဟင်နရီဒူးနံ့(စ်)ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုဂုဏ်ပြုတဲ့နေ့ပါ ဒီပုဂ္ဂိုလ်ကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးကဘာလို့ဂုဏ်ပြုကြသလည်းဆိုတော့ စစ်ဘေးစစ်ဒဏ်နဲ့သဘာဝဘေးအန္တရယ်ကြရောက်နေသူတွေကို ရန်သူမိတ်ဆွေ လူမျိုးဘာသာ ဆင်းရဲချမ်းသာမခွဲခြားပဲ အဖြူစင်ဆုံးစိတ်ထား အမြင့်မြတ်ဆုံးမေတ္တာတွေနဲ့ကူညီပေးပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှလူသားတိုင်းလူသားချင်းစာနာထောက်ထားတဲ့စိတ်ဓါတ်လေးကိန်းအောင်းလာအောင်ဖြူစင်တဲ့ ကြက်ခြေနီစိတ်ဓါတ်လေးတွေပေါက်ဖွားပေါ်ပေါက်လာအောင် သန့်စင်မွန်မြတ်တဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာပေါ်ထွန်းလာအောင်မွေးဖွားပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ မြန်မာနိုင်ငံအပါအ၀င်ကမ္ဘာ့နိုင်ငံအသီးသီးက ဟင်နရီဒူးနံ့(စ်) ရဲ့ မွေးနေ့ဖြစ်တဲ့ ၁၈၂၈ မေလ(၈)ရက်နေ့ကို ကမ္ဘာ့ ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ပြီး မေလ(၈)ရက်နေ့ရောက်တိုင်း ကြက်ခြေနီ ဖခင်ကြီး ဟင်နရီဒူးနံ့(စ်)ကိုထုတ်ဖော်ဂုဏ်ပြုတဲ့ပွဲဖြစ်ပါတယ် ကြက်ခြေနီဆိုတာ ရဲရင့်ဖြူစင်ပြီး မွန်မြတ်တဲ့လူမှု ကရုဏာလုပ်ငန်းဖြစ်လို့ ကမ္ဘာ့နိုင်ငံအသီးသီးကလက်ခံခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းဂုဏ်ပြုကြတဲ့ မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ကို ပဲခူးတိုင်ူးဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်နိုင်ခဲ့တာ (၁၀)နှစ်ကျော်အချိန်ကြာခဲ့ပါပြီ အကြောင်းအမျိုးမျိုးကြောင့်မကျင်းပနိုင်ခဲ့သော ကမ္ဘာ့ကြက်ခြေနီနေ့ဂုဏ်ပြုပွဲကြီးကို ပြည်မြို့နယ်ရှိတာဝန်ရှိလူကြီးမင်းများ၏ လမ်းညွှန်မှုနှင့်အတူတူ ပြည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် လူငယ်/မောင်မယ် တို့မှ ၂၀၁၄ ခုနှစ် မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စွမ်းစွမ်းတမံဆောင်ရွက်နေကြပါတယ် သို့ပါသောကြော င့် ရဲဘော်ဟောင်းများ ရဲဘော်အသစ်များအားကြိုဆိုလျှက်ရှိပါကြောင်း ပြည်သတင်းမှတဆင့် တင်ပြအပ်ပါတယ်ခင်ဗျာ..
                                                               တပ်ခွဲမှုး(ခေတ္တရာ)
                                                               ph; 09423741300
ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment
Facebook Like Page