Thursday, April 24, 2014

မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တို့ကို နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာ ဌာန များသို့ တိုင်ကြားသွားမည်

Leave a Comment

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့တွင် ယနေ့ 25.4.2014 ရက်နေ့ မနက်(83း0)မိနစ်အချိန်ခန့်တွင် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှ စတင်ပြီး  ဒေသခံ မီဒီယာများ နှင့် အခြားမကွေးတိုင်းနှင့် နယ်သတင်းထောက်ပေါင်း(၂၀)ခန့် မှစဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် အဆိုပါဆန္ဒထုတ်ဖော်ရခြင်းအကြောင်းမှာ ပြည်မြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံး နှင့် မြို့နယ်တရားရုံးများတွင် သတင်းယူမှုအနှောင့်အယှက်များကြုံတွေ့နေရသောကြောင့် ယခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ပြည်သတင်း(အွန်လိုင်း) မှကိုကျော်ဝင်းခိုင်း(ခ)ပြည်သတင်းလူငယ်မှ ပြောကြားခဲ့သည်။

ထို့နောက် သူရိယနေ၀န်းသတင်းထောက် ကိုသန့်ဇင်(ခ)ပိုက်တင် မှ DVB သတင်းထောက် ကိုဇော်သက်ထွေး နှင့် အခြားဖမ်းစီးထောင်ချထားခံရတဲ့ သတင်းတွေကို ချွင်းချက်မရှိ ချက်ခြင်းအမြန်ဆုံးပြန်လွှတ်ပေးရန် နဲ့ အများပြည်သူပိုင် ဌာနဆိုင်ရာ ရုံးအဆောက်အဦးများတွင် သတင်းလွတ်လပ်စွာရယူနိုင်ရေးတို့အတွက်ပါပှုးပေါင်းဆန္ဒထုတ်ဖော်နေတာပါ နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော်တွေက ဒီသတင်းလွတ်လပ်စွာယူနိုင်ရေး ဥပဒေကို သမ္မတကြီးကိုယ်တိုင်ထုတ်ပြန်ထားတာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွေနဲ့ တရားရုံးတွေကဒီဥပဒေကို မလေးမစားမလိုက်နာပဲ သတင်းလာယူတဲ့ သတင်းထောက်တွေကို ရန်မရှိရန်ရာ မခြေမငံဆက်ဆံမှုတွေအပြင် သတင်းထိန်ချန်မှုတွေနဲ့ သတင်းမပေးမှုတွေအရမ်းများလာနေလို့ ယခုလိုဆန္ဒထုတ်ဖော်ရတာပါဟု ပြည်သတင်း ကိုပြောကြားသွားခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုမှာ ဒေသခံသတင်းထောက်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အခြားနယ်မှသတင်းထောက်များအပြင် စိတ်ပါဝင်စားသူပြည်သူ အင်အား(၁၀၀)ကျော်ဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြပါတယ် ဆန္ဒထုတ်ဖော်ရာနေရာများကတော့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှ ပြည်ရွှေဆံတော် နာရီစင်ကြီးအနီး မှ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ မှ ခရိုင်တရားရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ပြီး မနက် (၁၀း၀၀)ခန့်အချိန်တွင် ဆန္ဒထုတ်ဖော်မှုပြီးမြောက်သွားကြောင်းသတင်းရရှိခဲ့ပါသည်။  သတင်းထောက်များ ဖမ်းဆီးခံရမှုနှင့် အစိုးရရုံး ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းရရှိရေးအတွက် ပဲခူးတိုင်း ပြည်မြို့မှ သတင်းထောက်များ စုပေါင်းပြီး တရားဝင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းခံရာ ခွင့်မပြုကြောင်း သိရသည်။ ဧပြီလ ၁၉ ရက်က ပြည်မြို့နယ် ရဲစခန်းတွင် တရားဝင် ဆန္ဒပြခွင့် ရရှိရန် လျှောက်ထားမှုကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုနိုင်ကြောင်း ငြင်းပယ်သည့် အကြောင်းကြားစာကို ဧပြီ ၂၂ ရက်က ပြန်လည်ပေးပို့ခဲ့ကြောင်း မြို့ခံ သတင်းထောက် ကိုရေခဲက ပြော သည်။ ယင်း မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တို့ကို နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာ ဌာန များသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။  ကျွန်တော်တို့သတင်းထောက်တွေမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ သတင်းသွားယူတယ် ခွေးမောင်းသလိုမောင်းထုတ်ခံရတယ် တစ်ခါနှစ်ခါမကတော့ဘူး  ဒါတွေက ပြည်သူပိုင်အဆောက်အဦးမဟုတ်ဘူးလား သတင်းထောက်ဆိုတာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေပါပဲ ဟု ဒေသခံသတင်းထောက် ကိုရေခဲမှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည် ဟုသတင်းရရှိခဲ့ပါသည်။.....

ပြည်သတင်းလူငယ်( ပြည်သတင်း )





0 comments:

Post a Comment

Facebook Like Page